ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဂ်ျ ဆိုးရော့စ် ဇန်န၀ါရီ ၂ ရက် တွေ့မည်


2011-12-29 မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros) ဟာ ဇန်န၀ါရီလ ၂ ရက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

 
World Economic Forum
ဟန်ဂေရီနွယ်ဖွား အမေရိကန် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros)။
မစ္စတာ ဆိုးရော့စ်ဟာ ၈ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းပြည်နယ် အင်းလေးဒေသ အပါအ၀င် နိုင်ငံတ၀န်းက နေရာအတော်များများကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်းကစလို့ သူထူထောင်ထားတဲ့ Open Society Institute ကတစ်ဆင့် ပြည်တွင်း ပြည်ပက မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် နှစ်စဉ် ဒေါ်လာငွေ ၂ သန်းလောက် ထောက်ပံ့ပေးလာခဲ့ပါတယ်။

ဂျော့ဂ်ျ ဆိုးရော့စ်ဟာ အခုလ ၂၆ ရက်က ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး သားနှစ်ယောက်နဲ့ Open Society Institute က ၀န်ထမ်းတချို့လည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

No comments: