အမေရိကန်လုပ် F-35 တိုက်လေယာဉ် (၄၂) စီးအား ဂျပန်နိုင်ငံမှဝယ်ယူ

f-35DK၊               ၊ဂျပန်နိုင်ငံသည် သက်တမ်းရင့်နေပြီဖြစ်သော ၄င်း၏ အက်ဖ်-၄ (F-4)
တိုက်လေယာဉ်များအားအဓိကအစားထိုးရန် အက်ဖ်-၃၅ ပူးပေါင်းထိုးစစ်တိုက်လေယာဉ်
(F-35 Joint Strike  Fighter, JSF) ကိုရွေးချယ်လိုက်သည်။
အမေရိကန် ကာကွယ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်သော လော့ခ်ဟိဒ်မာတင်
(Lockheed Martin) မှ အမေရိကန်ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိသည့် F-35 တိုက်လေယာဉ်
(၄၂) စီးကိုဝယ်ယူသွားမည်ဟု ဂျပန်အစိုးရမှ ကြေငြာခဲ့သည်။
ဥရောပထုတ် ယူရိုဖိုက်တာ-တိုင်ဖွန်းတိုက်လေယာဉ် နှင့် အမေရိကန်ဘိုးရင်းကုမ္ပဏီထုတ် F/A-18
စူပါဟောနက် (Super Hornet) တိုက်လေယာဉ်များနှင့်ယှဉ်ပြီးနောက် F-35 တိုက်လေ
ယာဉ်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လတ်တလော မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအီး ကိစ္စချောသွားပြီးနောက် ဒေသတွင်း
မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် ယခုကြေငြာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရိုးသားမှုကင်းမဲ့သော ကွန်မြူနစ်တရုတ်နိုင်ငံ၏ စစ်ရေးလျှို့ဝှက်ချဲ့ထွင်နေမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ
တွင် စိုးရိမ်မှုများရှိနေခဲ့သည်။ ဒေသတွင်း၌ တရုတ်ရေတပ်၏ လှုပ်ရှားမှုများ ခြေလှမ်းကြဲလာခဲ့ခြင်း
နှင့် ပတ်သက်၍ သတိပေးမှုများမြင့်တက်လာခဲ့ပြီးနောက် ယခုလများအတွင်း ဂျပန်နိုင်ငံအနေနှင့်
၎င်း၏ကမ်းရိုးတန်းကာကွယ်ရေးစနစ်များအား အားဖြည့်သွားမည်ဟု ဆိုခဲ့သည်။
F-35 တိုက်လေယာဉ်များ၌ အပြောင်းအလဲများအား အခိုင်အမာ တုန့်ပြန်နိုင်မည့် စွမ်းဆောင်
ရည်များရှိနေပြီး F-35 တိုက်လေယာဉ်များ လှုပ်ရှားမည့် လုံခြုံရေးရပ်ဝန်း၌လည်း ပိုမိုကောင်း
မွန်သော အပြောင်းအလဲများဖြစ်ပေါ်လာမည်ဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူ
အိုအီချီကာဝါ (Yasuo Ichikawa) မှဆိုခဲ့သည်။
အမေရိကန်-ဂျပန်ဆက်ဆံရေး နီးစပ်မှုကြောင့် ယခုဆုံးဖြတ်ချက်အား ကျယ်ပြန့်စွာမျှော်လင့်
ထားခဲ့ကြပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ဂျပန်နိုင်ငံ၏ အဓိက လုံခြုံရေး
မဟာမိတ်ဖြစ်ပြီး အမေရိကန်-ဂျပန်တပ်ဖွဲ့များမှ ပူပေါင်းစစ်ရေးလေ့ကျင့်မှုများအား
ပုံမှန်လိုလို ပြုလုပ်ကြလေ့ရှိသည်။
အမေရိကန်နိုင်ငံ၌ စရိတ်ကြီးလေးမှုနှင့် ထုတ်လုပ်မှုနှောင့်နှေးကြန့်ကြာမှုများကြောင့် ဝေဖန်ပြစ်
တင်ခံနေရသော လော့ခ်ဟိဒ်မာတင်ကုမ္ပဏီ အတွက် ယခုဂျပန်နိုင်ငံမှ F-35 လေယာဉ်များ
ဝယ်ယူမှုသည် အဓိကအားဖြည့်မှုတရပ်ဖြစ်လာမည်ဖြစ်သည်။ ယခုဝယ်ယူမှုမှ ၄င်း၏
တိုက်လေယာဉ်များအား အစားထိုးရန် စီစဉ်နေသော တောင်ကိုရီးယားနိုင်ငံ အပါအဝင်
အခြားသောနိုင်ငံများမှ ဝယ်ယူမှုများကို စေ့ဆော်အားပေးလာမည်ဖြစ်သည်။
ယခုဂျပန်နိုင်ငံ၏ ဝယ်ယူမှုနှင့် ပတ်သက်သည့် ကံထရိုက်အချက်အလက်များ၊ ဂဏန်းများနှင့်
အချိန်သတ်မှတ်ချက် အသေးစိတ်တို့အား သတ်မှတ်ရန် ကျန်ရှိဆဲဖြစ်ပြီး၊ ဂျပန်ပြည်တွင်းစီးပွားရေး
ကို အားဖြည့်ပေးသည့်အနေနှင့် ၄င်းတိုက်လေယာဉ်များ ထုတ်လုပ်မှုတွင် ဂျပန်ကုမ္ပဏီများလည်း
ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။
သို့သော်လည်း F-35 လေယာဉ်များကိုဝယ်ယူရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ဗြိတိသျှ
BAE Systems ကုမ္ပဏီအပါအဝင် ယူရိုဖိုက်တာ-တိုက်ဖွန်း (Eurofighter Typhoon)
တိုက်လေယာဉ် နှင့်ပတ်သက်နေသည့် ဥရောပလေယာဉ်ထုတ်လုပ်သူများနှင့် စူပါဟောနက်
ထုတ်လုပ်သူဖြစ်သည့် အမေရိကန်အခြေစိုက် ဘိုးရင်းကုမ္ပဏီတို့အတွက် စိတ်ပျက်စရာတခုဖြစ်
လာတော့မည်ဖြစ်သည်။
ကင်ဂျုံအီး ကိစ္စချောသွားသည့်သတင်းကြောင့် ၄င်း၏သားဖြစ်သူ ကင်ဂျုံအန်းနှင့် အထီးကျန်မြောက်
ကိုရီးယားနိုင်ငံတို့ ဘယ်လမ်းသွားမလဲဟု အာရှ-ပစိဖိတ်ဒေသအတွင်း၌ ပူပန်မှုများရှိလာခဲ့သည်။

No comments: