သတိပြုကြပါ
by Ko Baloi
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီ...ဆရာတော် ဦးဥတ္တမ- ဦးဝိဇာရ- ဆရာကြီး သခင်ကိုယ်တော်မှိုင်း- ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့
ရဲဘော်သုံးချိတ်- အာဇာနည်ခေါင်းဆောင်များနဲ့   တိုင်းရင်းသားခေါင်းဆောင်များနှင့်   ပြည်သူတွေဟာ....လွတ်လပ်ရေးရရှိဖို့အတွက်   ဗြိတိသျှကိုလိုနီနှင့်  ဖက်ဆစ်ဂျပန်တွေကို တော်လှန်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ  အသက်ပေးကာတိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးသည့်နောက်....မြန်မာ့နိုင်ငံရေးသည်  မြန်မာ့နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့်  တိုင်းရင်းသားခေါင်း
ဆောင်များ၏ နိုင်ငံရေးပဋိပက္ခကြီးထွားလာမှုကြောင့်...ပြည်တွင်းစစ်မီးသည် ဖွဲမီးကိုသို့ တစစတောက်လောင်လာခဲ့ရသည်။ ထိုအခါ...ဆင်ကြံ- ကြံပြီး     အကွက်ချောင်းနေသော     ဗိုလ်နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကိုသိမ်းပိုက်လိုက်တော့သည်။
ထိုအာဏာသိမ်းမှုကို    လက်ပိုက်မကြည့်နေတတ်တဲ့   မျိုးချစ်ကျောင်းသားတွေဟာ...ဗိုလ်နေဝင်း စစ်အုပ်စုကို  ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ရာမှ ဆဲဗင်းဂျွန်လိုင်အရေးခင်းကြီးဖြစ်လာခဲ့ရသည်။ ဆဲဗင်းဂျွန်လိုင်အရေးအခင်းကို   ဖြိုခွင်းနှိမ်နင်းပြီးနောက်-  မြန်မာ့နိုင်ငံရေး
ကစားကွင်းကို ဗိုလ်နေဝင်းဦးဆောင်သည့် စစ်အာဏာရှင်အုပ်စုက အပိုင်သိမ်းစီးလိုက်ပါတော့သည်။   ထို့နောက်-    မြန်မာ့နိုင်ငံရေး
ကစားကွင်းသည် ဗိုလ်နေဝင်းရဲ့ တိုက်-  ဖြုတ်- ထုတ်- သတ်- ဖမ်း အာဏာရှင်  နိုင်ငံရေးကစားကွင်းသို့ ရောက်ရှိခဲ့ရသည်။
ဗိုလ်နေဝင်းဦးဆောင်သည့် အာဏာရှင်နိုင်ငံရေးကစားကွင်းမှာ ဝင်ရောက်ကစားကြသည့် ခေတ်အဆက်ဆက် မျိုးချစ် တော်လှန်ရေး- နိုင်ငံရေးသမားများကို    ဗိုလ်နေဝင်းမှ အဝါကပ်နှင့် အနီကပ်များကို  သူ့စိတ်တိုင်းကြ  အလီလီအကြိမ်ကြိမ်ထုတ်ကာ  တိုက်- ဖြုတ်-   ဖမ်း- နှိပ့်-  ညှင်း- သတ်ခြင်းများ  ပြုလုပ်ခဲ့သည်။  ထိုသို့- မတရားဖမ်းဆီး- ညှင်းပမ်း- သတ်ဖြတ်ပြီး...ပြည်တွင်းစစ်မီးကို ဘယ်လိုပင်    မွှေးနေစေကာမူ....ခေတ်အဆက်ဆက် တော်လှန်ရေး- နိုင်ငံရေး သမားများသည် ၎င်း- တို့၏ အဓိကမူလရည်ရွယ်ချက်များဖြစ်ကြ
သည့်   စစ်အာဏာရှင်စနစ်ဆိုး ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့    လူ့အခွင့်အရေးများရရှိရေးတို့အတွက်...ကိုယ်ကျိုးစွန့်အနစ်နာခံကာ...
ယနေ့တိုင်-  မဆုတ်မနစ်တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့-   မဆုတ်မနစ်တိုက်ပွဲဝင်လာရင်း...၁၉၈၈ ခုနှစ်တွင်     ပြည်သူ့ဒီမိုကရေစီ
အရေးတော်ပုံကြီးဖြင့် ( မဆလ ) တပါတီ အာဏာရှင်စနစ်ဆိုးကြီးကို တွန်းလှန်တိုက်ဖျက်နိုင်ခဲ့သည်။ ( မဆလ ) တပါတီ အာဏာရှင်
စနစ်ဆိုးကြီးကို ဖြုတ်ချနိုင်ခဲ့သော်ငြားလည်း....ဗိုလ်စောမောင် ဦးဆောင်တဲ့ စစ်တပ်မှ နိုင်ငံတော်အာဏာကို  သိမ်းယူပြီးနောက်...
အာဏာသိမ်း စစ်အစိုးရရဲ့ ကတိမတည်မှုကြောင့်    စစ်တပ်သည်    စစ်တန်လျှားသို့ မပြန်တော့ပဲ....နိုင်ငံတော်အာဏာကို မတရား
သိမ်းပိုက်ထား လိုက်သည်။
ထို့နောက်-   ဝံပုလွေနဲ့    မြေခွေးလိုအကောက်ကြံနေသည့်    ဗိုလ်ခင်ညွန့်နှင့်     ဗိုလ်သန်းရွှေမှ-   ရှူးကြောင်ကြောင်ဖြစ်နေသည့်
 ဗိုလ်စောမောင် ကို   ကျမ္မာရေးအကြောင်းပြချက်ဖြင့်    ရာထူးမှအနားယူခိုင်းပြီး ( နဝတ) မှသည်    (နအဖ)     အမည်ပြောင်းကာ
 မြန်မာ့နိုင်ငံရေးကစားကွင်းကို သူခိုးလက်မှ သူဝှက်လုပြီး ထပ်မံသိမ်းစီးလိုက်ပြန်သည်။ ဗိုလ်ခင်ညွန့်နဲ့ ဗိုလ်သန်းရွှေ  နှစ်ဦးပိုင် ရှယ်
ယာပုံစံနဲ့ သိမ်းစီးထားသည့်....မြန်မာ့နိုင်ငံရေးကစားကွင်းတွင် ဗိုလ်ခင်ညွန့်မှ ဦးဆောင်ပြီး တိုက်စစ်မှူး- အလယ်တန်းနှင့် နောက်တန်း
ပါမကျန် တစ်ကောင်တည်း ထင်သလို ကစားနေရင်းက  ပွဲကြည့်ပရိတ်သတ်လို ဖြစ်နေသည့်    ဗိုလ်သန်းရွှေမှ မြွေမြွေချင်း ခြေမြင်ပြီး
 ဗိုလ်ခင်ညွန့်ရဲ့ ကစားကွက်တွေကို သိသွားကာ....ဗိုလ်စောမောင်လို မဖြစ်ဖို့အရေး  တွေးတွေးပြီးကြောက်ရွံ့လာကာ   ဒီကောင့်ကို အပီလှဲမှ ဖြစ်တော့မည်ကို သဘောပေါက်လာ၍  ဗိုလ်ခင်ညွန့်၏   ထောက်လှမ်းရေး ဒေါက်တိုင်ကို လက်ဦးမှုယူကာ  အပြီးတိုင် လှဲဖြိုလိုက်တော့သည်။
ထို့နောက် အာဏာရမက်လောဘကြီးထွားလာသော ဗိုလ်သန်းရွှေသည်   ဗိုလ်ခင်ညွှန့်ရဲ့ ထောက်လှမ်းရေးဒေါက်တိုင်ကို ဖြုတ်ချ
ပြီးသည့်နောက်...တဦးတည်း အာဏာတန်ခိုးကြီးထွားလာရေးဂွင်ကို  ချဲ့ထွင်ကာ....မြန်မာ့နိုင်ငံရေးကို ထင်ရာစိုင်းပြီး...မြန်မာ့နိုင်ငံ
ရေးအခင်းအကျဉ်းကို အဖတ်ဆယ်၍မရလောက်အောင် ရုပ်ပျက်ဆင်းပျက် တစ်ယောက်တည်း စိတ်ကြိုက်ကစားခဲ့သည်။ ဒါ့- အပြင်
ယတြာကိုယုံသည့် ဗိုလ်သန်းရွှေသည် ဘုရင်ရှူး- ရှူးကာ ဆင်ဖြူတော်များဖမ်းဆီးခြင်း၊ လူလူခြင်း မကန်တော့ယုံတမယ် လက်အုပ်ချီ၍
ကြိုဆိုမှု ပြုခြင်း၊ ကမ္ဘာ္ကအဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်နေသော်လည်း  မလိုအပ်ပဲ နေပြည်တော်တည်ဆောက်ပြီး လမ်းအမည်များကို ရှေးဆန်ဆန် အမည်မှည့်ခေါ်ခြင်း စသည့် ရုပ်ပျက်ဆင်းပျက် လုပ်ရပ်များကို စိတ်ကူးပေါက်ရင်ပေါက်သလို သူရှူးသဖွယ် ပြုလုပ်ခဲ့သည်။
ဗိုလ်သန်းရွှေသည် မြန်မာ့နိုင်ငံရေးအခင်းကျင်းကို စိတ်ကြိုက်- ထင်သလိုဖျက်ဆီးပြီးသည့်နောက်....မြန်မာနိုင်ငံ၏ အသက်သွေးကြော
ဖြစ်သည့် ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥဒေကို သူ့စိတ်တိုင်းကြိုက်ရေးဆွဲအတည်ပြုကာ....၂၀၁၀ ရွေးကောက်ပွဲကို သူစိတ်တိုင်း
ကျကျင်းပပြုလုပ်ခဲ့ပြီး....သူလက်ရွေးစင်ရွေးချယ်ထားသည့်   လူတွေနဲ့    အရပ်သားအစိုးရတစ်ရပ်ကိုဖွဲ့   စည်းပေးလိုက်ပြီး...မြန်မာ့ နိုင်ငံရေးကို     နောက်ကွယ်ကနေကြိုးဆွဲရန်    အမှောင်ချောင်ခိုနေလိုက်တော့သည်။  သူကိုယ်တိုင်     စိတ်ကြိုက်    လက်ရွေးစင်
မွေးထုတ်လိုက်တဲ့    အစိုးရကိုနောက်ကွယ်မှနေ၍    သူစိတ်တိုင်းကျကြိုးဆွဲလို့ရမည်ထင်သော်လည်း....လက်ရှိ-    မြန်မာနိုင်ငံရေး
အခင်းကျင်းကို ကြည့်ခြင်းအားဖြင့်  ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် ခေါင်းဆောင်တချို့ကြောင့်-  သူမွေးထုတ်ပေးလိုက်တဲ့
အစိုးရကို လိုရာကြိုးဆွဲကခိုင်း၍ မရတော့ချေ။ မဲခိုးတာပဲပြောပြော- မဲလိမ်တာပဲပြောပြော- မတရားတဲ့ရွေးကောက်ပွဲလို့ပဲပြောပြော
ဘယ်လိုပဲပြောပြော....ယနေ့- ဦးသိန်းစိန် ဦးဆောင်နေသော အစိုးရ၏ နိုင်ငံရေးကစားကွင်းသည် ဗိုလ်နေဝင်း- ဗိုလ်သန်းရွှေ နိုင်ငံရေး
ကစားကွင်းနဲ့   မတူတာကတော့ သေချာသည်။   ပြုပြင်ပြောင်းလဲမှုတွေအထိုက်အလျှောက်ရှိလာသော    ဦးသိန်းစိန်ဦးဆောင်သော
နိုင်ငံရေးကစားကွင်းမှာ....အရင်က-  လုံးဝပါဝင်ယှဉ်ပြိုင်ခွင့်မရှိသူတွေကို     ကစားခွင့်ပြုလာကိုတွေ့ရှိလာရသည်။ ဟိုအရင်တုန်းက
ဆို  ဒေါ်အောင်ဆန်းစုကြည်ကို   ဖမ်းဆီးထားရင်....၈၈ မျိုးဆက်များကို      လွှတ်ပေးပြီး....၈၈ မျိုးဆက်များကို ဖမ်းဆီးထားလျှင်....
  ဦးသိန်းစိန်   ဦးဆောင်တဲ့   နိုင်ငံရေးကစားကွင်းထဲမှာပဲ     အနည်းငယ်စိတ်ရှည်-  သီခံပြီး   စော့ကစားရင်းက....တဖြည်းဖြည်းနဲ့   ကျနော်တို့တတွေ    လိုချင်တဲ့     နိုင်ငံရေးကစားကွင်းဖြစ်လာဖို့ကို  ပုံဖော်ကာ         ပူးပေါင်းဆောင်ရွက်သော နည်းလမ်းများဖြင့်
 နိုင်ငံရေးကို   ပရိယာယ်ကြွယ်ဝစွာနဲ့    ပါပါးနပ်နပ်    ကစားသွားတတ်ဖို့အရေးကြီးပါတယ်။   ဆန္ဒစောပြီး  အရင်စလိုမလုပ်ကြဖို့  
 ဒီနေရာကနေ အကြံပြုလိုပါတယ်။ အခုနေခါမှာ...ဆပ်ဆပ်အထိမခံ   ဖြစ်နေတဲ့   မြန်မာ့နိုင်ငံရေးကိုလည်း  ကိုင်သွယ်ဖြေရှင်း တတ်ဖို့ လိုပါတယ်။   အခုဆို.... နယ်စပ်ဖွံ့ဖြိုးတိုးတက်မှုကို   ဇောင်းပေးပြီး...ရှေ့- နိုင်ငံရေးလုပ်ငန်းစဉ်ပါတဲ့   ပြည်တွင်းငြိမ်းချမ်းရေးအတွက်  အပစ်ခတ် ရပ်စဲရေးကိုလည်း...ခင်ညွန့်ပုံစံကဲ့သို့မဟုတ်ပဲ ပြုလုပ်နေပါပြီး။
ဒါကြောင့်....မြန်မာ့နိုင်ငံရေးကို  အားမလိုအားမရဖြစ်ပြီး  ဖြစ်ချင်အားဇောပြင်းထန်နေသူတွေကို ကျနော့်အနေနဲ့ ဒီနေရာက...သတိပေး
ပြောကြားလိုသည်မှာ-  ကျနော်တို့ ကနေ့- ဆော့ကစားနေသည့်     နိုင်ငံရေးကစားကွင်းသည်   ကျနော်တို့  ဖြစ်ချင်သည့်     အလုံးစုံ
ပါဝင်သော       လွတ်လပ်ပြီး    တရားမျှတတဲ့    နိုင်ငံရေး   ကစားကွင်းမဟုတ်သေးကြောင်း....ကျနော်တို့ ဖြစ်ချင်သည့် ကျနော်တို့   ဆော့ချင်သည့်  နိုင်ငံရေးကစားကွင်းဖြစ်ဖို့ ပုံဖော်ဖို့လိုအပ်သေးကြောင်း....နောက်တခုက-   လက်ရှိ-  အစိုးရရဲ့   ပြုပြင်ပြောင်းလဲမှု
တွေကို နိုင်ငံတကာမှလည်း   ထောက်ခံမှုတွေ     အထိုက်အလျှောက်ပြုလုပ်နေတာကတစ်ကြောင်း....ဗိုလ်နေဝင်း လက်ထက်မှ အစပြုပြီး-  ဗိုလ်သန်းရွှေ  လက်ထက်ထိ  မရရှိခဲ့သည့်   အခွင့်အရေးများသည်လည်း...ကနေ့-  ဒီအချိန်အခါတွင်အထိုက်အလျှောက်
ရရှိနေပြီးဖြစ်သောကြောင့်....ကနေ့-  မြန်မာ့နိုင်ငံရေးသည် ကျားမြီးကို ဆွဲထားရသလို   လွှတ်ရခက်ခက်  နိုင်ငံရေးသဘောမျိုးလည်း
သက်ရောက်နေကြောင်းကို  သတိပြုကြဖို့အရေးကြီးကြောင်း  တင်ပြလိုက်ပါသည်။
ဒါကြောင့်.....သတိပြုကြပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အားလုံးကိုလေးစားစွာဖြင့်.....ကိုဗလိုင်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
No comments: