ဒေါက်တာနေ၀င်းမောင် ရုတ်တရက် ကွယ်လွန်ခြင်း


ဒေါက်တာနေ၀င်းမောင်
 Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ် တည်ထောင်သူနှင့် Myanmar Egress အား တည်ထောင်သူ တဦးဖြစ်သူ ဒေါက်တာ နေ၀င်းမောင် ဇန်န၀ါရီ ၁ ရက်နေ့ နံနက် ၁ နာရီခွဲ ၀န်းကျင်တွင် နှလုံးရောဂါဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး နှလုံး အထူးကြပ်မတ် ကုသဆောင်တွင်
ရုတ်တရက် ကွယ်လွန် သွားသည်ဟု သိရှိရသည်။

ဒေါက်တာနေ၀င်းမောင်သည် မီဒီယာနယ်ပယ်သာမက Capacity Building Center ဖြစ်သည့် Myanmar Egress တည်ထောင်သူ တစ်ဦးလည်း ဖြစ်သည့်ပြင် မကြာသေးမီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရဆွေးနွေးမှုများတွင်လည်း ကြားဝင်ဆောင်ရွက်ခဲ့သူ တဦးဖြစ်သည်။ ဒေါက်တာနေ၀င်းမောင် ကွယ်လွန်ခြင်း သွားခြင်းအတွက် MNN မှ ၀မ်းနည်းကြောင်း မှတ်တမ်းတင် အပ်ပါသည်။

Myanmar News Now

No comments: