Published on December 8, 2011 by ရွှေအောင်
တိုင်းရင်းဆေးတွေ နိုင်ငံတကာထိုးဖောက်ဖို့ အဓိကကျတဲ့အချက် ၂ ချက် လိုအပ်တယ်လို့ သိရပါတယ်။

အဘထရူဆေး ထိုင်းနိုင်ငံမှာ တရားဝင် ရောင်းချနိုင်ဖို့အတွက် ထိုင်းနိုင်ငံ အစားအစာ ဆေးဝါးကွပ်ကဲရေးဌာနရဲ့ ထောက်ခံချက်ရဖို့ တနှစ်ခွဲကြာလောက် ကြိုးပမ်းခဲ့ရတယ်လို့လည်း ပြောပါတယ်။
အထူးသဖြင့်တော့ ထိုင်းဆေးဝါးကွပ်ကဲရေးဌာနကလည်း နိုင်ငံတကာစံချိန် စံညွှန်းတွေအတိုင်း စစ်ဆေးတဲ့အတွက် မိမိတို့ထုတ်လုပ်တဲ့ တိုင်းရင်းဆေးကို နိုင်ငံတကာစံညွှန်းနဲ့ညီအောင် ကြိုးပမ်းတင်ပြရတာ ဖြစ်ပါတယ်။
မြန်မာ့တိုင်းရင်းဆေးတွေကို အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ နယ်စပ်လမ်းကြောင်းတွေက တရားမ၀င်သယ်ဆောင် ရောင်းချနေကြတာများပြီး သုံးတဲ့သူအများစုကလည်း မြန်မာတွေပဲ ဖြစ်ပါတယ်။
ထိုင်းကို တရားဝင်တင်သွင်းဖို့ လာရောက်ကြိုးပမ်းဖူးတဲ့ တိုင်းရင်းဆေး ထုတ်လုပ်သူတွေ ရှိပေမယ့် မအောင်မြင်ကြဘဲ၊ မြန်မာ့တိုင်းရင်းဆေးကို ထိုင်းစာတံဆိပ်ကပ် ရောင်းချနေတာမျိုးတော့ ရှိတယ်လို့ ဘန်ကောက် တိုင်းရင်းဆေး အရောင်းဆိုင်တခုက ပြောပါတယ်။
မြန်မာ့တိုင်းရင်းဆေးတွေဟာ ပြည်တွင်းမှာတော့ စားသုံးသူဈေးကွက်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော် ရရှိထားပြီး ကျေးလက်နေ ပြည်သူတွေက ပိုမိုသုံးစွဲတယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။ ဈေးကွက်အတွင်း မှတ်ပုံတင် ရောင်းချနေတဲ့ တိုင်းရင်းဆေး အမျိုးအစားပေါင်း တသောင်းခွဲလောက် ရှိပါတယ်။(DVB)
No comments:
Post a Comment