ပြည်တွင်းမှ ဝမ်းနည်းကြောင်း သတင်တပုဒ် နှင့် သုံးသပ်ချက်

လွန်ခဲ့တဲ့ ၂၄ နာရီကျော်ည က ထိ ပျော်ပျော်ရွင်ရွင် နေခဲ့ဘူးတဲ့ မိသားစုတွေ၊ သူတို့ရဲ့ နေအိမ်တွေ ပျက်စီးသွားရတာ။ နဂို အတိုင်း ပြန်မရတော့တာ သတိထားမိတယ်။
စိတ်မကောင်းတာ ကို အသာထားပြီး ပြောရရင် -
Safety ဆိုတာ မြန်မာပြည်မှာ (နှစ် ၃၀ လုံးလုံး) ဆိုင်းဘုတ်ပေါ်မှာပဲ ရှိခဲ့တယ်။ ဖြစ်ခဲ့တဲ့ နေရာမှာ သွားကြည့်၊ ဆေးလိပ်မသောက်ရ၊ မီးသတိပြု စာလုံးကြီးတွေ ပြူးနေအောင်ရေးထားတယ်။ ကိုယ့် ဆီမှာ လောင်စာတွေရှိလို့ မဖြစ်အောင် သတိပေးထားတာ။ သူများဆီက ကူးလာရင် ဘယ်လို ကာကွယ်မလဲဆိုတဲ့ တိကျသေချာတဲ့ လုံခြုံရေးစနစ် မရှိဘူး။
အုပ်ချုပ်တဲ့ အဖွဲ့အစည်း၊ ဒီလို ကိစ္စမျိုးကို ကိုင်တွယ်တဲ့အဖွဲ့အစည်း မှာ ကိုယ့် နယ်ထဲက ဘယ်နေရာ မှာ ဘယ်လို အန္တရာယ် ရှိတာမို့ အရေးကြုံရင် ဘယ်လိုကိုယ်တွယ်မယ် ဆိုတာ တိတိ ကျကျ မရှိဘူး။ စီမံချက်တွေ ရေးဆွဲကြတယ်။ သူ့ကို audit လုပ်မယ့် ပညာရှင်အဖွဲ့အစည်း မရှိဘူး။  HSE ဆိုတာ မြန်မာပြည်မှာ ကြားဘူးတဲ့သူ ရာဂဏန်းတောင် မရှိဘူး။ လုပ်ဆောင်နေတဲ့သူ ဆယ်ဂဏန်း၊ ဒါလည်း ရေနံလို ပြည်ပနဲ့ဆက်စပ်တဲ့ နေရာတွေမှာပဲ ရှိတယ်။ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ဆိုတာ ရေပေါ်ဆီ၊ ဒါမှမဟုတ် ဇိမ်ခံပစ္စည်း၊ ချမ်းသာမှ လုပ်ရမယ့် ဟာ လို့ပဲ ထင်နေခဲ့ကြ တယ်။
Safety ဆိုတာ ကို Security ဆိုတာနဲ့ လွဲမှားစွာ ဘာသာပြန်နားလည်ခဲ့တယ်။
HSE approve မလုပ်ရင် ဘယ်အလုပ်မှ စလို့မရ၊ တစ်ရက်မှ လုပ်ငန်းဆက် လည်ပတ်ခွင့်မရှိတဲ့ အလေ့အထ တွေ သင်ကြားမွေးဖွားပေးဖို့ ကျွန်တော်တို့မြေမှာ အရေးတကြီးလိုနေပါပြီ။ ဘတ်စကားပေါ်မှာ များလှတယ် ထင်ရတဲ့ ဒီတိုင်းပြည်ရဲ့ လူဦးရေ အထူဆုံး ရန်ကုန်မှာ တစ်ကီလိုမီတာကို လူ၄၀၀ ပဲ ရှိတယ်။ လူတွေပေါလွန်းလို့ သေချင်သေပါစေ ထားကြမယ်ဆိုရင် တည်ဆောက်ဖို့ အရေးအကြီးဆုံး ဖြစ်တဲ့ လူစွမ်းအားက (ပြောင်းလဲ လာတဲ့အချိန်မှာ) ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။

No comments: