သမိုင်းတခေတ် အကောင်းမှန်ပြောင်ရန် သမိုင်းကောင်းရေးသော လက်များဖြစ်ဖို့လို


by Ko Baloi on Thursday, March 1, 2012 at 5:14pm ·

မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်လျှင်၊ ခေတ်အထက်ဆက် ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ အစရှိသည့် အာဏာရှင် စစ်ခေါင်းဆောင်များ၏ သမိုင်းများသည် အဆိုးတွေသာများပြီး၊ စိတ်ဖြေစရာ ကောင်းကွက်တွေဆိုလို့   မယ်မယ်ရရ   ရှာဖွေလို့မရလောက်
အောင် လွန်စွာမှ ဆိုးရွားလွန်းလှပါသည်။ ထိုသူများ၏ သမိုင်းကြေးမှုံသည်၊ ၎င်း- တို့ရဲ့ အတိတ်သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေ
ခဲ့သည်။ လူသည် ကိုယ့်သမိုင်းကြောင်းကောင်ဖို့အတွက်၊ မိမိသမိုင်းကိုရေးသည့်အခါ၊ သမိုင်းကောင်းရေးသော လက်များဖြစ်ဖို့လိုသည်။
သမိုင်းကွေးသော လက်များသည်၊ သွေးစွန်းသော လက်များဖြစ်သည်။ မိမိလုပ်ရပ်များကိုကြည့်ပြီး၊ သမိုင်းဆရာများက သမိုင်းမှန်ကို ပြုစု
ရေးသားသည်။ မိမိသမိုင်းကြောင်းကို မိမိရေးလိုလျှင်၊ ဆိုးကောင်းနှစ်ထွေ ရောရှက်ပြီး သမိုင်းမှန်ကို ရေးသားရဲရမည်။ ထိန်ဝှက်ရေးသား
ထုတ်ဝေသော သမိုင်းများကို အထူးသဖြင့် အာဏာရှင်တွေ ရေးသားကြသည်။
အခုဆိုရင်....အာဏာရှင်အောက်မှ ရုန်းထွက်လာသော လက်ရှိ- အစိုးရထဲတွင်၊ သမိုင်းကောင်းရေးသူလိုများနဲ့ သမိုင်းကွေးရေးလိုသူများ
ရှိနေသည်ကို လက်ရှိ- နိုင်ငံရေးအား သုံးသပ်လျှင် တွေ့ရပါမည်။ တချိန်က အာဏာရှင်ရဲ့ လောင်းရိပ့်အောက်မှာ မိမိသမိုင်း ကွေးခဲ့သော
ငြားလည်း၊ ယ္ခု- ဒီအချိန်ခါမှာ မိမိရဲ့ သမိုင်းကြောင်းကို ပြန်လည်ကောင်းမွန်လာအောင် ရေးလျှင်- ရေးလို့ရရဲ့သားနဲ့ အကြောက်တရားလွန်
ပြီး၊ မိမိ၏ ရာထူးစည်းစိမ်နဲ့ ဥစ္စာကို မက်မောကာ၊ နဂိုအရင်အတိုင်းပဲ ရှေ့ခရီးကိုဆက်နေလျှင်....သမိုင်းရဲ့ဒဏ်ပြုခြင်းကို လေးလေး နက်နက်ခံကြရမည်ဖြစ်သည်။ တချိန်အရင်က ဖြစ်ပျက်ခဲ့သည်များကို၊ ဗိုလ်နေဝင်းကြောင့်၊ ဗိုလ်ခင်ညွှန့်ကြောင့်၊ ဗိုလ်စောမောင်ကြောင့်၊ ဗိုလ်သန်းရွှေကြောင့်၊ ဗိုလ်ခင်ညွှန့်ကြောင့်လို့ဆိုပြီး လက်ညိုးထိုးလို့ ရကောင်းပေမယ့်၊ လက်ရှိ- အခြေအနေမှာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ
ကြောင့်ဆိုပြီး လက်ညိုးထိုးပြ၍ မရတော့ချေ။ မိမိမှားရင်မိမိခံ၊ မိမိမှန်ရင်မိမိစံရမည်။
ယနေ့ဆိုလျှင်....လွှတ်တော်ဥက္ကဌ သူရရွှေမန်းကလည်း၊ သတင်းစာရှင်းလင်းပွဲတွေမှာ ယ္ခု- ပြုပြင်ပြောင်းလဲမှုတွေကို မိမိအနေနဲ့ အားရကျေနပ်မှုမရှိသေးကြောင်းထုတ်ဖော်ပြောကြားပြီး၊ မိမိမှားရင် မိမိကို အပြစ်ပေးအယူလို့ရကြောင်း ပြတ်ပြတ်သားသားပြောကာ၊ လွှတ်တော်တွင် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပေးဖို့၊ သူကိုယ်တိုင်အဆိုတင်သွင်းမှုတွေ လွှတ်တော်ထဲမှာလုပ်နေတာကို၊ ကြားသိနေရသလို၊ လာမယ့်ရွေးကောက်ပွဲမှာလည်း တရားမျှတမှုရှိပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ပြောဆိုနေခြင်းဟာ၊
၎င်း၏ သမိုင်းကို ၎င်းကိုယ်တိုင် ပြန်လည်ကောင်းမွန်လာအောင်ရေးနေသည်ဟု စာရေးသူအနေနဲ့ သုံးသပ်မိပါသည်။ ထို့နည်းလည်းကောင်း၊ သမ္မတ ဦးသိန်းစိန်၏ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ ဧရာဝတီစီမံကိန်းကို သမ္မတလုပ်ပိုင်ခွင့်အမိန့်နဲ့ ရပ်တန့်လိုက်ခြင်နှင့်  ၁ နှစ်ပြည့် သမ္မတမိန့်ခွန်းများကို ကြည့်ခြင်းအားဖြင့်၊  ဦးသိန်းစိန်အနေနဲ့ ၎င်း၏ သမိုင်းကို ကောင်းအောင် ရေးသားနေသည်ဟု သုံးသပ်လို့ရပါသည်။
သည်နေရာတွင် အလျှင်းသင့်၍ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အပြုသဘောနဲ့ ထောက်ပြဝေဖန်လိုပါသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အနေဲ့ ကချင်ဘက်ကို စစ်သည်အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေခြင်းသည်၊ တချိန်မှာ ဖြောက်ဖျက်၍မရတဲ့
အမဲစက်ကြီးတခုကို စွန်းထင်းစေပါသည်။ ကချင်ကို ထိုးစစ်ဆင်နေခြင်းကို တရုတ်အစိုးရကပဲ ဖိအားပေးပေး၊ နောက်ကွယ်ကနေ ဗိုလ်သန်းရွှေပဲအမိန့်ပေးပေး၊ ထို- ထိုးစစ်ဆင်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်ရဲရမည်။ သို့မှသာ- မိမိရဲ့ သမိုင်းကို၊ မိမိအကောင်းဆုံး
ရေးနိုင်မည်။ ထိုသို့- ပြတ်ပြတ်သားသားငြင်းဆန်ခဲ့လျှင်၊ ပြည်သူအများရဲ့ ထောက်ခံမှုကို မလွဲမသွေ ရရှိမည်ဖြစ်သည်။
ယနေ့- ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ရောက်ရှိသွားလျှင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်း၊
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့မှ ဦးစီးဦးဆောင်ပြုပြီး၊ မြန်မာ့နိုင်ငံရေးကို အတူတကွပူးပေါင်းလုပ်ဆောင်သွားလျှင်....ကျနော်တို့
မျှော်ရည်မှန်းထားသည့် ရွှေပြည်တော် မျှော်လေတိုင်းမဝေးတော့ဘူးဟု စာရေးသူအနေနဲ့ သုံးသပ်မိပါသည်။
( ကိုဗလိုင် )

No comments: