အမေရိကန်အထူးကိုယ်စားလှယ် ရဲ့ခရီး သုံးသပ်ချက်

အေးရှားဆိုဆိုင်ရာတီ သုံးသပ်ချက်

အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စတာ မစ်ချဲလ်က မြန်မာနိုင်ငံမှာ တကယ်တမ်း စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ အမြန်ဆုံး လုပ်ပြဖို့ အစိုးရကို တိုက်တွန်း ပြောသွားပါတယ်။

ဒီတော့ မစ်စ္စတာ မစ်ချဲလ်ရဲ့ ခရီးစဉ်ဟာ အောင်မြင်တဲ့ ခရီးစဉ်လို့ ပြောလို့ရပါသလား လို့ Asia Society အဖွဲ့ Global Policy Programs ရဲ့ လက်ထောက် ဥက္ကဌ Suzanne DiMaggio ကို မေးတော့ မစ္စတာ မစ်ချဲလ်အတွက်တော့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ် ခံခဲ့ရပြီးကတည်းက သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်တဲ့ အတွက် ဒီခရီးစဉ်ဟာ အရေးပါတဲ့ ခရီးစဉ်လို့ ပြောရမှာပါ။
အစပိုင်းမို့ အပြု သဘော ရလာဒ်တွေ ရအုံးမှာ မဟုတ်သလို အချိန်ယူ ဆောင်ရွက် ရအုံးမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မစ္စတာ မစ်ချဲလ် ပြောသွားသလိုပဲ အတော်လေး အပြု သဘာ ဆောင်တဲ့ ခရီးစဉ်လို့ ယူဆ ရင်လည်း ယူဆလို့ရပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးရေး၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ စုံစမ်း ဖေါ်ထုတ်ရေး စတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ခိုင်မာတဲ့ သဘောတူချက် တစုံတရာ မရခဲ့ပေမဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အနည်းဆုံးတော့ ဆွေးနွေး ပြောဆိုနိုင်ခဲ့တယ်လို့ ယူဆလို့ ရတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။
အမေရိကန် အစိုးရ အတွက်ရော ဒီခရီးစဉ်ဟာ ဘယ်လောက် အရေးပါ ပါသလဲဆိုတော့ မစ္စ ဒီမက်ဂျီယို ကအမေရိကန် အစိုးရအတွက်တော့ ဒီခရီးစဉ်ဟာ ရှေ့တိုးဆောင်ရွက်တဲ့ ခြေလှမ်း တရပ်လို့ ဆိုရမှာပါ။ အိုဘားမား အစိုးရဟာ မြန်မာအစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံတဲ့ ပေါ်လစီကို ကျင့်သုံး လာတာ ၃နှစ် ရှိသွားပါပြီ။ တကယ်တမ်း တောင့်တင်း ခိုင်မာတဲ့ ရလာဒ်မျိုး မတွေ့ရသေးပါဘူး။ ပြောရမယ် ဆိုရင် ဒီခရီးစဉ်ဟာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ မစ်ချဲလ်နဲ့ အရေးပါတဲ့ မြန်မာ နိုင်ငံရေး ပုဂ္ဂိုလ်တွေအကြား ပုံမှန် တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေ လုပ်နိုင်ဖို့ ခြေလှမ်း အစလို့ ယူဆရမှာပါ။ အိုဘားမား ချမှတ်ထားတဲ့ ပေါ်လစီအတိုင်း တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေ ဆက်တိုက် လုပ်သွားနိုင်မဲ့ သဘောမျိုးရှိပါတယ် လို့ ရှင်းပြသွားပါတယ်။

No comments: