တရုတ် တစ်နိုင်ငံ လုံး လူထု အုံကြွမှု စတင် ရန် နှိုးဆော်

_57312510_013517943-1

တရုတ် နိုင်ငံ တောင် ပိုင်း ဂွမ်ဒေါင် ပြည်နယ် မှာ  ဆောက်လုပ်ရေး လုပ်ငန်း တွေ အတွက် မြေ
အသိမ်းခံရတဲ့ သူ တစ်ဦးက သူ့  ကို နစ်နာ ကြေး ပေး ဖို့  စောဒက တက်ရာ မှာ သူ့ ကို ဖမ်းဆီး
ပြီး နှိပ်စက်ရာ က သေဆုံး ခဲ့ တဲ့ အတွက် ၀ူကန် မြို့ ခံ တွေ ရဲ့  ဆက်တိုက် ဆန္ဒပြ မှု တွေ ဖြစ်ပွား
နေပါတယ်။

တရုတ် အစိုးရက ဆန္ဒ ပြ နေတဲ့ မြို့ ငယ် လေး ကို ပိတ်ဆို့ ဖြတ်တောက်မှု တွေ ပြုလုပ် ထား ပြီး
အစား အစာ တွေ ပါ ပေး မသွင်း တာကြောင့် တရုတ် နိုင်ငံ တလွှား က နိုင်ငံရေး တက်ကြွသူတွေ
က ဒီမြို့  က ပြည်သူ တွေ ကို ထောက်ခံ တဲ့ အနေနဲ့  ပူးပေါင်း ပါဝင်ကြ ဖို့  အင်တာနက် နဲ့  FACE
BOOK စာမျက်နှာ တွေ မှာ နှိုးဆော် ထား ပါတယ်။
တရုတ် အစိုးရ ဟာ ဆန္ဒပြရာ မြို့ တွေ မှာ အင်တာ နက် ၊ ဖုန်းလိုင်း နဲ့  လျှပ် စစ်မီး တွေ ကိုဇူ
ဖြတ် တောက် ထား တယ်လို့  လဲ ၀ါရှင်တန် ပို့  သတင်းစာ မှာ ဖော်ပြထား ပါတယ်။ လူဦးရေ နှစ်
သောင်းလောက် နေထိုင် တဲ့ တံငါ မြို့ လေး ရဲ့  လမ်းတွေ ကို ပိတ်ဆို့ ထားတာ ကြောင့် သူ တို့ 
ရဲ့  ဆွေ မျိုး သားချင်း တွေ ဟာ မိသား စု နဲ့  မိတ်ဆွေ တွေ အတွက် စားသောက် ဖွယ်ရာ ဖွယ်
ရာ တွေ ကို ရဲတပ် ဖွဲ့  တွေ မရှိ တဲ့ ခိုးယူတင်သွင်း နေရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက မြေသိမ်းခံရ တဲ့ သူတွေ ပါဝင်တဲ့ စက်တင်ဘာ လ ဆန္ဒပြ ပွဲ မှာ ဦးဆောင်ခဲ့
တဲ့ ဇူ ကျင်ဘို ကို ရဲက ဖမ်းဆီး စစ်မေး နေစဉ် အပြင်းအထန် နှိပ်စက်မှု ကြောင့် သေဆုံးသွား
တယ် လို့  သတင်း ထွက် ပေါ် ပြီးနောက် ဒီဆန္ဒ ပြ ပွဲ တွေ ပေါ်ပေါက် လာခဲ့ တာ ဖြစ်ပါတယ်။
တနင်္လာ နေ့ က တော့ တရုတ် အစိုးရ အာဘော်မီဒီယာ တွေ က ဇူကျင်ဘို ဟာ နှလုံးရောဂါ
နဲ့  သေဆုံး ခဲ့ တယ် လို့  ပြောပါတယ်။
ဆန္ဒပြ သူ တွေ ဟာ မြို့ တော် အုပ်ချုပ်ရေး ရုံးကို ပိတ် ဆို့  ဆန္ဒပြနေတာ တွေ ပိုမို အားကောင်း
လာတဲ့ အတွက် တရုတ် အစိုးရ က လုံခြုံရေး ၀န်ထမ်းတွေ တိုးမြှင့် ချ ထား တယ်  လို့  ဟောင်
ကောင် လူ့ အခွင့် အရေး လှုပ်ရှားသူ တွေ ရဲ့  သတင်း ထုတ် ပြန်မှု တွေ ကို ကိုးကား ပြီး Fox
ရုပ်သံ အစီအစဉ်မှာ ဖော်ပြထားတပါတယ်။
တစ်ခါ ဂွမ်ဒေါင်း ပြည် နယ် လူဖန်  ကမ်းရိုး တန်း မြို့ မှာ ရွှေ့ ပြောင်း အလုပ် သမားတွေ ရဲ့ 
ဆန္ဒပြမှု တွေ က ပိုမို အားကောင်း လာပြီး နောက် ဆုံးကြား သိရတဲ့ သတင်း တွေ အရ
တော့  ဒီဆန္ဒပြ မှု တွေ ကို တစ်နိုင်ငံ လုံးက ထောက်ခံ ပူးပေါင်းဖို့  ဘီဂျင်း နဲ့  ရှန်ဟိုင်း က
တက်ကြွ သူ တွေ ကလှုံ့  ဆော် နေကြပါတယ်။
တရုတ် အစိုးရဟာ ဆန္ဒပြ သူတွေ ရှိတဲ့ မြို့ ငယ်လေး ကို ပိတ် ဆို့ ထားတာ ဟာ လူ့ အခွင့်အရေး
ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် တာ ပဲ လို့  လူ့ အခွင့် အရေး လှုပ်ရှား သူတွေ က
ဝေဖန် ကြပါတယ်။
တရုတ် အစိုးရ ကတော့ ဒီဝူကန် မြို့  မှာ ဖြစ်ပွား နေတဲ့ ၀မ်းလျှော ရောဂါ တခြားမြို့ တွေ မကူး
စက်အောင် ကျန်းမာရေး စောင့်ရှောက် မှု ပေးနေတာ လို့  ဆိုပါတယ်။

No comments: