အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် မဲဆွယ်စည်းရုံးရေး ပိတ်ပင်ခံရ

Friday, March 2, 2012

 ၂-၃-၂၀၁၂
မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို အခြေခံပြီးတော့ အမျိုးသား          ပြန်လည် စည်းလုံးညီလွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်နေတဲ့အကြောင်း
တွေကိုလဲ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တိုင်းရင်း
သားတွေ ပါဝင်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်လို့ ဆိုပါတယ်၊အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ တဖက်နဲ့ တဖက် ယုံကြည်မှုဟာ အရေးကြီးတယ်ဆိုတာကို သူ့ရဲ့ အစိုးရက သဘောပေါက်ကြောင်းကိုလဲ သမ္မတက မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

နေပြည်တော် ပုပ္ဗသီရိမြို့နယ်၊ မဲဆန္ဒနယ်မှာ ကိုဇေယျာသော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ      အရွေးခံမှာဖြစ်လို့ ပါတီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်နေ့မှာ သွားရောက်
ပြီး နေပြည်တော် ဒေသခံတွေကို မဲဆွယ်စည်းရုံးဖို့ ပြင်ဆင်နေပါတယ်။ ပုပ္ဗသီရိမြို့နယ်ထဲက လယ်ကွင်း
တခုမှာ လယ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ လူထုမဲဆွယ်ပွဲ လုပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံကို တင်ပြထား     ဒါကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အသုံးပြုခွင့် မပေးနိုင်ဘူးဆိုပြီး ဖေဖော်ဝါရီလ၂၉ ရက်နေ့မှာ ကန့်  ကွက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် လယ်ပိုင်ရှင်က ခွင့်ပြုတာကို အစိုးရ အုပ်ချုပ်ရေး  မှူးရုံးကကန့် ကွက်တယ်ဆိုတော့ အစိုးရဌာနဆိုင်ရာတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အနှောင့်
အယှက်ပြုတာဖြစ်ပါတယ်။မဲဆွယ်ပြီးပြည်သူ့ ဆန္ဒရယူဖို့  ခွင့်မပြုဘူးဆိုရင် ဒီနယ်မြေဟာ အမဲရောင်
နယ်မြေဖြစ်ပါလိမ့်မယ် လွတ်လွပ်စွာမဲဆွယ်ခွင့်မရှိတဲ့နယ်မြေလို့  သတ်မှတ်ရမှာဖြစ်တယ်။မဲလိမ်
မဲခိုးဖို့  ကြိုတင်မဲတွေ ကောက်ခံနေတယ်လို့  သတင်းတွေထွက်ပေါ်နေတဲ့အတွက် နေပြည်တော်ဟာ
ရွေးကောက်ပွဲဥပဒေအရ စည်းရုံးမဲဆွယ်ခွင့် ပိတ်ပင်ခံထားတဲ့ အထူးနယ်မြေဖြစ်တဲ့အတွက်
ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်မှာ သေချာပါတယ်။သမ္မတ
ဦးသိန်စိန်ရဲ့  အမျိုးသားပြန်လည် စည်းလုံးညီလွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်လို့ ပြောတာ မှန်မမှန် အစိုးရရဲ့ လုပ်ရပ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

No comments: