""လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံး ထောင်ထားသလို လုပ်ထားတာ"ကချင်ခေါင်းဆောင် ပြောပြသည့်  မြစ်ဆုံရေကာတာ စီမံကိန်း အကြောင်း 
စက်တင်ဘာ ၁၇၊ ၂၀၁၁ 
သမ္မတအကြံပေးအရာရှိတဦးဖြစ်သူ ဦးမြင့်က စာနယ်ဇင်းဌာန တချို့ကို စက်တင်ဘာ ၁၆ တွင် ပေးပို့သည်။ 
 ၂ဝ၁ဝ ဇူလိုင် ၂၂ နံနက်ပိုင်းက  မြစ်ကြီးနားမြို့တွင် တွေ့ရသည့် ဦးမြင့်၊  ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်  
  
ဟိုဝါးဒူဝါဇော်ဂမ်သည် ပင်လုံစာချုပ်အတွက် ဦးဆောင်ခဲ့သူ ကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား ဖြစ်သည်။  
၁၉၈၇   တုန်းက အလုပ်လုပ်နေတုန်း ညဖက်မှာ အသံတွေ ကြားတော့ ဘာမှန်းလဲမသိ၊ ထွက်   ပြေးမယ် လုပ်ပြီး အပြင်ကို ကြည့်လိုက်တော့မှ ရေတွေနဲ့အတူတူ ညောင်ပင်ကြီးတွေ   သစ်ပင်ကြီးတွေ မျောပါလာတာ တွေ့ရတယ်။ နားလုံလယ် တပြင်လုံးလည်း ၊  သဲကန္တာရလို  သဲတွေ ဖုံးကျန်ခဲ့ပြီးတော့ တော်တော်နဲ့ပြန်ပြီး  စိုက်ပျိုးစားလို့  မရတော့ဘူး။  ဗန်းမော် ၊  စိန်လုံဘက်မှာလည်း  တောင်ကြီးတွေ မြေပြိုကျပြီး  ရေတွေ သစ်ပင်တွေ မျှောပါလာတာ ကြုံတွေ့ဖူးတယ်။ 
“မော်ရို”  ဆိုတာ  ကချင်စကား။  တောင်တွေကွဲပြီး ပြိုကျတာကိုပြောတာ။ ၂ဝဝ၄ ခုနှစ်  ရေကြီး  တုန်းကလည်း “ကျိန်ခရမ်” ရေအားလျှပ်စစ်မှ ခြောက်နေရာတောင်   တောင်ကွဲပြီးပြိုကျတာ ရေတံခွန်လိုပဲ။ ရေလုံးကြီးတွေ တောင်ပေါ်က “ဝုန်း” ခနဲ   ပြိုကျတာ၊ သစ်ပင်ကြီးတွေပါ ပါလာတယ်။ ဘာမှလုပ်ချိန်မရလိုက်ဘူး။  မကြာခင်မှာဘဲ  “တန်ဖရဲ” ချောင်းဘေးနားကအိမ်တွေ အကုန် ရေထဲ မျှောပါသွားပြီ။  ဒါတွေကို 
မြင်ဖူး ကြုံဖူးတော့ ဘဝမှာဒါတွေဟာ မီးမောင်းထိုးပြသလို၊ ကြောက်စိတ်တွေ ဒဏ်ရာတွေ အဖြစ် ကျန်ခဲ့တယ်။ 
 
ညကိုးနာရီကျော်ကျော်မှာ   “ဘူဒိုဇာ” နဲ့ထိုးချလိုက်သလိုပဲ၊ အသံအကျယ်ကြီးတွေ ကြားရပြီး ဟိုဖက်နားက   ကပ်ပြီး ကျော်သွားတယ်။ ငလျှင်လှုပ်သလိုပဲ ခံစားရတယ်။ ကမ္ဘာကြီး ပျက်သွားတဲ့   အတိုင်းပဲ၊ အဲဒီတုန်းက 
မြင်ကွင်းနဲ့ခံစားချက်တွေဟာ ခုထက်ထိ   စိတ်ထဲမှာဒဏ်ရာဖြစ်နေတယ်။  ရေဟာ ခြေသလုံးလောက်ပဲ၊  ဒါပေမယ့် ရပ်လို့   လုံးဝမရဘူး။ ရေစီးက တအားမြန်တယ်။ ရိုးရိုးရေကြီးရင် ပြေးချိန်ရတယ်။   တာတမံကျိုးကျရင် ပြေးချိန်မရဘူး။       
 
"တတိုင်းပြည် လုံး ဒုက္ခရောက်မယ့် ကိစ္စ အားလုံးနဲ့ဆိုင်တယ်"  
ဘဝမှာကြုံဖူးတော့   ဒါတွေကိုတွေးရင်တောင်ကြောက်တယ်။  ဒီတမံကြီး မကျိုးဘူးလို့ ဘယ်သူက   အာမခံနိုင်မှာလဲ? တရုပ်ခေါင်းဆောင်တွေလား? ဗမာခေါင်းဆောင်တွေလား?   နေရာတိုင်း အလုပ်တိုင်းမှာ အကျိုးနဲ့ အပြစ် ဆိုတာ ရှိပါတယ်။ ဆိုးကျိုး၊   ကောင်းကျိုးတွေပေါ့။ ဒီရေ ကာတာလုပ်လို့ ရတဲ့ ကောင်းကျိုးက “လျှပ်စစ်”   ဘယ်သူရမှာလဲ? သူတို့ ယူသွားမှာ၊  ဆိုးကျိုး ဖြစ်လာရင် ဘယ်သူတွေ ခံရမှာလဲ? 
 
ငွေရှိလို့ပြန်လည်ထူထောင်နိုင်တယ်   ဆိုရင်တောင် အိုးအိမ်တွေပဲ ပြန်ဆောက်လို့ရမယ်။  စိတ် မှာဖြစ်သွားတဲ့   စိတ်ဒုက္ခ၊ စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ပြန်ထူထောင်ဖို့ မလွယ်ဘူး။  သူတို့   တိုင်းပြည်မှာ ဒါတွေကြုံပြီး ပြီ၊ သင်ခန်းစာတွေ တပုံကြီးနဲ့၊ စိတ်ဓာတ်ကျ၊   ကြောက်စိတ် ဝင်သွားတဲ့လူတွေရဲ့ ကျဆင်းသွားတဲ့ စိတ်ဓာတ်ခွန်အား၊ လုပ်အား   အားလုံးဟာ တိုင်းပြည်နဲ့ချီပြီး နစ်နာတယ်။  ဆိုတော့ကာ .........   နိုင်ငံတော်က ရမယ့် ဝင်ငွေမှာ ဒီလိုမျိုး လူမှုရေး နစ်နာနိုင်တာတွေကို   ကာဗာဖြစ်ဖို့ ထည့် စဉ်းစားထားသလား? ဘယ်သူက အာမခံနိုင်သလဲ   ဒီလိုမဖြစ်စေရပါဘူး လို့။ ကိုယ့်အတွက် ကောင်းကျိုးက အလွန်နည်းပြီး   ဆိုးကျိုး များနေတဲ့ ကိစ္စကို ဗမာ၊  ရှမ်း၊ ကချင်၊ ကရင်.... အားလုံး   ဝိုင်းကန့်ကွက်ဖို့ လိုတယ်။ 
 
ဒီကနေ ဆီးပြီး ရေကာတာ ပိတ်လိုက်ရင်   တောတောင်တွေထဲက သယ်ဆောင်လာတဲ့ မြေသြဇာတွေအားလုံး ဒီရေကာတာထဲမှာကျန်ခဲ့မယ်။    အောက်ပိုင်းက လူတွေ စိုက်ပျိုးရေး စိုက်စား၊  ပျိုးစား လို့ ကောင်းမှာ   မဟုတ်တော့ဘူး။  ဟိုးအောက်ဆုံးပိုင်းက ဧရာဝတီ ထိပဲ၊ တတိုင်းပြည် လုံး   ဒုက္ခရောက်မယ့် ကိစ္စ အားလုံးနဲ့ဆိုင်တယ်။ 
"လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားတာ"  
တရုတ်စကားပုံရှိတယ်   “သေဖို့မကြောက်ဘူး၊ ငတ်ဖို့(မစားရ)မှာ ကြောက်တယ်။ ” အသက်ရှင် နေစဉ်   ကောင်းကောင်းစား၊ ဝဝစားနေချင်တဲ့စိတ်ဓါတ်၊ နောင်အတွက်မစဉ်းစားဘူး။    ညီအစ်ကို သားအဖ စိတ်တောင် မထားကြဘူး။ တော်တော်ကြောက်ဖို့ကောင်းတယ်။ 
 
ဒီရေကာတာကိစ္စကရည်ရွယ်ချက်နှစ်ခုရှိတယ်ထင်တယ်။   ပထမရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊  ဒုတိယရည်ရွယ်ချက်ကတရုတ်ပြည်က   မြန်မာပြည်ကိုကြိုးကိုင်ဖို့၊  လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို   ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားတာ။  ဒါကြောင့် ကိုယ့်ပြည်သူတွေ   သေမှာကို ကြောက်တဲ့ခေါင်းဆောင်တွေက သူတို့(တရုတ်) ဘာပဲပြောပြော   နားထောင်ရတော့မှာပဲ။  ကိုယ့်ပြည်သူတွေ သန်းချီ သေမယ့်ကိစ္စ ဖြစ်သွားပြီ။   စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။  ဒါကြောင့် တော်တော် ကြောက်တယ်။   ငါတို့အကျိုးက နည်းပြီး သူတို့အကျိုးက များနေတယ်။ 
 
 "အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး လိုမယ်လို့ မထင်ဘူး" 
  
ဒါကြောင့်လည်း  လက်မှတ်ထိုး  အကြုံပြုခဲ့တယ်။  အရင်ဆုံး လက်မှတ်ထိုးခဲ့တယ်။   ခေါ်ခဲ့ရင်လည်း ပြောစရာ  အများကြီး ရှိပါတယ်။  တတိုင်းပြည်လုံးနဲ့  ဆိုင်တဲ့ကိစ္စပါ။  အားလုံး  ဝိုင်းဝန်းတိုင်ပင် စဉ်းစား ဆုံးဖြတ်ကြပါ။   ခရစ်ယာန် သမ္မာကျမ်းစာထဲမှာ  ရေးထားတာရှိတယ်။ “တိုင်ပင်ခြင်းမရှိတဲ့  အလုပ်(စီမံကိန်း)ဟာ ပျက်စီးတတ်တယ်။ ”  များများတိုင်ပင်ရင် အောင်မြင်  နိုင်တယ်။  အားလုံးဝိုင်းဝန်း တိုင်ပင်  ဆွေးနွေးနိုင်မှ  အကျိုးများများရနိုင်တယ်။  ဒါတွေအားလုံး သူတို့ကို  သိစေချင်တယ်။ 
 
သဘာဝဘေးဒဏ်  (ဆည်ကျိုးပေါက်မယ့် ကိစ္စ၊ ရေများလာလို့၊  ငလျှင်လှုပ်လို့......အခြား...)     သဘာဝဘေးဒဏ် ဆိုတာ  မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ 
ကြိုပြီးတားထားလို့မရဘူး။ 
ဖြစ်ရင်လဲတားဆီးလို့မရ။ 
ဘယ်လောက်အတိုင်းအတာထိလဲဆိုတာတွက်ချက်လို့မရ။ 
ဒါကြောင့်မို့လို့   ဒီလုပ်ငန်း(Project) ကို အသက်နဲ့လဲပြီး စီးပွားရှာဖို့ အရေးတကြီး   လိုမယ်လို့ မထင်ဘူး။  လက်ရှိ တိုင်းပြည်အစိုးရ အနေနဲ့အဖက်ဖက်မှာ ဖွံ့ဖြိုး   တိုးတက်အောင်လုပ်နေတာ ကောင်းပါတယ်။  ဒါပေမယ့် ဒီရေကာတာကြောင့် နေ့စဉ်   စားမဝင် အိပ်မပျော်ဘဲ အသက်ရှင်နေရတယ်။ | 
No comments:
Post a Comment