မြန်မာ့ပြည်တွင်းစစ်အခြေအနေ (ကလစ်ပါ)

KNU နဲ့ DKBA တပျဖှဲ့တှအေတိုကျခံရ

အစိုးရ စစ်တပ်နဲ့ ဘီဂျီအက်ဖ် ကရင်နယ်ခြားစောင့် တပ်တွေပူးပေါင်းပြီးတော့ မြဝတီမြို့ မြောက်ဖက်က ဒီကေဘီအေနဲ့ ကေအင်ယူတပ်တွေ အခြေစိုက်တဲ့ နေရာကိုဒီနေ့မနက်ကစပြီး စစ်ဆင်တိုက်ခိုက်နေပါတယ်။
အစိုးရစစ်တပ်က ခမရ ၃၅၇ နဲ့ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ် ၁၀၁၇ တပ်တွေဟာ မြဝတီမြို့နဲ့ ရွှေကုက္ကိုရ်ရွာကြားမှာအခြေစိုက်တဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၇ နဲ့ကေအင်ယူ တပ်ရင်း ၁၀၁တို့ ကအဝေးပစ် မော်တာတွေ မောင်းပြန် သေနတ်တွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက် ခဲ့တာကို ထိုင်းနယ်စပ် လုံခြုံရေး တာဝန်ရှိ သူတွေက ပြောပါတယ်။
မွန်းလွဲပိုင်း အထိသေနတ်သံတွေကို ကြိုကြား၊ကြိုးကြားဆက်ပြီး ကြားနေရတုံးပဲလို့ မဲဆောက်ကို စျေးဝယ်လာတဲ့ ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲရဲ့နှစ်ဖက် ထိခိုက်သေကြေတာတွေကိုတော့ အခုအချိန်အထိအတိအကျ မသိရသေးပါဘူး။
အစိုးရနဲ့ဘီဂျီအက်ဖ် ကရင် နယ်ခြားစောင့်တပ်တွေဟာ ကရင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို စစ်ဆင်တိုက်ခိုက်ဖို့ အတွက် ပြီးခဲ့တဲ့နှစ်လ လောက်ကထဲက စီစဉ်ခဲ့တာဖြစ်ကြောင်း အခု မြဝတီမြို့ မြောက်ဖက်အခြမ်းကို စစ်ဆင်ရေးစလုပ်တာ ဖြစ်တယ်လို့ဒီကေဘီအေ ဗိုလ်မှူးစောဆန်း အောင်က ပြောပါတယ်။
ကရင်ပြည်နယ်ထဲမှာ နေ့စဉ်လိုလို တိုက်ပွဲငယ်တွေဖြစ်နေပေမဲ့ အစိုးရနဲ့ ဘီဂျီအက်ဖ် ကရင်နယ်ခြား စောင့်တပ်တွေက ဒီကေဘီအေနဲ့ ကေအင်ယူကို ထိုးစစ်ဆင်တဲ့ ဒီနေ့ဟာ ကမ္ဘာ့ငြိမ်းချမ်းနေ့ ဖြစ်နေပါ တယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ တရက်တာ အပစ်အခတ်ရပ်စဲဖို့ အတွက် ကေအင်ယူက မြန်မာနိုင်ငံကအစိုးရကို တောင်းဆိုထားပေမဲ့ အစိုးရကတော့ ဒီနေ့မှာပဲ ၊ပြင်းထန်တဲ့ ၊ထိုးစစ်ကြီးနဲ့အကြောင်း ပြန်ခဲ့တယ်လို့နယ်စပ်က အကဲခတ်တွေက ပြောပါတယ်။

No comments: