Hepatitis B (2) အသဲရောင် ဘီ ပိုး (၂)


Hepatitis B virus (HBV) အသဲရောင် ဘီပိုး ကူးစက်ခံနေရာသူပေါင်း သန်း ၃ဝဝ ရှိနိုင်တယ်။ အာရှ နဲ့ အာဖရိကမှာ ပိုများတယ်။ အဲဒီက တိုင်းပြည်တွေမှာ ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ကူးကြတာ ပိုများတယ်။ အသဲကင်ဆာလဲ အဖြစ်များတဲ့ နေရာတွေ ဖြစ်တယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဆေးထိုးအပ်နဲ့ လိင်ဆက်ဆံတာကနေ ကူးကြတာ ပိုများတယ်။ လူငယ်ပိုင်းမှာဖြစ်တာ များတယ်။

ဘီပိုးက ကူးစရာလမ်းတခုခုကနေ သွေးထဲဝင်၊ နောက် အသဲကို ရောက်တာနဲ့ Replication ဗိုင်းရပ်စ်တွေ ပွါးများလာပြီး Surface material မျက်နှာပြင်-ပစ္စည်းတွေ ထုတ်တယ်။ သွေးထဲ ဝင်မယ်။ ပွါးများတာ များလာရင် သွေးထဲမှာ Load of virus (ဗိုင်းရပ်) အနည်း-အများ စစ်တော့ သိသိသာသာ တိုးနေတာ တွေ့လာမယ်။ ပွါးများတာ နည်းသေးရင် Virus core ဗိုင်းရပ်စ် အတွင်းသား ကိုသာ အသဲထဲမှာ စစ်လို့ရမယ်။ သွေးထဲမှာ မတွေ့ဘူး။

Hepatitis B tests စမ်းသပ်နည်းများ
1. Antigens (အင်တီဂျင်)၊
a. HBsAg (Hepatitis B surface antigen) က ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်-ပစ္စည်းကို စစ်တာ၊
b. HBeAg (Hepatitis B "e" Antigen) က ဗိုင်းရပ်စ် Core အတွင်းသားကို စစ်တာ၊
2. Antibodies to HBV infection (အင်တီဘော်ဒီ) ခုခံအားကို စစ်တာ၊
3. Viral DNA (ဒီအင်န်အေ) မျိုးဗီဇကို စစ်တာ။

ဘာတွေ့တာက ဘာကိုဆိုလိုသလဲ၊
• HBsAg အပေါင်းဖြစ်နေရင် Virus ပိုးရှိနေတယ်။ Active viral replication ပွါးများတာ တက်တက်ကြွကြွ ဖြစ်နေတယ်။ အသဲကိုလဲ ကူးနေတယ်။ သူများကိုလဲ ကူးစက်နိုင်တယ်။
• Anti-HBe ဆိုရင် Viral replication ပွါးများတာ နည်းသွားပြီ။ အသဲရောဂါ မြုံနေတယ်။ သူများကို သိပ်မကူးစက်နိုင်ဘူး။
• HBV-DNA ဆိုရင် Active viral replication ပွါးများတာ ကောင်းကောင်း ရှိနေတယ်။ အသဲမှာလဲ ရောဂါ ခံစားနေရတယ်။ သူများကိုလဲ ကူးစေမယ်။
• Anti-HBc (Core antibody) ဆိုရင် B ပိုးရှိသူနဲ့ ထိတွေ့မှုရှိခဲ့ပြီ။ သူ့ဆီကို Virus ကူးနေပြီလား-မကူးသေး ဘူးလားတော့ မသေခြာသေး။ ရောဂါကိုလဲ မပြီးသေးဘူး။ (မကာကွယ်နိုင်သေးဘူး)
• IgM anti-HBc ဆိုတာ လောလောဆယ် Hepatitis B နဲ့ ထိတွေမှု ရှိထားတယ်။

ဘာအတွက် ဘယ်နည်း စမ်းရသလဲ၊
• လတ်တလော ရောဂါပိုးဝင်နေတာကိုသိဘို့ (HBsAg), (anti-HBc), IgM နဲ့ တခါတလေ (HBeAg) တွေ စမ်းတယ်။
• နာတာရှည် အသဲရောင်နေတာကိုသိဘို့ HBsAg, (HBV) DNA နဲ့ တခါတလေ HBeAg တွေ စမ်းတယ်။
• နာတာရှည် အသဲရောင် နေတာနဲ့ ဆေးကုနေတာကို စောင့်ကြည့်ဘို့ HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တွေ စမ်းတယ်။
• ဘီပိုး အသဲရောင်ထားသူဟာ ခုခံအားစနစ် မကောင်းသူ ဖြစ်နေရင် (anti-HBc) total နဲ့ anti-HBs တွေ စမ်းတယ်။

စစ်နည်းတွေက ဘာလို့ အမျိုးမျိုးလုပ်ရသလဲ၊
1. Hepatitis B surface antigen (HBsAG) = ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင် (ပရိုတင်း) ကို စမ်းတာ။ ရက်တိုရော နာတာရှည် ပိုးဝင်နေသူတွေမှာ တွေ့မယ်။ ပိုးဝင်တာကို အစောဆုံး သိတယ်။ လက္ခဏာတွေ မပေါ်ခင် ကတည်းက သိရတယ်။ နလံထချိန်မှာ သွေးထဲမယ် မတွေ့ရဘူး။ ဆေးကုသ ပေးနေသူမှာ မတော်တဆ ထိရှရင်၊ ကျား-ကျား လိင်တူဆက်ဆံသူ၊ ဝေဒနာသည် မဟုတ်ပေမဲ့ (ALT and AST) အသဲ-အင်ဇိုင်းတွေ များနေသူ၊ ကိုယ်ဝန်ဆောင်၊ HBV ပိုးရှိသူနဲ့ အတူနေရသူတွေကို စမ်းရတယ်။ ၆ လကနေ ၁ နှစ် တခါ စစ်ရတယ်။ သွေးလှူရှင်အားလုံးကို HBsAg စစ်ရတယ်။
2. Hepatitis B surface antibody (anti-HBs) ဗိုင်းရပ်စ် ရဲ့ မျက်နှာပြင်မှာရှိတဲ့ (ပရိုတင်း) ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ နလံထလာရင် သွေးထဲမှာ ဒါတွေ များလာမယ်။ အရင်က ပိုးဝင်ဘူးတာကို သိရမယ်။ ကာကွယ်ဆေး ထိုးထားသူလဲ တွေ့ရမယ်။ ကာကွယ်ဆေးထိုးဘို့ လို-မလိုသိစေမယ်။
3. Anti-hepatitis B core (anti-HBc), IgM = ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတာ။ ပိုးဝင်ခံထားရတဲ့ အသဲ (ဆဲလ်) တွေမှာ တွေ့ရမယ်။ သွေးထဲမှာ မတွေ့နိုင်ဘူး။ ရက်တိုရော နာတာရှည်ပိုးဝင်တာကို စမ်းတယ်။ တခါရှိရင် တသက်တာ ရှိနေမယ်။
4. Hepatitis B e-antigen (HBeAG) = ဗိုင်းရပ်စ်ကနေ တက်တက်ကြွကြွ ထုတ်ပေးနေတဲ့ (ပရိုတင်း) သွေးထဲမှာ ရှိနေတာကို စမ်းတယ်။ သူများကို ကူးနိုင်ခြေကို သိရတယ်။ ဆေးကုနေတာရဲ့ ထိရောက်မှုကိုလဲ သိရတယ်။ တချို့ (ဗိုင်းရပ်စ်) အမျိုးအစားက e-antigen ကို မထွက်စေဘူး။ ၆ လကနေ ၁ နှစ် တခါစစ်ရတယ်။ ဆေးမကုခင်က HBeAg positive ဖြစ်ပြီး ဆေးကုနေရင်း Negative ဖြစ်လာရင် ဆေးကု ရပ်ထားမယ်။
5. Anti-hepatitis Be antibody (Anti-HBe) = Hepatitis Be antigen ကို ခုခံတဲ့ (အင်တီဘော်ဒီ) ကို စမ်းတယ်။ ရက်တိုကူးခံရသူ နလံထလာရင်တွေ့မယ်။ သူ့ကို Anti-HBc နဲ့ Anti-HBs တွေနဲ့ တွဲတွေ့နိုင်တယ်။ နာတာရှည် ဖြစ်နေသူကို ရောဂါ နဲ့ ကုသမှုတွေကို စောင့်ကြည့်တာမှာ အသုံးကျတယ်။
6. Hepatitis B DNA (HBV DNA) = Hepatitis B ရဲ့ Viral genetic material မျိုးဗီဇကိုစမ်းတာ။ လောလောဆယ် ပိုးရှိနေတာ၊ နာတာရှည်ဖြစ်လို့ ဆေးပေးနေသူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ သုံးတယ်။ ဆေးက ထိရောက်ရင် ကျလာမယ်။ သွေးထဲမှာ (ဗိုင်းရပ်စ်) တွေ ဘယ်လောက်ရှိသလဲ အရေအတွက်ကို သိရတယ်။ များနေတယ်ဆိုတာ (ဗိုင်းရပ်စ်) က တက်တက်ကြွကြွ ပွါးများတာ လုပ်နေတယ်၊ အသဲလဲ ထိခိုက်စရာ ရှိနေပြီ။ အရေအတွက် (100 IU/ml) ထက်နည်းရင် သူများကို မကူးနိုင်သေးဘူး။ ဆေးကုနေသူဆိုရင် ဆေးကုတာ ထိရောက်တယ်ဆိုတာ ပြနေတယ်။ ရောဂါလက္ခဏာ မပြပေမဲ့လဲ အသဲကို ထိခိုက်လာနိုင်တယ်။ သူများကို ကူးစေနိုင်တယ်။
7. Hepatitis D (HDV) ဆိုတာ နောက် အသဲကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ဒါပေမဲ့ Hepatits B ရှိနေသူကိုမှ ရစေတယ်။ ဒီ ၂ မျိုး ရနေတာ ရှိနိုင်တယ်။
8. အထောက်အကူ စစ်ဆေးတာတွေလဲ ရှိသေးတယ်။ AST, ALT နဲ့ Gamma-glutamyl transferase (GGT) ကို စစ်ရင် ရောဂါရဲ့ တိုးတက်မှုကို သိရတယ်။ Liver biopsy (ဘိုင်အော့ပ်စီ) နဲ့ ရောဂါသေခြာအောင်လဲ လုပ်တယ်။

ဆေးစစ်အဖြေတွေက ဘာတွေဖြစ်နိုင်သလဲ၊
• Early acute infection ဗိုင်းရပ်စ်ပိုး လတ်တလော အဝင်ခံရသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve, (Anti-HBc IgG+IgM) –ve, (HBeAg) +ve, (Anti-HBe) –ve
• Acute infection, usually with symptoms; contagious ရက်တို အသဲရောင်ရှိသူ၊ လက္ခဏာတွေ ရှိသူ၊ သူများကို ကူးစက်နိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) –ve or +ve, (Anti-HBc IgG+IgM) -ve or +ve, (HBeAg) +ve, (Anti-HBe) –ve
• Late in the acute stage of infection (seroconversion) ရက်တို အသဲရောင်ဖြစ်နေသူ နောက်ပိုင်း = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Acute infection is resolving (convalescent) ရက်တို အသဲရောင် ပျောက်ကာစ = (HBsAg) -ve, (Anti-HBs) –ve, (Anti-HBc IgM) +ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Usually indicates an active chronic infection (liver damage likely) နာတာရှည်-အသဲရောင်၊ အသဲကို ထိခိုက်နေသူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) +ve, (Anti-HBe) –ve
• Chronic infection but low risk of liver damage — carrier state နာတာရှည် အသဲရောင်၊ ဒါပေမဲ့ အသဲကို ထိခိုက်မှာ သိပ်မစိုးရိမ်ရသူ၊ သူများကို ကူးနိုင်သူ = (HBsAg) +ve, (Anti-HBs) –ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Infection resolved (recovery); immunity due to natural infection ပိုးဝင်ပြီးနောက် နလံထချိန်၊ ရောဂါပြီးလာချိန် = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgM) -ve, (Anti-HBc IgG+IgM) +ve, (HBeAg) -ve, (Anti-HBe) +ve
• Immunity due to vaccination ကာကွယ်ဆေး ထိုးထားလို့ ရောဂါကိုပြီးနေသူ = (HBsAg) -ve, (Anti-HBs) +ve, (Anti-HBc IgG+IgM) -ve

Acute hepatitis B ဘီပိုး စတင်ကူးစက်ခံရခြင်းရောဂါ၊
• အများစုဟာ ဘာမှ မခံစားရ၊ စမ်းလဲမတွေ့ ဖြစ်ကြတယ်။ HBsAg နဲ့ IgM-antiHBc စမ်းရင် တွေ့တယ်။
• ၁% ထက်နဲသူတွေမှာ Fulminant hepatitis အသဲ လုံးဝမကောင်းဖြစ်လာပြီး သေဆုံးနိုင်တယ်။ Liver transplantation အရေးပေါ် အသဲအစားထိုးရတယ်။
• ကြာလာရင် HBsAg မတွေ့တော့ဘဲ၊ Anti-HBs က တွေ့လာတယ်။ Termination of the infection ရောဂါဝင်တာ အဆုံးသတ်မှုကို ပြတယ်။
• Hepatitis B surface antigen (HBsAg) ရှိတယ်ဆိုတာ Virus infection ရှိနေပြီ၊ ဒါပေမဲ့ ကူးစက်နိုင်မယ်- မကူးနိုင်ဘူး မသေခြာသေး၊ အသဲ ပျက်စီးသလား-မပျက်ဘူးလား မသေခြာသေး။
• ဗိုင်းရပ်စ်တွေ ရှင်းသွားရင် Hepatitis B surface (anti-HBs) antibody (အင်တီဘော်ဒီ) ခံနိုင်စွမ်းတွေ ထွက်လာမယ်။ ရောဂါပြီးတဲ့သဘော ဖြစ်တယ်။
• Hepatitis B "e" antigen (HBeAg) တွေ့တာက Core of the virus ကိုစစ်တာဖြစ်တယ်။ ပွါးများတာတွေ များများဖြစ်နေတယ်။ HBeAg မရှိတော့ဘဲ Antibody to HBeAg တွေ့လာတယ်ဆိုတာ ပွါးများတာတွေက နည်းလာတယ်။ အသဲရောဂါလဲ သက်သာလာတယ်။ သူများကို ကူးဘို့လဲ နည်းလာတယ်။
• ရက်တို အသဲရောင်ဖြစ်နေတုံးမယ် တချိန်မှာ HBeAg တွေ့မယ်။ နောက်ပိုင်းဆိုရင် ပွါးများတာတွေ နည်းလာ၊ အသဲထိခိုက်တာ နည်းလာချိန်မှာ မတွေ့တော့ဘူး။

Chronic hepatitis B နာတာရှည် ဘီပိုးအသဲရောင်ရောဂါ၊
• Hepatitis B virus ကူးစက်ခံရပြီးနောက် အများစုမှာ Anti-HBs ပေါ်လာရင် ပိုးတွေ ရှင်းသွားမယ်။ ၅% လောက်ကတော့ အဲလိုမဟုတ်ဘူး။ HBsAg ဆက်ရှိနေပြီး၊ anti-HBs ဖြစ်မလာဘူး။ Anti-HBc လဲ ဆက် ရှိနေမယ်။
• နာတာရှည် ဖြစ်သူတွေဟာ အမျိုးမျိုး ဖြစ်လာနိုင်တယ်။ ရေရှည်ပိုးသယ်ပေးသူဖြစ်နေမယ်။ အသဲက ကောင်းနေမယ်။ ဖြစ်လဲနဲနဲသာ ဖြစ်မယ်။ Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
• နာတာရှည်အဆင့် အစပိုင်းမှာ Viral replication ပွါးများတာ ဖြစ်လာမယ်၊ Liver damage အသဲ ပျက်စီးလာမယ်။ HBeAg positivity ဖြစ်မယ်။ Elevated transaminases က အသဲပျက်စီးတာကို ညွှန်ပြနေတယ်။ တချို့ အဲလိုမဖြစ်ဘူး။ တချို့မှာ နှစ်တွေကြာမှ ဖြစ်တယ်။
• HBeAg ပျောက်သွားရင် အသဲကလဲ ငြိမ်နေမယ်။ ကူးစက်တာလဲ နည်းမယ်။ ဒီအဆင့်မှာ Virus DNA နဲ့ Liver cell DNA ပေါင်းစပ်နိုင်တယ်။ Hepatocellular carcinoma ဖြစ်လာရင် ပိုရှုတ်ထွေးလာမယ်။
• HBeAg ပျောက်၊ အသဲကလဲ ငြိမ်၊ ကူးစက်တာလဲ နည်းတဲ့အဆင့်ကနေ Reactivated ပြန်တက်ကြွ လာနိုင်တယ်။ တခါမကလဲ အဲလိုဖြစ်နိုင်တယ်။ သူ့ဖါသူလဲ အဲလိုဖြစ်နိုင်သလို တခြားရောဂါကြောင့် Immunosuppressant therapy ဆေးမျိုးတွေ ပေးနေရလို့လဲ ဖြစ်နိုင်တယ်။ အဲလိုသာဆို အသဲ ပိုပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် အသဲမကောင်းသူတွေကို Immunosuppressant therapy ပေးရင် အထူးသတိထားရတယ်။

HBsAg Positive ဆေးစစ်လို့ ပိုးတွေတဲ့ သူတွေကို ဘယ်လို ကုမလဲ၊
• ရောဂါရာဇဝင် မေးမယ်။ မိသားစု၊ အိမ်ထောင်ရေး၊ ဖို-မဆက်ဆံရေး၊ အသဲရောဂါ လက္ခဏာတွေ မေးမယ်။
• စမ်းသပ်-စစ်ဆေးမယ်။ အသဲကြီးနေသလား၊ အသားဝါနေသလား၊ ရေဖျင်းရှိနေသလား ကြည့်မယ်၊
• Bilirubin, Transaminases, Albumin, Prothrombin time အသဲအလုပ် စစ်မယ်။ ၆ လ တခါစစ်မယ်။
• Anti-HBc IgM စစ်မယ်။ ၆ လအတွင်း ဗိုင်းရပ်စ်ဝင်ခဲ့သလား သိရမယ်။ အပေါင်းဖြစ်ရင် ထပ်စစ်မယ်။
• HBeAg နဲ့ HBV-DNA စစ်မယ်။ Active viral replication ရှိ-မရှိသိမယ်။
• အသဲမကောင်းတာ တွေ့သူကို Liver biopsy လုပ်မယ်။
• အသဲမှာရောဂါရှိ၊ (HBeAg positivity) တွေ့လို့ Active viral replication ပွါးများတာလဲ ရှိသူကို ဆေးပေးမယ်။
• HBsAg သယ်ဆောင်နေသူတွေကို Hepatocellular carcinoma ကင်ဆာ ဖြစ်လာ-မလာ စောင်ကြည့် စစ်ဆေးနေမယ်။ Ultrasound and Alpha-fetoprotein estimation ကို ၆ လ တခါ လုပ်နေမယ်။
• လိင်ဆက်ဆံဘက် အားလုံးကို ကာကွယ်ဆေး ထိုးမယ်။
• နာတာရှည်သမားရဲ့ မိသားစုဝင်တွေ ရောဂါပြီးတာ မတွေ့ရရင် ကာကွယ်ဆေးထိုးမယ်။
• မိခင်က ပိုးရှိသူကမွေးတဲ့ကလေး ကာကွယ်ဆေးထိုးမယ်။ ဒါ့ပြင် Hepatitis B immune globulin (HBIG) ဆေးလဲ ပေးမယ်။

Conclusion အသဲရောင် ဘီ ပိုးရောဂါ အချူပ်
Hepatitis B virus infection အသဲရောင် ဘီ ပိုးရောဂါဆိုတာ အလွတ်ရှုတ်ထွေးပါတယ်။
1. Subclinical ဘာလက္ခဏာမှ မရှိတာ။
2. Clinical acute hepatitis လတ်တလော အသဲရောင်တာ နဲ့
3. Chronic hepatitis နာတာရှည်အသဲရောင်တာတွေ ဖြစ်စေနိုင်တယ်။ ငယ်ငယ်နဲ့ဖြစ်ရင် ဒါမျိုးပိုဖြစ်နိုင်တယ်။
a. သူကနေ အသဲ နဲနဲသာပျက်စီးတာ၊
b. Cirrhosis အသဲခြောက်တာနဲ့
c. Hepatocellular carcinoma အသဲကင်ဆာ ဖြစ်လာနိုင်တယ်။

ကူးစက်နိုင်လောက်သူတွေကို ကာကွယ်ဆေး ထိုးလို့ရနေပြီ။ နာတာရှည်ထဲက အသဲလဲထိခိုက်၊ ပွါးများတာလဲ ဖြစ်နေသူတွေထဲက သင့်တော်သူ လူနာတွေကို Interferon ဆေးပေးနိုင်နေပြီ။ တခြား ဗိုင်းရပ်စ်ဆေး Lamivudine ကိုလဲ စမ်းသပ်နေတယ်။ အောင်မြင်မှုတွေ ရှိနေတယ်။

1. ၁ နှစ်တကြိမ် AST, ALT, Alkaline phosphatase နဲ့ Liver function (Bilirubin, Albumin, Prothrombin time) တွေ လုပ်မယ်။ Gastroenterologist/Hepatologist အထူးကုဆရာဝန်နဲ့ မပြတ်ဆေးစစ်နေရမယ်။ အသဲ အခြေအနေကို စစ်မယ်။
2. ၆ လ တကြိမ် Alpha-Fetoprotein (AFP) လုပ်မယ်။ Hepatocellular carcinoma ရှိ-မရှိသိရမယ်။
3. ၆ လ တကြိမ် အသဲကို Ultrasound လုပ်မယ်။ အသဲကင်ဆာကို သေးသေးလေးကတည်းက သိရမယ်။
4. ၁ နှစ်တခါ HBsAg လုပ်မယ်။ ရောဂါသယ်ပို့သူဟုတ်-မဟုတ်သိမယ်။ ၁% ထက်နဲသူတွေက HBsAg ရှင်းသွားမယ်။ anti-HBs ပေါ်လာမယ်။
5. ၁ နှစ်တခါ HBeAg စစ်တာကို HBsAg positive ဖြစ်နေသူတွေကို လုပ်မယ်။ HBeAg positive (+) ဒါမှမဟုတ် AST>200 ရှိသူတွေ Liver biopsy (ဘိုင်အော့ပ်စီ) လုပ်မယ်။ Anti-viral treatment ဆေးကုမယ်။ အသဲပိုပျက်စီးလာသူ၊ အသဲကင်ဆာ သံသယရှိသူတွေလဲ ပါတယ်။
6. ရောဂါ သယ်ဆောင်နေသူ၊ သူ့ဇနီး-ခင်ပွန်း၊ မိသားစုဝင်တွေကို Hepatitis B စစ်ရမယ်။ လိုသူတွေ ကာကွယ်ဆေး ထိုးရမယ်။ သူတို့ရော Hepatitis B carrier ပိုးသယ်ဆောင်သူမှန်သမျှကိုပါ Hepatitis B ပညာပေးရမယ်။

Hepatitis A, B, C, D, E အသဲရောင် ရောဂါများ http://dts-medicaleducation.blogspot.com/2010/01/hepatitis-b-c-d-e.html
Hepatitis B (1) ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
Hepatitis C စီ ပိုး http://dts-medicaleducation.blogspot.com/2009/07/hepatitis-c.html
Hepatitis C စီ ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html

Dr. တင့်ဆွေ

No comments: