လှည်းတန်းမီးပွိုင့်အနီး ဗုံးပေါက် လူတဦးသေ

မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်အနီး အများသုံး သန့်စင်ခန်းတခုတွင် ဗုဒ္ဓဟူးနေ့နံနက် ၁၁ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့် အချိန်က ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပွားရာ လူတဦး သေဆုံးသွား သည်။။

တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံး သန့်စင်ခန်းတခုတွင် ပေါက်ကွဲမှုကြောင့် လူတဦး
သေဆုံးပြီး တဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“အသံက အကျယ်ကြီးပဲ။ ကျနော်တို့ မာလာဆောင် မှတ်တိုင်အကျော်နားက ကြားရတယ်။ အိမ်သာက အလူမီနီယမ်နဲ့ ဆောက်ထားတာ။ ခေါင်မိုးတွေ လန်ထွက်သွားတယ်။ လူတယောက်ကိုတော့ ဆေးရုံကားနဲ့ တင်သွားပြီ။ အထဲမှာ အလောင်းတလောင်း ရှိသေးတယ် ပြောတယ်။ အခုရဲက အပြင်လူတွေကို သွားဖို့ပြောနေပြီ။” ဟု အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေသူတဦးက  မဇ္ဈိမကို ပြောသည်။

boomex1
ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံအနီးမှ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ရဲက စုံစမ်းစစ်ဆေးမှုများ လုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား :: အမျိုးသမီး တဦး သေဆုံးကာ တဦး ဒဏ်ရာရရှိသွားသော ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံအနီးမှ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ရဲက စုံစမ်းစစ်ဆေးမှုများ လုပ်နေသည်ကို ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဗုံးပေါက်ကွဲမှုက အသက် ၂၀ နီးပါးရှိ အမျိုးသမီးငယ် တဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားသည်။ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား :: အမျိုးသမီး တဦး သေဆုံးကာ တဦး ဒဏ်ရာရရှိသွားသော ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံအနီးမှ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ရဲက စုံစမ်းစစ်ဆေးမှုများ လုပ်နေသည်ကို ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဗုံးပေါက်ကွဲမှုက အသက် ၂၀ နီးပါးရှိ အမျိုးသမီးငယ် တဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသမီးတဦး ဒဏ်ရာရသွားသည်။

အခင်းဖြစ်ပွားရာနေရာ အနီးဝန်းတွင် ရဲကားများစွာကိုတွေ့ရပြီး  ဝိုင်းအုံကြည့်ရှုသူ အများအပြား ရှိနေသည်။
ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

အများသုံး သန့်စင်ခန်း၏ အမျိုးသမီးများ သုံးစွဲသည့်ဘက် အခြမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆောက်အဦး၏ အမိုးတခုလုံး ပွင့်ထွက်သွားခဲ့သည်။

သန့်စင်ခန်းအတွင်း အမိုးအနီးအထိ သွေးစသွေးနများ ပြန့်ကျဲနေသလို မပေါက်ကွဲသေးသည့် ဗုံးတလုံး ကျန်နေသေး သဖြင့် အနီးဝန်းကျင်မှ ရှောင်ရှားပေးရန် ရဲတပ်ဖွဲ့ဝင်များက အနီးရှိ ကြည့်ရှုနေသူများကို လိုက်လံ ပြောဆိုနေပြီး အနံ့ခံခွေးများ၊ ဗုံးရှာကိရိယာများဖြင့် အနီးဝန်းကျင်ကို ရှင်းလင်းမှု ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ဘက်အခြမ်းနှင် ပြည်လမ်း ရန်ကုန်တက္ကသိုလ်ဘက် အခြမ်းတို့ကို ယာဉ်အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။

No comments: