ပြည်သူချစ်မှ ပြည်သူ့ တပ်မတော်ဖြစ်တယ် ( ကုတ်ပါ )
အာဏာရှင်ရဲ့လက်ကိုင်ဒုတ်မဟုတ်ကြောင်း ဆီးရီးယားစစ်သားတို့ ပြပြီ
ဆီးရီးယား စစ်သား တွေ ဘက်ပြောင်း တာများ လာလို့ လစ်ဗျား ပုံစံ ဖြစ်လာ
1_picnik
ဆီးရီးယား သမ္မတ ဘာရှား အယ်(လ)အာဆတ် ကို ဆန့် ကျင်တဲ့ လက်နက် ကိုင် တပ် ဖွဲ့  ၀င်
တွေ ဟာ ဒီနှစ်လည် ပိုင်း က pစတင် ဖွဲ့  စည်း ခဲ့ တဲ့ ဆီရီးယား – တူရကီ နယ်စပ် အခြေစိုက်
Free Syrian Army လက်နက် ကိုင် အဖွဲ့  ကို   လာရောက်ပူးပေါင်းကြတယ် လို့  အမေရိကန်
နိုင်ငံ ထုတ် Foreign Policy သတင်း  ဆောင်း ပါး မှာ ဖော်ပြ ထား ပါတယ်။
ရ အဖွဲ့  ကို တိုက် ခိုက် နေတဲ့ တစ်ခု တည်း သော လက်နက် ကိုင် အဖွဲ့  ဖြစ်ပါတယ်။ ဒီအဖွဲ့  ဟာ
ဆီးရီးယား နယ်စပ် မှာ အခြေစိုက်တယ် ဆိုပေမယ့် ဆီးရီးယား နိုင်ငံ မြို့ တော် ဒမားစကတ် ထဲ
မှာ ပါ လှို့ ဝှက် အင်အားစု တွေ ရှိ နေကြောင်း FSA နဲ့  လှို့ ဝှက် တွေ့ ဆုံ မေးမြန်း ခဲ့ သူ CBS သ
တင်းထောက် ကလရစ်ဆာ ၀ဒ် က CBS ရုပ်သံ အစီအစဉ် မှာ ပြောပါတယ်။
ဆီရီးယား လွတ်မြောက် ရေး တပ်မတော် ဟာ ပြီး ခဲ့တဲ့ လ က ဒမားစကတ် မြို့ ပြင်က ဆီးရီးယား
ထောက်လှမ်းရေး ဌာန ကို ၀င်ရောက် တိုက်ခိုက် ပြီး တဲ့ အချိန် မှာ ဘက်ပြောင်း မှု တွေ ပိုများ
လာတယ် လို့  Hamza Khatib Brigade က တပ်မှုး ဖြစ်သူ အဗ္ဗဒူလ် ဆာတာ ယူနွတ်(စ)က
အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်း ကို ပြောပါတယ်။
ဒီနေ့  အတိုက်အခံ တွေ အင်အား ကောင်းတဲ့ Homs မြို့ က ရေနံ ပိုက်လိုင်း ပေါက်ကွဲမှု ဟာ
အကြမ်းဖက် သမား တွေ ရဲ့  လက်ချက် လို့  ဆီးရီးယား အစိုး ရ က စွပ်ဆွဲ ထား ပါတယ်။
နိုင်ငံ တွင်းမှာ ပဲ အင်အား ထောင်ချီ ရှိ တဲ့ FSA အဖွဲ့  ၀င်တွေ ကတော့ ဆီးရီယား အစိုး ရ ဟာ
အတိုက်အခံ တွေ ကို ဖမ်းဆီး သတ်ဖြတ် နိုင်ဖို့  အတွက် အပြစ်ပုံချ တတ်တယ် လို့  NPR သတင်း
ဌာန ကို ပြောပါတယ်။
လို့  ခေါ်တဲ့ လေယာဉ် မပျံ သန်း ရေး ဇုန် တွေ ပြဌာန်း အဖို့  အဖွဲ့  ခေါင်းဆောင် ဗိုလ်မှုးကြီး
Riad al-Asaadက တောင်း ဆိုထား ပါတယ်။
မတ်လ ကတည်း က စတင် ခဲ့ တဲ့ အုံကြွမှု တွေ အတွင်းမှာ  အာဆတ် အစိုးရ ရဲ့  လက်နက်ကိုင်
တပ် ဖွဲ့  တွေ က သတ် လို့  ပြည်သူ လေးထာင် ကျော် သေဆုံး ခဲ့ ရ ပြီ အဲဒီ ထဲ မှာ အသက် ၅
နှစ် ကနေ ၁၄ နှစ်ထိ ကလေး ၁၀၀ ကျော်ပါတယ်လို့ ကုလ လူ့ အခွင့် ရေး ကော်မရှင် က အစီ
ရင်ခံစာ ထုတ် ပြန်ပါတယ်။
မနေ့ က အမေရိကန် ABC ရုပ်သံ နဲ့   တွေ့ ဆုံ ရာ မှာ ဆီရီးယား ပြည်သူ တွေ သေဆုံးတာ သူ့ 
ကြောင့် မဟုတ် သလို ပစ်သတ် ဖို့  ကို လည်း သူက အမိန့် မပေး ခဲ့ ဘူး လို့  ပြောပါတယ်။
ဆီးရီးယား နိုင်ငံ ရဲ့ သက်တော်ရှည် နိုင်ငံရေး သမားတွေ က တော့ လက်နက် ကိုင် တိုက်ပွဲ နည်း
လမ်း နဲ့  ဖြေရှင်းတာ ကို မကြိုက် ဘူး လို့ နယူးယောက် တိုင်း မ်း သတင်းစာ ကို ပြောပါတယ်။
FSA ဟာ သူတို့  အတွက် လိုအပ် တဲ့ လက်နက် ခဲယမ်း တွေ ကို အိမ်နီးချင်း နိုင်ငံ တွေ က နေ
မှောင် ခိုသွင်း ကြပြီး ဆီးရီးယား လက်နက် ကိုင် အဖွဲ့  တွေ ဆီကလည်း ပြန်လည် ၀ယ်ယူကြ
ပါတယ်။
No comments: