“ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း၊ အင်အားမဖြစ်ဘူးဟေ့”

တခါတရံ အားလပ်တဲ့ အချိန်လေးတွေကျရင် သီချင်း လေးတွေ နားထောင်ရင်း ကျွန်မရဲ့ စိတ်အစဉ်လေး တွေကို ဖြန့် ကျက်မိလေ့ ရှိပါတယ်။
ခုတလောမှာတော့ ကရင်နီရဲဘော်တွေ သီဆိုထားတဲ့ “ဆီဖြစ်မယ့် နှမ်းတ စေ့”၊ “ဖောင်ဖျက်စွန့် လွတ်ထွက်ခဲ့”၊ “အချိန်တန်ပြီး” စတဲ့ သီချင်းလေးတွေ၊ အဆိုတော် ဇော်ပိုင်သီဆိုထား တဲ့ “လမ်းဆုံ” သီချင်းလေးနဲ့ အမျိုးသားဒီမိုကရေစီ ပါ တီဝင် ဒီချစ်မျိုး ရေးသားခဲ့တဲ့ ကဗျာလေးကို ဂီတအနု ပညာရှင် ဦးရဲလွင်က သံစဉ်ထည့်ပြီးး သီဆိုထားတဲ့ “ပန်းရဲ့လမ်း” ဆိုတဲ့ သီချင်းလေးတွေကို နားထောင် ဖြစ်ပါတယ်။ ပန်းရဲ့လမ်း သီချင်းထဲမှာ ကျွန်မ အရမ်း ကြိုက်တဲ့ စာသားလေး တခုပါပါတယ်။ “ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း၊ အင်အားမဖြစ်ဘူးဟေ့” ဆိုတဲ့ စာသား လေးပါ။
ဒီစာသားလေးကို ကြားမိတဲ့ အခါတိုင်း ကျွန်မရဲ့ အတွေးလေးတွေက အကြောင်းအရာများစွာကို သတိရမိသွားတတ်ပါ တယ်။ ဒီအထဲမှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဘုန်းကြီးပျံ ပွဲ ခရီးစဉ်လေး တခုလဲ ပါပါတယ်။ အဲဒီတုန်းက ကျွန်မက မန္တလေးမှာ ပညာသွားသင်နေတဲ့ အချိန်ပါ။ ဒါပေမယ့် ကျောင်းမပိတ်ရင်တောင် ကျောင်းလစ်ပြီးး တလတခါလောက် တောင်ကြီးကို ပြန်လေ့ရှိပါတယ်။ ဘာကြောင့်ရယ်လဲ မဟုတ်။ တောင်ကြီး- မန္တလေး ခရီးစဉ်လေးကို ကျွန်မ အတော်ပဲ စွဲစွဲလန်းလန်း ရှိပါတယ်။ အထူးသဖြင့် ရွာငံလမ်းလို့ ကျွန်မတို့ ခေါ်ကြတဲ့ တောင်ကြီး- အောင်ပန်း- ရွာငံ-ဟန်မြင့်မိုရ်- မန္တလေးလမ်းလေးကိုပါ။ ရွာငံကနေ မန္တလေးဘက် အထွက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားတဆူကို သွားဖူးရတာ၊ စိုက်ပျိုး ရေးခြံတွေကို လိုက်ကြည့်ရတာ၊ ကားလမ်းပေါ်ကနေ လှမ်းမြင်ရတဲ့ မြစ်ရေပြင်ကြီးကို ငေးမောရတာတွေကို ကျွန်မ နှစ် သက်ပါတယ်။ ဒီဒေသထဲရောက်ရင် ကျွန်မ စိတ်တွေ လန်းဆန်းသွားတာပဲ။ ဒါကြောင့်လဲ ဒီဒေသကို ဖြတ်ပြီးတောင်ကြီးကို ခဏခဏပြန်ဖြစ်ခဲ့ပါတယ်။
တောင်ကြီးကို ပြန်ဖြစ်ရင်း တခါတလေ မြို့အနီးတ၀ိုက်က ရွာလေးတွေကို အလည်သွားဖြစ်ပါတယ်။ ဒီလိုနဲ့ အိမ်အပြန် ခရီး တခေါက်မှာတော့ သူငယ်ချင်းတွေက ဘုန်းကြီးပျံပွဲတခုကို သွားကြဖို့ အဖော်စပ်တာကြောင့် သွားဖို့စီစဉ်ဖြစ်ကြပါ တော့တယ်။ အဲဒီမှာတင် ဘယ်လိုသွားမှာလဲဆိုတဲ့ ပြဿနာက စတက်လာပါတယ်။ ဘုန်းကြီးပျံပွဲက ကျွန်မတို့ မြို့နဲ့ အ တန်ငယ် ဝေးပါတယ်။ တောင်တွေကိုဖြတ်ပြီး တောလမ်းကသွားရင် ငါးနာရီကျော်ကြာနိုင်ပါတယ်။ ဂျစ်ကားနဲ့ သွားမယ် ဆိုရင်တော့ နာရီအနည်းငယ်အတွင်းမှာ ရောက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ကားနဲ့ သွားမယ့်သူနဲ့ လမ်းလျှောက်သွားမယ့် သူ တွေ နှစ်အုပ်စု ကွဲပါလေရော။ ကျွန်မကတော့ တောတောင်တွေ၊ မြစ်ချောင်းတွေကို နှစ်သက်လွန်းလို့ အချိန်အားရတာနဲ့ နီးစပ်ရာ တောလမ်းထဲ လမ်းလျှောက်ထွက် သွားလေ့ရှိသူဆိုတော့ ထုံးစံအတိုင်း တောလမ်းခရီးအုပ်စုထဲ ရောက်သွားပါ တော့တယ်။
ဒီလိုနဲ့ နံနက် ခြောက်နာရီ လူစုပြီးး၊ မွန်းမတည့်ခင် ရောက်အောင် ခရီးစနှင်ကြပါတယ်။ ကနဦးအစမှာတော့ အားလုံး ပျော်ပျော်ပါးပါးပါပဲ။ နှစ်နာရီ၊ သုံးနာရီလောက်ရောက်တော့ တချို့က စပြီးး ငြီးငြူလာကြပါတယ်။ တောလမ်းခရီးကို ရွေးမိ တာ မှားပြီးတဲ့။ ဂျစ်ကားနဲ့သာ လိုက်သွားမိရင် ခုချိန်ဆို ရောက်လောက်ပြီးလို့ ဆိုကြပါတယ်။ ခရီးကလဲ ကြမ်းသထက် ကြမ်းလာပါတယ်။ လမ်းပြပေးတဲ့ ပအိုဝ့်အမျိုးသားလူငယ်လေးကိုလဲ လမ်းမှန်ရဲ့လားလို့ လိုက်မေးကြပါတယ်။ တ ယောက်နဲ့တယောက်လဲ အပြစ်မြင်လာကြပါတယ်။ စထွက်စတုန်းက လမ်းချော်တတ်တဲ့ နေရာလေးတွေဆို တယောက် နဲ့ တယောက် လမ်းကမ်းပြီး ဖေးကူပေးကြပါတယ်။ အဲဒီစိတ်လေးတွေကလဲ တစတစ ပျောက်သွားသလိုပဲ။ တချို့ဆို နောက်လူတောင် မကြည့်တော့ပဲ တောင်အတက်လမ်းတွေမှာ ကိုယ့်ဘာသာကိုယ် တက်သွားတာတွေတောင် ရှိလာပါ တယ်။
အဲလိုနဲ့ လျှောက်လာလိုက်ကြတာ လေးနာရီကျော်လောက်အကြာမှာ ကံကောင်းချင်တော့ ရွာလေးတရွာကို ရောက်ပါ တယ်။ ဘုန်းကြီးပျံပွဲသွားမယ့် ခရီးသည်တင် ဂျစ်ကားတချို့လဲ အဲဒီမှာ ရှိနေပါတယ်။ အဲဒါနဲ့ ထွက်လာတဲ့ လူဆယ် ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပါတယ်။ ကားကြုံလိုက်ချင်သူတွေရှိရင် ဒီရွာက လမ်းဆုံပဲ မဟုတ်လား။ လေး ယောက်က ကားကြုံဆက်လိုက်သွားပါတယ်။ ကျန်တဲ့ ကျွန်မတို့ ငါးယောက်နဲ့ လမ်းပြကောင်လေးကတော့ ခရီးဆက် ထွက်ခဲ့ကြပါတယ်။ ဘုန်းကြီးပျံပွဲရောက်တော့ မွန်းတည့်ပြီးးနေပါပြီး။ ဆာလောင်နေကြပြီးမို့ ဝေနေတဲ့ ထမင်းထုပ်လေး တွေကို တန်းစီပြီး အမြန်ပြေးယူရပါတယ်။ ပြီးးတော့မှ နေအရမ်းမပူမယ့် တနေရာကို ရှာပြီးး မောမောနဲ့ ထိုင်စားမိကြပါ တယ်။ ကျောပိုးအိတ်ထဲ ထည့်သယ်လာကြတဲ့ ငါးခြောက်ကြော်၊ ပဲပုတ်ထောင်းကြော်လေးတွေကို ဝေမျှစားဖြစ်ကြပါ တယ်။ အဲဒီအချိန်မှာ ကျွန်မ သတိထားမိသွားတာတခုက ခရီးစထွက်လာကြတဲ့ သူငယ်ချင်းကိုးယောက်လုံး ထမင်းလက် ဆုံ မစားဖြစ်ကြတော့ပေမယ့် အဲဒီနေ့နံနက်ကမှ တွေ့ရတဲ့ လမ်းပြကောင်လေးနဲ့တော့ လက်ရေတပြင်တည်း ထမင်းစား ဖြစ်နေတာကိုပါ။
လူ့ ဘ၀ခရီးလမ်းကို လျှောက်ကြတာမှာလဲ ဒီလိုပဲ ကြုံရဦးမယ်လို့ ဒီတုန်းက ကျွန်မတွေးလိုက်မိပါတယ်။ ပန်းတိုင်တူ တိုင်းလဲ သွားကြတဲ့ လမ်းတွေက တူချင်မှ တူကြမှာပါ။ လမ်းလျှောက်ခရီးကို ရွေးပြီးးမှ ခရီးမဆုံးခင် ကားကြုံလိုက်ချင်သူ တွေလဲ ရှိချင်ရှိမှာပါ။ လူတဦးချင်းစီရဲ့ ခံနိုင်ရည်၊ စိတ်ဓာတ်နဲ့ ဇွဲ၊ လုံ့လတွေက မတူကြပါဘူး။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြ ရတဲ့ ဘ၀တွေမို့ လမ်းဆုံမှာ လမ်းခွဲသွားမယ့် သူတွေကို အပြစ်တင်နေတာ၊ မသွားဖို့ တားနေတာတွေက အဓိပ္ပာယ် မရှိ လှပါဘူး။ အရေးကြီးတာက ကိုယ်သွားရမယ့် ပန်းတိုင်အတွက်၊ ကိုယ်နဲ့အတူ ခရီးဆက်မယ့် လူတွေရဲ့ လက်တွေကို ခိုင် ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ဖို့ပါပဲ။
အဲဒီသဘောတရားလေးတွေကို “ဆုပ်ကိုင်မိတဲ့ လက်ဖ၀ါးတိုင်း အင်အားမဖြစ်ဘူးဟေ့” ဆိုတဲ့ စာသားလေးက ပြန်ပြီး အ မှတ်တရ ဖြစ်စေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အင်အားမဖြစ်မယ့် လက်ဖ၀ါးတွေ အများကြီး ထိတွေ့ပြီး လက်ဖ၀ါးချင်း ထိခတ်နေတာထက်စာရင် အင်အားဖြစ်စေမယ့် လက်ဖ၀ါးလေးတွေပဲ မိမိရရ ချိတ်ဆက်လိုက်တာက ပိုပြီးး အကျိုးကျေးဇူးရှိမှာတော့ အမှန်ပါပဲ။
                            
                                                                                                                                                                                                         ခင်မမမျိုး (၂၇၊ ၁၊ ၂၀၁၁)

No comments: