မြို့သစ် ဆက်သွယ်ရေး မျှော်စင်ရုံးကို KIA ၀င်သိမ်းထား
- Category: သတင်း
 - Published on Monday, 26 September 2011 09:27
 - Written by KNG
 
ကချင်ပြည်နယ်  ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော  ဆက်သွယ်ရေးမျှော်စင်ရုံး အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က စက်တင်ဘာ  ၂၅ ရက် ညနေပိုင်းမှ ၀င်သိမ်းထားဆဲ ဖြစ်သည်။ထိုသို့ဝင်စီးရာတွင် တိုက်ခိုက်မှုမရှိဘဲ KIA လာရောက်သိမ်းပိုက်ချိန်တွင် အစောင့် ရဲတပ်သား ၅ ယောက်သာ ရှိသည်ဟု သိရသည်။
KIA တို့သိမ်းပိုက်လိုက်ပြီးနောက် မြန်မာအစိုးရတပ်များ ထိုဒေသအနီးတ၀ိုက်တွင် နေရာယူလာကြောင်း ဒေသခံများပြောသည်။
No comments:
Post a Comment