ကိုဇာဂနာ မပြော

စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာ မပြော

2011-12-20
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာက အကြံပြုခဲ့တယ်ဆိုတဲ့ Bloomberg သတင်းဌာနရဲ့ ပြောဆိုချက်ဟာ မဟုတ်မမှန်ကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောဆိုပါတယ်။
AFP
အကျဉ်းကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ မကြာသေးခင်ကမှ အကျဉ်းထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ တက်ရောက်ပြီး ကိုမင်းကိုနိုင် အကြောင်း စကားပြောဆိုသည်။
ထိုင်းနိုင်ငံမှာ ရှိစဉ် အီးယူ သံအမတ်တွေနဲ့ တွေ့ဆုံချိန်မှာ မိမိအနေနဲ့ စီးပွားရေး ပိတ်ဆို့မှု ကိစ္စကို မဆွေးနွေးကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပ နိုင်ငံတွေကို တင်ပို့ခွင့်သာ တောင်းဆိုခဲ့ကြောင်းနဲ့ မြန်မာ ပြည်သူတွေကို ကူညီ ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကိုသာ ဆွေးနွေးခဲ့ကြောင်း ပြောဆိုပါတယ်။

No comments: