ဒီအပါတ် ကျန်းမာရေး



နေ့စဉ် မြေပဲလက်တစ်ဆုပ်စားခြင်း က ဆာလောင်မှုမဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများချပေးရန် အထောက်အကူပြုကြောင်း ပညာရှင် များက နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြော ကြားလိုက်သည်။ ယခုတွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့အကြားရှိ ဆက်နွှယ်ချက် ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်နိုင် ခဲ့ခြင်းလည်း ဖြစ်သည်။ ဆီရိုတိုနင်သည် အစားစာလိုစိတ်ကို လျှော့ချပေးနိုင်ပြီး ပျော်ရွှင်မှုခံစားချက်ကို မြှင့်တင်ပေးကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေ ကြောင်း တွေ့ရှိခဲ့သည်။ စပိန်နိုင်ငံ ဘာစီလိုနာတက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံအလွှာ မနွှာ ထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီးအစေ့တို့သည်လည်း အလားတူ ကျန်းမာရေးအတွက် ကောင်း မွန်သော အာနိသင်များရှိသည်ဟု ဆိုသည်။
ဖရဲသီးကို ရေခဲသေတ္တာထဲမှာ ထည့်ထားတာထက် ရေခဲသေတ္တာ ပြင်ပမှာ အခန်း အပူချိန် အတိုင်း ထားတာဟာ သူ့မှာ ပါဝင်တဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့ လိုင်ကိုပင်း ပါဝင်မှု ၄ဝ ရာခိုင်နှုန်း ပိုမြင့်မားနိုင်တယ် ဆိုတာ သင် သိပါရဲ့လား။ ဒါ့အပြင် ဖရဲသီးမှာ မြင့်မားစွာ ပါဝင်တဲ့ Citrulline တွေဟာ သဘာဝ ဗီရာဂရာ အဖြစ် လိင်ကိစ္စတွေ စွမ်းဆောင်မှု ကောင်းစေနိုင်တယ် လို့ သုတေသီတွေက ဖော်ထုတ် ထားပါတယ်။

No comments: