ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။


ရန်ကုန် ကြည့်မြင်တိုင်က ရွှေည၀ါဆရာတော်ကို ဖယ်ရှားပြီး၊ သူ့ ရဲ့ ကျောင်းကို ချိတ်ပိတ်ဖို့ ညွန်ကြား လိုက်ပါတယ်။ သာဓုကျောင်းတိုက်ကနေ ဆရာတော်ကို ဖယ်ရှားပြီး၊ ကျောင်းချိတ်ပိတ်ဖို့ တိုင်း သံဃာ နာယကအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ စွဲနဲ့ ညွန်ကြားလိုက်တာပါ။ ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှာ လက်ခံရရှိတဲ့ စာအတွင်း ရွှေည၀ါဆရာတော် ဦးပညာသီဟက တရားဟောခွင့် ပိတ်ထားတာကို မလိုက်နာဘဲ၊ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ နိုဝင်ဘာကုန်က တရားဟောခဲ့လို့ အရေးယူတာလို့ ပါရှိပါတယ်။ ရွှေည၀ါကျောင်းတိုက်မှာ ၈၈၈၈ အခမ်းအနား၊ အမျိုးသားအောင်ပွဲတွေကို ခုသတင်းပတ်တွေထဲမှာ ပြုလုပ်ခဲ့အပြီး အခုလို ပိတ်ပင်ခံခဲ့ရတာပါ။
ရွှေည၀ါဆရာတော်ကို ညနေ ၆း၀၀ မှာ ကျောင်းတိုက်ထဲကနေထွက်ပေးရန် အာဏာပိုင်
များမှဖိအားစေခိုင်းနေသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းအမှတ်
၀၉၅၀၉၂၄၄၃(ရွှေည၀ါဆရာတော်)
၀၉၇၃၁၀၄၂၃၄(ကိုကိုကြီး စမ်းချောင်း)

No comments: