မြန်မာ့ပြည်တွင်းစစ်အခြေအနေ (ကလစ်ပါ)

ရဲဘက်စခန်းက အကျဉ်းသားတွေ လွတ်မြောက်

ရှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့နယ် ထဲအတွင်းရှိ ရွှေပြည်သစ် ရဲဘက် အကျဉ်း စခန်းကို ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်က ဝင်ရောက် စီးနင်းပြီး အကျဉ်းသား ၅၅ ယောက်ကို လွှတ်ပေးခဲ့ ပါ တယ်။
 ကေအိုင်အေ စီးနင်းခဲ့ရာ ရဲဘက်စခန်းပြ မြေပုံ

လွတ်သွားသူတွေထဲမှာ တပ်ပြေး ၁၆ ယောက်၊ ကေအိုင်အေ နှစ်ယောက်နဲ့ ပြစ်မှု ကျူးလွန်သူ တွေ ပါဝင်တယ်လို့ ကေအိုင်အို ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်က ပြောပါတယ်။
ဗုဒ္ဒဟူးနေ့ မနက်ပိုင်းက အကျဉ်း စခန်းနားကို ကေအိုင်အေ စစ်သားတွေ ဖြတ်အသွား အကျဉ်း စခန်းထဲကနေ လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် နေ့လယ် ၂ နာရီ လောက်မှာ ကေအိုင်အေ တပ်သား ဆယ်ယောက်ကျော်က အဲဒီ စခန်းကို ပြန်သွား ပြီး အကျဉ်းသား စခန်းကို ဖွင့်ပေးခဲ့တယ်လို့ ဦးလနန်က ဘီဘီစီကို ပြောပါတယ်။
ကေအိုင်အေ တပ်သားတွေ ရောက်လာတဲ့ အခါ စခန်းတာဝန်ခံ ရဲတွေနဲ့ ပြည်သူ့စစ်တွေ ထွက်ပြေးသွားခဲ့တဲ့ အတွက် ပစ်ခတ်မှု တစုံတရာ မရှိဘဲ ရဲဘက် စခန်းကို ဝင်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချ ခဲ့တဲ့ စခန်းမှုး အပါအဝင် အဖွဲ့ဝင် ၈ ယောက်ကို လောလောဆယ် ကေအိုင်အေက ထိန်းသိမ်း ထားပြီး မကြာခင် လွှတ်ပေးမယ်လို့ လည်း ပြောပါတယ်။

No comments: