
ဤကိစ္စသည်၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့နှင့် ဖေဖော်ဝါရီလ (၁၂)ရက် နေ့တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ် နေသဖြင့် သတင်းထောက်များက အမျိုးသား လွှတ်တော် ဥက္ကဌကို မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်ယင်းကိစ္စကို ယခုအချိန်ထိ အမျိုးသားကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီသို့ တင်ပြခြင်း မရှိသေးဟု ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် (ဓါတ်ပုံ - အင်တာနက်)
"တကယ်တော့ ဒီကိစ္စမျိုးက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာဘဲ တင်ပြ ရပါတယ်။ ဒါပေမဲ့ အခုထိ ဘာမှ တင်ပြတာ မရှိသေးဘူး။ ကပ်ပြီးတော့လည်း တင်ပြ တတ်ပါတယ်။ တကယ်လို့ ကပ်ပြီး တင်ပြရင်လည်းဘဲ သဘောတူပါတယ်''ဟု ဦးခင်အောင်မြင့်ကပြောခဲ့ပါသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနဝန်ကြီးတို့ ပါဝင်သည်ဟု (၂၀၀၈) အခြေခံ ဥပဒေသစ်အရ သိရပါသည်။ ထို့အပြင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးကို တစ်ပတ်လျှင် သုံးရက်ခန့် ပြုလုပ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့များတွင် ပြုလုပ်လေ့ ရှိကြောင်းလည်း သိရပါသည်။
No comments:
Post a Comment