တရားခံဘယ်သူလဲ ဟေ့ - -( ၂ ) (ကုတ်ပါ)

 

စစ်ကြောင့်ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်တာဟာ အလွန်မွန်မြတ်တဲ့ အလုပ်တခုပါ ။
ဒုက္ခသည်ဖြစ်မလာအောင် စစ်ကို ကာကွယ်ခြင်းက အမွန်မြတ်ဆုံး အလုပ် ။
သူများအကာ ဒုက္ခရောက်တုံးမှာ ကိုကရပ်ကြည့်မယ်ဆိုရင် ကိုယ်ဒုက္ခရောက်တဲ့ အချိန်ကြရင်လဲ သူများတွေကရပ်ကြည့်နေမှာဘဲ ။

ကချင်စစ်ပြေးများ နေရပ်ပြန်ရန် တရုတ်အာဏာပိုင်များပြောဟုဆို


ချင်းမိုင်(မဇ္ဈိမ) ။        ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံရုန်ခရိုင် လာရိန်းဒေသတွင် ဝင်ရောက်ခိုလှုံနေသော ကချင် စစ်ပြေးဒုက္ခသည်များ နေရပ်ရင်းပြန်ရန် တရုတ်အာဏာပိုင်များက သောကြာနေ့ နံနက်က ပြောကြားလာခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုက္ခသည် ကူညီရေးအဖွဲ့များက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၏ တဘက်ကမ်းတွင်ရှိနေသော ဒုက္ခသည် ၂၀၀၀ ကျော်ကို နေရင်း
ပြန်ရန် တရုတ်အရာရှိလေးဦးက လာရောက်ပြောကြားသွားခြင်းဖြစ်သည်ဟု ဒုက္ခသည် ကူညီရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“ကျနော်တို့ဘက်ကတော့ စကနည်းကနေ ရွာသားတွေက သူတို့လုံခြုံရေးအရ သူတို့ရဲ့ မိတ်ဆွေတွေဆီနေဖို့ သူတို့ဘာသာ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် သူတို့ပဲ ပြန်၊ မပြန် ဆုံးဖြတ်လိမ့်မယ်ဆိုပြီး ပြောလိုက်တယ်။”ဟု သူက ပြောသည်။

KIO အဖွဲ့နှင့် အစိုးရအကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ နယ်စပ်ဒေသဖြစ်သော ကချင်ပြည်နယ် လိုင်ဇာ၊ မိုင်ဂျာယန်၊ မန်ဝင်း စသည်တို့ရှိ  ဒုက္ခသည်စခန်းများတွင်နေထိုင်နေရသော လူဦးရေပေါင်းမှာ သောကြာနေ့အထိ ၄၅,ဝဝဝ ကျော်ဖြစ်သွားပြီဟု သူက ပြောသည်။

KIO နှင့် အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့သည် သောကြာနေ့တွင် ခြောက်လပြည့်မြောက်ပြီဖြစ်သည်။ အစိုးရနှင့် KIO အကြားတိုက်ပွဲ ဖြစ်ပွားမှု ယမန်နေ့ထိ အကြိမ်ပေါင်း ၈ဝဝ ကျော်ရှိသွားပြီဟု သိရသည်။

“အခုချိန်ထိ ကျနော်တို့က တတ်နိုင်သလောက် ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေတယ်။ ဒါပေမဲ့ အခုက လူတွေ ပိုမိုများပြားလာတယ်ဆိုတော့ နိုင်ငံတကာ အကူအညီမရဘူးဆိုရင် ကျနော်တို့ဘက်က တော်တော် စိုးရိမ်
နေရတယ်။”ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

လက်ရှိ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာရောက် ကချင်အမျိုးသားများ၊ စီးပွားရေး လုပ်ငန်းရှင်များထံမှ အကူအညီများသာ ရရှိခဲ့သော်လည်း ပြည်တွင်းမှ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အကူအညီ ထောက်ပံ့မှုကို မြန်မာအစိုးရက ယနေ့ထိ ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ဦးလရစ်က ပြောသည်။

“ဘယ်အဖွဲ့အစည်းကမှ အာမခံချက်နဲ့ ကူညီတာမရှိတော့ အစားအသောက်ပြတ်တောက်လာတာ တွေ့ရတယ်။ အချိန်ကြာလာတော့ စိတ်ပျက်လာတယ်။ မနေချင်ကြတော့ဘူး၊ ဘယ်တော့ ငြိမ်းချမ်းရေး ရမလဲဆိုပြီးတော့ ပြောဆို လာတယ်။ သူတို့က ခဏပဲလို့ ထင်ထားကြတာ။ ခုတော့ ကျနော်တို့က အချိန်ကြာ စီမံကိန်းအတွက် စဉ်းစားရတော့ မယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နှစ်ဘက် အပစ်အခတ် ရပ်ရေးတွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ ရှိနေသည်။

No comments: