ကချင်နယ်ခြားစောင့်တပ် ရပ်ဖို့ ခက် (ဒီမှာကုတ်)

နဝတ နအဖနဲ့ အစောဆုံး အပစ်အခတ် ရပ်စဲခဲ့တဲ့ NDA (K) ဒီမို ကရေစီသစ် ကချင် ငြိမ်းအဖွဲ့ တဖြစ်လဲ နယ်ခြားစောင့် တပ်ဟာ ဝင်ငွေ ပြတ်ပြီး ဆက်လက် ရပ်တည်ဖို့ ခက်ခဲ နေတယ်လို့ ကချင် ပြည်နယ်ကနေ သတင်းတွေ ရရှိပါတယ်။
ဒီအဖွဲ့ကို စခုန် တိမ့်ယိမ်းက ခေါင်းဆောင်ပြီး အခု အခါမှာ သူကိုယ်တိုင် ကတော့ သားနဲ့အတူ နေပြည်တော်မှာ အမတ် ဖြစ်နေပါတယ်။
အစပိုင်းမှာ NDA-K ရဲ့ ဒေသကို အစိုးရက ကချင် ပြည်နယ် အထူးဒေသ ၁ အဖြစ် သတ်မှတ် ပေးခဲ့ပြီး နောက်ပိုင်းမှာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်း ပေးရာမှာလည်း သူတို့ အဖွဲ့က လျောလျော လျူလျူနဲ့ လက်ခံ လိုက်နာခဲ့တဲ့ အတွက် သူတို့ဟာ ပထမဆုံး နယ်ခြားစောင့်တပ် အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။
ဒါပေမယ့် နယ်ခြားစောင့်တပ် ဖြစ်လာပြီး နောက်ပိုင်း လခ တခါပဲ ရတဲ့ အတွက် ဒေသတွင်းက လူထုနဲ့ စီးပွားရေး လုပ်ငန်းတွေကို အခွန် ကောက်ပြီး ရပ်တည် နေပါတယ်။
နယ်ခြားစောင့် စစ်သားတွေ နေမကောင်းလို့ မြစ်ကြီးနား စစ်ဆေးရုံ ပို့တဲ့အခါမှာလည်း ကောင်းကောင်း ဆက်ဆံ မခံရဘူးလို့ နယ်ခြားစောင့်တပ် အရာရှိ ကိုယ်တိုင်က ဘီဘီစီကို ပြောပြပါတယ်။
စခုန် တိမ့်ယိမ်းတို့ ကိုယ်တိုင်က ဒီစစ်သားတွေ အတွက် ဘာမှ တာဝန်ခံ လုပ်ပေးတာ မရှိဘဲ အရင် NDA-K အဖွဲ့ထဲက ထိပ်သီး တချို့သာ လခ မှန်မှန် ရတယ်လို့ နယ်ခြားစောင့်တပ်က အမည် မဖော်လိုသူ တယောက်က ဘီဘီစီကို ပြောပြခဲ့ပါတယ်။

No comments: