ပြည်ပရောက် ဘတ်ကီးများ

- ကိုဇာဂနာ ပြောသော Political Prisoners များအတွက် ပြည်တွင်းသို့ မရောက်သည့် ပြည်ပ ထောက်ပံ့ငွေများ အကြောင်း
-ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)


-28-12-2011

- နိုင်ငံရေးအကျဉ်းသားများ ထောက်ပံ့ငွေ မရဟုဆိုလျှင် အဓိက တာဝန်ရှိသူမှာ AAPP ဟုခေါ်သော နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းဖြစ်၏။

AAPP သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်နှစ် ကို ထိုင်းဘတ်ငွေ သိန်း ၅၀ ရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံမဲဆောက်မြို.မှာ ရှိတဲ့ အဖွဲ. အစည်း တွေကို နိုင်ငံတကာ က ထောက်ပံ့ကြေးတွေ အလွန်လျှော့ချ ထားချိန်မှာ ကိုပဲ AAPP က အများ ဆုံး ရခဲ့တာဖြစ်ပါ တယ်။




၂၀၀၄ ခုနှစ် AAPP ညီလာခံမှာ AAPP ရဲ့ အဂတိလိုက်စားမှုများကို ကျွန်တော်ကိုယ်တိုင် တင်ပြခဲ့ပါတယ်။

အဲဒီတုန်းက ညီလာခံသဘာပတိက KNU မှ မန်းငြိမ်းမောင် (ယခုမြန်မာပြည်တွင်း မှာ ထောင် ၁၇ နှစ်ကျ သွားသူ ) နဲ. ABSDF က ကိုတိတ်ကြီး တို.ဖြစ်ပါတယ်။

ညီလာခံမှာ သဘာပတိ နှစ်ဦး အတိုင်အဖေါက်နဲ. AAPP ရဲ့ အဂတိ များနဲ.တင်ပြချက်ကို ညီလာခံမှာ ဆွေး နွေးခြင်းမပြုပဲ နေခဲ့ပါတယ်။
(ညီလာခံနဲ.ပတ် သက်တဲ့ အသေးစိတ်ကို လိုအပ်တဲ့ အချိန်ကျတော့ထုတ်ပြန်ပါ့မယ်) ဒီလိုနဲ. AAPP က အဂတိလိုက်စားမှုကို အဲဒီ သဘာပတိ နှစ်ဦး ရဲ့ ကြောထောက်နောက်ခံပေးမှု နဲ. အကာအကွယ်ပေးပြီး အဂတိလိုက် စားသူများ အုပ်စု က အမှု ဆောင် အဖြစ် အရွေးခံလိုက်ရချိန်က စပြီး နိုင်ငံရေး အကျဉ်းသားတွေအတွက် ပေးတဲ့ပိုက်ဆံတွေ ဘယ် ရောက် ကုန်မှန်း မသိ တော့တာပါပဲ။

AAPP ညီလာခံကလည်း အဲဒီအချိန်ကထဲက မခေါ် ပဲ ရပ် ထားလိုက် တာ အခုထိပဲဖြစ်ပါတယ်။
နောက်ပိုင်း- BBPU လို.ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသား-သမဂ္ဂ ပေါ်လာ တာလည်း AAPP အဂတိလိုက်စားမှုတွေကို မလိုလားမှု ကြောင့်ပဲဖြစ် ပါတယ်။

NCUB ကလည်း AAPP အတွက် ပိုက်ဆံချပေးဖို့ ပြည်ပ NGO တွေကို ဆက်လက် ထောက် ခံပေးပြီး လူငယ် တွေ လုပ်ချင်တာ လုပ်နေတာကို ဘာမှ မပြောပဲ ကြည့်နေခဲ့ တဲ့အပြင် BBPU ကိုလည်း ဘယ်တော့မှ ရပ်တည်နိုင်ခွင့်မ ရအောင်လုပ်ထား ခဲ့ကြပါတယ်။

ယခုအချိန်မှာ AAPP အမှု ဆောင် တွေရော BBPU အမှုဆောင်တွေရော မဲဆောက်မှာ ရှိနေပါတယ်။
သတ္ထိရှိရင် စကားစစ် ထိုးဖို့ ဖိတ် ခေါ် လိုက် ပါတယ်။
ဒီမိုကရေစီနည်းကျကျပေါ့။ စာရင်းစစ်အဖွဲ့နဲ့ လုပ်ငန်းစစ်အဖွဲ့လည်း ပါမယ်ပေါ့။




AAPP ရုံးတွင် ဖော်ပြထားသော နိုင်ငံရေး အကျဉ်းသားတို့ ပုံများ


AAPP ဟုခေါ်သော နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း အဖွဲ့ အကြောင်း စိတ်ဝင်စား၍ လေ့လာ ကြလိုပါက---


  • AAPP Eng စာမျက်နှာ (ဖတ်ရန်-နှိပ်ပါ)


  • AAPP မြန်မာ စာမျက်နှာ (ဖတ်ရန်-နှိပ်ပါ)

  • AAPP မှ ဖော်ပြထားသည့် နိုင်ငံရေး အကျဉ်းသားများ (ဖတ်ရန်-နှိပ်ပါ)



  • စိတ်ဝင်စား၍ ဆက်သွယ်မေးမြန်းကြလိုပါက---
    ဆက်သွယ်ရန်။။--
    နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
    ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
    ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀


    နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ ကိုဘိုကြည်

    တနင်္လာ, 26 ဒီဇင်ဘာ 2011
    ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)

    No comments: