ငမိုက်သားများ၏ ထင်သလို စိတ်ကြိုက်သုံးဖြုန်းခဲ့သည့် တင်နေတဲ့အကြွေးများ ပြန်ဆပ်ကြမည်.....လော။



၁၉၆၂ ခုနှစ်မှစ၍  ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်မှ နိုင်ငံတော်အာဏာအား  မတရားသိမ်းပိုက်ပြီးသည့်နောက်   ဦးနေဝင်း၏
(မဆလ) အမည်ခံအစိုးရမှသည် ( န ဝ တ ) စစ်အစိုးရ ( န ဝ တ ) မှသည်  ( န အ ဖ ) စစ်ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်
အာဏာအား    မတရားသိမ်းပိုက်ရယူခဲ့သည်ကို   နိုင်ငံတကာမှ ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် ကမ္ဘာ့အသိုင်းဝိုင်းက အဖွဲ့အစည်း
ကြီးများ  သိခဲ့ကြပါသည်။ နိုင်ငံတော်၏ အာဏာအားမတရားရယူသိမ်းပိုက်ထားမှန်း နိုင်ငံတကာနှင့် အခြားသောအဖွဲ့အစည်းများ သိသော်ငြားလည်း တရားမဝင် မြန်မာစစ်အစိုးရအား ငွေထုတ်ချေးခြင်းသည်....တရားမဝင်အစိုးရများကို တရားဝင်အောင် အသိ
အမှတ်ပြုလိုက်ခြင်း ဖြစ်သလို.... အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်စေရန် အားပေးရာသက်ရောက်သည့်အပြင်....အဆိပ့်ပင်
ကိုရေလောင်းခြင်းသာဖြစ်သည်ကို နိုင်ငံတကာအား သိစေလိုပါသည်။

ဦးနေဝင်းလက်ထက်မှ အစပြု၍ မြန်မာနိုင်ငံသည် အကြွေးမှီများရှိခဲ့သည်ကို သိခဲ့သော်ငြားလည်း....ထိုအချိန်က တခါးပိတ်ဝါဒကို
ကျင့်သုံးထားသည့် တပါတီ အာဏာရှင် နေဝင်းမှ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်သူတွေကို အဖက်ဖက်မှ ဖိနှိပ့်မင်းမူနေသော
ကြောင့်ကြွေးမှီပြဿများကို ပြည်သူလူထုအများမှ    မကြေနပ်သော်ငြားလည်း စိတ်ထဲတွင်    တအုံနွေးနွေးနဲ့ ကြွေးမှီကိစ္စနဲ့ပတ်
သက်ပြီး လူတိုင်းလိုလို ခံစားနေခဲ့ကြရပါသည်။ အမှန်မှာ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အသုံးမပြုထားသည့် ချေးငွေများသည်  ချေးယူထားသူတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်မည်။ ပြည်ကျိုးအတွက် အသုံးမပြုမှန်းသိလျှက်နှင့် (သို့) ပြည်သူတွေကို ဖိနှိပ့်- ညှင်းပမ်း သတ်ဖြတ်ရန်အတွက် ချေးယူထားသည့် ချေးငွေမှားများကို ပြည်သူတွေက ပြန်လည်ပေးဆပ်ရမည်ဆိုလျှင်...မိမိအား မတရားညှင်းပမ်း- နှိပ့်စက်- သတ်ဖြတ်ရန်အတွက် စစ်အစိုးရမှ ချေးယူထားသည့် ချေးငွေမှားများကို  ပြန်လည်ပေးဆပ်ရသလိုမျိုး  သက်ရောက်နေသည်။ မည်သူကမှ    မိမိအား   မတရား ဖမ်းဆီး- ညှင်းပမ်း- နှိပ့်စက်- သတ်ဖြတ်ရန်အတွက်     ချေးယူထားသည့်ချေးငွေများ    ပြန်ဆပ်ဟု ပြောလျှင်... ပြန်ဆပ်ကြမည်မဟုတ်ပါ။   ဒါကြောင့်...ချေးယူထားချေးငွေမှားများကို   ပြည်သူတွေအနေဖြင့် ကျိုးကြောင်းခိုင်လုံစွာနဲ့ သေသေချာချာရှင်းလင်းတင်ပြတတ်လျှင်....ပြန်လည်ပေးဆပ်စရာ လိုမည်မထင်။ ၎င်း-  ကြွေးမှီများကို     ကျိုးကြောင်းခိုင်လုံစွာဖြင့်
 ချေးယူထားသည့်   သက်ဆိုင်ရာနိုင်ငံများနှင့် အဖွဲ့အစည်းတွေကို   လက်ရှိ- နိုင်ငံခေါင်းဆောင်ကြီးများမှ အသေချာရှင်းလင်းတင်ပြပြီး
ရှင်းပြဆွေးနွေးနိုင်လျှင်....၎င်း- ကြွေးမှီများကို သက်ဆိုင်ရာနိုင်ငံများနှင့် အဖွဲ့အစည်းများမှ လျှော်ပစ်ပေးရမည်ဖြစ်သည် (သို့မဟုတ်) အတိုးနှုန်းများကို လျှော့ပစ်ပေးကြရမည်။ ဒါမှသာ....တရာနည်းလမ်းကျမည်ဟု ကျနော့်အနေဖြင့် သုံးသပ်ခံယူထားပါသည်။

အကယ်၍  ချေးယူထားသည့် ငွေများကို    အတိုးနှုန်းရော- အရင်းပါ ပြန်လည်ပေးဆပ်ရမည်ဆိုလျှင်....တရားနည်းလမ်းကျမည်
မဟုတ်ချေ။ ဒီနေရာမှာ ဥပမာအနေဖြင့် ကျနော်အနည်းငယ် ပြောပြလိုပါသည်၊  ကျနော်တို့ ထိုင်းနိုင်ငံတွင်ရှိစဉ်....ထိုင်းအာဏာပိုင်
များမှ ( SDC ) ဟုခေါ်တွင်သော် Special Detention Center တွင် နိုင်ငံရေးလှုပ်ရှားသူ ပြည်ပရောက်အမျိုးသားကျောင်းသားများ
အဖွဲ့မှ ဗဟိုကော်မီတီဝင်များနှင့် အဖွဲ့ဝင်များအား ချုပ်ရက်အကန့်အသတ်မရှိ ဖမ်းဆီးထိမ်းသိမ်းထားစဉ်....ထိုင်းနိုင်ငံတွင် World
Bank မှ နိုင်ငံတကာအား ငွေထုတ်ချေးရန် အစည်းဝေးကြီးတခု ပြုလုပ်ခဲ့ပါသည်။ အဲဒီတုန်းက ထိုင်းနိုင်ငံတွင် စစ်တပ်မှ ဗိုလ်ချုပ်ကြီး
ဆူချင်ဒါ မှ အာဏာသိမ်းထားသောကာလဖြစ်သည်။ World Bank    ထိပ့်သီးအစည်းဝေးအား   ဆန္ဒပြလျှင်    ပြင်းပြင်းထန်ထန်
နှိမ်နင်းမည်ဟု ဗိုလ်ချုပ်ကြီးဆူချင်ဒါမှ တရားဝင်ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။ (( မှတ်ချက်။  ။ ဗိုလ်ချုပ်ကြီး ဆူချင်ဒါသည်
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အပြီး- ထိုင်းနိုင်ငံသို့ ပြန်ရောက်သည်နှင့် ထိုင်းနိင်ငံ၏ နိုင်ငံတော်အာဏာကို သိမ်း ပိုက်လိုက်
သည့် အာဏာရှင်ဖြစ်သည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင်လည်း အာဏာသိမ်းအစိုးရ- မြန်မာနိုင်ငံတွင်လည်းအာဏာသိမ်းအစိုးရဖြစ်ပြီး...
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အားကောင်းနေဆဲ ကာလဆိုးကြီးဟု သတ်မှတ်လို့ရသည့်အပြင်....ထိုင်းအစိုးရနှင့် ထိုင်း-
အာဏာပိုင်များက မြန်မာကျောင်းသားများကို နှိပ့်ကွပ်နေသော ကာလဆိုးကြီးလည်းဖြစ်သည်။ ထိုအချိန်က ( SDC ) အကျဉ်းထောင်
တွင် ဘိတ်လေကြောင်းခရီးစဉ်ကို ဟိုက်ဂျက် လုပ်ခဲ့သည့် ရဲရင့်နှင့် ရဲသီဟ တို့ နှစ်ဦးလည်းရှိပါသည်....သူတို့ နှစ်ဦးကိုတော့ သီသန့်
ချုပ်နှောင်ထားပြီး နေ့ဘက်ဆို အချုပ်တခါးဖွင့်ပေးထားပြီး အချုပ်ထောင်ထဲတွင် လွတ်လပ်စွာ သွားလာခွင့်လည်း ရထားပါသည်။ သူတို့နှစ်ဦးရဲ့ အကူညီတွေလည်း ကျနော်တို့ အများကြီးရသည်ကို မှတ်ချက်အနေနဲ့ အနည်းငယ်ဖော်ပြလိုက်ပါသည်။ ))
ထို- World Bank ထိပ့်သီးအစည်းဝေးတွင်တရးမဝင် မြန်မာစစ်အစိုးရ ( SLOC ) ကိုလည်းဖိတ်ကြားထားပြီး  မြန်မာစစ်အစိုးရ ( SLOC )
 ဘည်း လာတက်ရောက်ပြီး ငွေချေးယူမည်ဟု ကျနော်တို့မှ သတင်းရရှိထားသည်။ ထို့ကြောင့်...( SDC ) ရောက်   အထိမ်းသိမ်းခံ
ကျောင်းသား- လူငယ်များမှမြန်မာစစ်အစိုးရအား ငွေမထုတ်ချေးရန် အစာငတ်ဆန္ဒပြကြရန် World Bank    ထိပ်သီးအစည်းအဝေး
မတိုင်မှီ  ကြိုတင်ညှိ့နှိုင်းဆွေးနွေးပွဲများပြုလုပ်ကြပါသည်။ ထိုအချိန်တွင် ( SDC ) တွင် အထိမ်းသိမ်းခံ မြန်မာကျောင်းသား လူငယ်
၁၀၀ ကျော်နှင့် ကျောင်းသူ ၃ ဦးရှိပါသည်။  ထိုသို့- ဆန္ဒပြရန် အစည်းဝေးများပြုလုပ်ရင်း....(SDC) ရောက် အထိမ်းသိမ်းခံကျောင်း
သားများမှ အစာငတ်ခံဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး....နှစ်ဖွဲ့ကွဲသွားပါသည်။ ထို- ကွဲသွားသောနှစ်ဖွဲ့မှ တစ်ဖွဲ့မှာ လွတ်မြောက်ရေး
အတွက် အစာငတ်ခံ ဆန္ဒပြမည်ဖြစ်ပြီး...ကျန်တစ်ဖွဲ့မှာ မြန်မာစစ်အစိုးရအား World Bank မှငွေထုတ်မချေးရန် အစာငတ်ခံဆန္ဒပြ မည်ဖြစ်သည်။  အကယ်၍ ကျနော်တို့ တောင်းဆိုချက်အား World Bank ထိပ်သီးအစည်းဝေမှ   မလိုက်လျှောလျှင်....Blood Strike
 ပြုလုပ်၍ ပြင်းပြင်းထန်ထန် တောင်းဆိုဆန္ဒပြမည်ဟု Statement ထဲတွင်ဖော်ပြ ရေးသားထားပါသည်။  ကျနော်တို့၏ Statement
ထဲတွင် ရေးသားထားသာတွေက  လက်ရှိ- မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသောအစိုးရသည်....၈၈၈၈ လေးလုံး ဒီမိုကရေစီ ပြည်သူ့
အရေးတော်ပုံအား ရက်ရက်စက်စက်ဖြိုခွင်းပြီး နိုင်ငံတော်အာဏာအား မတရား ရယူသိမ်းပိုက်ထားသည့် အာဏာရှင် စစ်အစိုးရ
ဖြစ်ကြောင်း....၎င်း- အာဏာရှင်စစ်အစိုးရအား World Bank မှ ငွေထုတ်ချေးလျှင်....၎င်း- ချေးယူရရှိသည့်ငွေများဖြင့်  စစ်လက်နက်
ပစ္စည်းများ ဝယ်ယူပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး-  ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ့်ညှင်းပမ်း- သတ်ဖြတ်မည်ဖြစ်
ကြောင်းကို တိကျခိုင်လုံစွာ ရေးသားဖော်ပြထားသည်။ ကျနော်တို့ အစာငတ်ခံဆန္ဒပြမည်ဖြစ်သော်လည်း ကျနော်တို့၏ Statement ကို
အဲဒီအချိန်တွင် ပြင်ပသို့ မထုတ်နိုင်သေး၊ ထိုအချိန်တွင် ကံအားလျှော်စွာပဲ UNHCR မှ ဆေးခန်း ကျနော်တို့တတွေရဲ့ ကျမ္မာရေးကို စစ်ဆေးကြည့်ရှုရန်ရောက်ရှိလာသည်....UNHCR ဆေးခန်းနဲ့အတူ ONSOB ဥက္ကဌ ဒေါက်တာသီဟလည်း မထင်ထားပဲလိုက်ပါ
လာသည်။ အဲဒီအချိန်က လူနာတွေကို ကြည့်ရှုစစ်ဆေးတဲ့ ဒေါက်တာမေကျော့ခိုင်ရဲ့ အကူညီကိုလည်း ရယူခဲ့ရပါသည်။ ကိုသီဟမှ ကျနော်တို့ရဲ့ Statement ကို World bank ထိပ့်သီးအစည်းဝေးထိရောက်အောင် ကူညီပေးမည်ဟု ဂတိပေးပြီး....Statement ကို မေကျော့ခိုင်ရဲ့ ဆေးမှတ်တမ်းတွေကြားရောထဲ့ထားကာ ပြင်ပသို့ ထုတ်ခဲ့ရပါသည်။ အဲဒီအချိန်က....( SDC ) တွင် ရဲအစစ်ဆေး
ထူပြောသော အချိန်ဖြစ်သည်။ ကျနော်တို့ Hunger Strike နဲ့ blood Strike နှစ်ခုစလုံးကို ပြုလုပ်ခဲ့ပါသည်။ ကျနော်တို့ရဲ့ တောင်းဆို
ချက်ကို World bank မှ လိုက်လျှောလိုက်ကြောင်း ထိုင်းနိုင်ငံတွင် ထုတ်လုပ်သေါ သတင်းစာဖြစ်သည့် Bangkok Post နှင့် The
 Nation တွင် ဖော်ပြထားသည်ကို တဖက်ခန်းမှ အီရန် နိုင်ငံရေးအကျဉ်းသားဆီမှ ဖတ်လိုက်ရ၍ ဆန္ဒပြခဲ့ကြသည့်  ကျနော်တို့တတွေ အတိုင်းဆမသိ    ဝမ်းသာကြည်နှူးမှုတွေ      ဖြစ်ခဲ့ကြရပါသည်။ ကျနော်ဆိုလိုတာက....တရားမဝင်အစိုးရမှန်းသိလျှင်....နိုင်ငံတကာ အနေနဲ့သော်လည်းကောင်း- အခြားငွေထုတ်ချေးသည့် အဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း....ငွေထုတ်ချေးဌါးခြင်းမပြုလုပ်
သင့်ပေ။ ငွေထုတ်ချေးလိုလျှင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ     ရေရှည်အကျိုးစီးပွါးရေးကိုကြည့်ပြီး...ထုတ်ချေးယူသည့်ငွေများသည် အဲဒီ
နိုင်ငံမှာရှိသည့်     ပြည်သူများ၏      အကျိုးစီးပွါးအတွက် အစိုးရက သုံးမသုံးကိုလည်း     ထည့်သွင်းစဉ်းစားရပါလိမ့်မည်။   ထိုသို့  စဉ်းစားပြီးမှသာငွေအလုံးအရင်းထုတ်ချေးသင့်/မသင့်  ဆုံးရပါလိမ့်မည်။  ထိုသို့မဟုတ်ပဲ...သူခိုးမှန်မသိ-      ဓါးမြမှန်မသိပဲ  ထုတ်
ချေးလျှင်....ထုတ်ချေးသူနှင့်ချေးဌါးသူတို့သာလျှင်     တိုက်ရိုက်သက်ဆိုင်ပါမည်။   ထိုသို့မဟုတ်ပဲ    အာဏာရှင်တို့၏     သုံးခဲ့သမျှ  
 ချေးငွေများကို    တိုင်းသူပြည်သားလူအများမှ အရင်းကော- အတိုးပါ   ပြန်လည်ဖြေရှင်းရမည်ဆိုလျှင်....တရားရေးဆိုင်ရာ နည်းလမ်း
အရသော်လည်းကောင်း- နိုင်ငံရေးရှုထောင့်ကနေသော်လည်းကောင်း-  လူ့အခွင့်အရေးရှုထောင့်ကသော်လည်းကောင်း    မည်သည့်
ရှုထောင့်ပင်ကြည့်ကြည့် တရားနည်းလမ်း မျှတမှုရှိမည်မဟုတ်ပေ။
ဥပမာ တစ်ခုအား     ဒီနေရာတွင်    အနည်းငယ်ဖော်ပြလိုပါသေးသည်။ ဥပမာ။  ။ ကျနော်သည်   ဘဏ်တခုခုက ငွေချေးလိုလျှင်...ချေးငွေများမည်ဆိုပါက  သက်ဆိုင် ရာဘဏ်မှ ...ဘာအတွက်ထုတ်ချေးဖို့အကြောင်းကို မေးးမြန်းပြီး....ကျနော့်တို့ရဲ့     အလုပ်အကိုင်
တွေကိုမေးမြန်းပြီး  ကာမှ- ပြန်ဆပ်နိုင်- မနိုင် အလုပ်အကိုင်အပေါ် မူတည်ပြီးချေးငွေထုတ်ချေးခြင်း-   မထုတ်ချေးခြင်းကို   ပြုလုပ် ပါသည်။    ထို့နည်းလည်းကောင်း   ရပ်ကွက်ထဲတွင်    အသိမတ်ဆွေကသော်လည်းကောင်း-  ဆိုင်တစ်ဆိုင်ကသော်လည်းကောင်း-
အကြွေးယူခြင်း (သို့) ငွေချေးလိုလျှင်... ထိုသူမှ ပြန်မပေးဆပ်နိုင်ဘူးဟု ငွေချေးဌါး သူကို ယူဆထားလျှင်....ဘယ်သူမှ ငွေမထုတ် ချေးသလို- ဘယ်ဆိုင်ကမှ အကြွေးပေးမည်မဟုတ်ပါ။ အထူးသဖြင့် သူခိုး- ဓါးမြတွေကို ဘယ်သူမှ ငွေထုချေးမည်မဟုတ်ပါ..။  အခုဟာက...တရားမဝင်အစိုးရမှန်းသိလျှက်နဲ့      ငွေထုတ်ချေးဌါးခြင်း  ပြုခဲ့ခြင်း၊ ထို့အပြင်...တိုင်းသူပြည်သား     လူအများစုအပေါ်
ရက်ရက်စက်စက် လူ့အခွင့် အရေးများချိုးဖောက်နေတဲ့ ကမ္ဘာ့အဆိုးဆုံး စစ်အာဏာရှင်စာရင်းဝင်   မြန်မာစစ်အာဏာရှင် အစိုးရကိုမှ
ကမ္ဘာ့ နိုင်ငံအချို့တွေနှင့် အခြားသောအဖွဲ့အစည်းများမှ  ငွေထုတ်ချေးဌါးခြင်းပြုခဲ့ခြင်းသည်....မည်သည့်ရှူထောင့်ကပင်ကြည့်ကြည့် မဆီလျှော်-  မမှန်ကန်သလို....တရားနည်းလမ်း မျှတမှုလည်းမရှိပေ..။
ငွေချေးဌါးသူများသည် ချေးဌါးသူထံမှ အကျိုးတခုတခုကို မျှော်ကိုးပြီး ချေးငွေများကို ထုတ်ချေးတတ်ကြပါသည်။ အထူးသဖြင့် တရား
မဝင်  မြန်မာစစ်အစိုးကို ငွေထုတ်ချေးဌါးခြင်းသည် အကျိုးလို၍   ညောင်ရေသွန်းခြင်းသာဖြစ်သည်။ သူတို့အထင်....မြန်မာစစ်အစိုးရမှ
သူတို့ရဲ့ သက်တမ်းမကုန်ဆုံးခင်   ငါတို့ချေးဌါးထားသည့်ငွေများကို အတိုးကောအရင်းကော...ပြန်ဆပ်နိုင်လိမ့်မည်ဟု    ယုံကြည်ထားပုံ
လည်းရကောင်းသည် ( ဒါမှမဟုတ်) မြန်မာနိုင်ငံတွင် သူတို့အကျိုးစီပွါးရေးအတွက် ရင်းနှီးမြှပ်နှံမှု ကောင်းကောင်နဲ့ လုပ်ပိုင်ခွင့်များ    တခုတခု ရလေကောင်းတန်လို့   ယူဆထားပုံလည်းရှိပါသည်။ ဘာပဲဖြစ်ဖြစ်....အခုလို   ငွေအမြောက်အများချေးယူထားပြီး....တိုင်းပြု ပြည်ပြု လုပ်ငန်းတွေမှာအသုံးမပြုပဲ....လက်နက်ခဲယမ်း-  မီးကျောက်များဝယ်ယူပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ကာ ရက်ရက်
စက်စက် မျိုးဖြုတ်သုတ်သင်ရန်အတွက်လည်းကောင်း၊  တိုင်းသူပြည်    သားများအပေါ်    မတရားဖိနှိပ်- ညှင်းပမ်း- သတ်ဖြတ်မှုလုပ်ရန်
အတွက်လည်းကောင်း ....ချေးယူထားသည့်   ငွေများကို ပြည်သူများက  ပြန်လည်ပေး  ဆပ်ရမည်ဆိုလျှင်...  ( သို့မဟုတ် )  ငမိုက်
သားများ  စိတ်ကြိုက်     ထင်သလိုသုံးဖြုန်းခဲ့သည့်  ကြွေးမှီများကို  ပြန်ဆပ်ရမည်ဆိုလျှင်...ပြန်လည်ပေးဆပ်ကြမည်လော..။
ထို့ကြောင့်- တင်ရှိနေသော အကြွေးမှီများကို အကျိုးကြောင်းခိုင်လုံစွာဖြင့်- တင်ပြဖြေရှင်းတတ်လျှင်....အကြွေးများလျှော်ပစ်ပေးနိုင်
သလို...ဆပ်ရသည့်တိုင်အတိုးနှုန်းတွေကို လျှော့ပစ်ပေးနိုင်သည်ဟု စာရေးသူအနေနဲ့ ထင်မြင်သုံးသပ်မိပါသည်။
( ကိုဗလိုင် ) ဒိန်းမတ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အကြွေးစုစုပေါင်း....ဒေါ်လာသန်ပေါင်း=======၁၁၀၂၃. ၂၉၈ သန်း
နေဝင်းခေတ်အကြွေး.....ဒေါ်လာသန်းပေါင်း==== ၈၄၀၈. ၃၄၈ သန်း
၈၈ နောက်ပိုင်း.......ဒေါ်လာသန်ပေါင်း======= ၂၆၁၄. ၉၅၀ သန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

No comments: