အီးဂဲလ် (သိမ်းနှက်/လင်းယုန်) ဘယ်လိုအစာရှာသလဲ?

 Zaw Win  (Facebook မှ)
သိမ်းငှက်ဟာတောင်ပေါ်ကတောင်ဆိတ်ကိုတောင်အောက်ကိုတွန်းချပြီးစားသောက်တယ်။ တောင်အောက်က တောင်ဆိတ်တွေကိုလည်း တောင်ဇောင်းကို ရောက်အောင်မြှူဆွယ်တယ်။ သူ့ရဲ့အန္တိမရည်မှန်းချက်ကသူ့အစာ တောင်ဆိတ်တွေကို တောင်အောက်ကိုသူတွန်းချပြီးကိုစားသောက် ရေးဗျူဟာပေါ့။ သူ့မှာ ပြတ်သားတဲ့ မဟာဗျူဟာရှိတယ်။ နည်းဗျူဟာရှိတယ်။ မတွေဝေဘူး။ အချိန်မဖြုန်းဘူး။ ပြတ်သားတယ်။ အတွေးရှင်းတယ်။ အတွေး နဲ့ လက်တွေ့ကို ပီပီပြင်ပြင် ပေါင်းစပ်လုပ်ဆောင်တယ်။ ခတ်ပြတ်ပြတ်လုပ်တယ်။ သူ့ရည်မှန်းချက်အောင်မြင်တာတွေ့ရတယ်။

ဆရာဦးဝင်းတင် နဲ့ ဆရာတင်မိုးတို့ဆွေးနွေးကြဖူးတယ်တဲ့။ တိုက်ပွဲဝင်တဲ့နေရာမယ် "သူသေကိုယ်သေ" ဆိုတဲ့စကားစုနဲ့ပါတ်သက်လို့ဆွေးနွေးကြတယ်။ဒီစကားစုကိုသူတို့နှစ်ယောက်လုံး မကြိုက်ကြဘူးတဲ့။ တိုက်ပွဲဝင်ရင် ကိုယ်ကဘာလို့သေရမှာလဲတဲ့ ရန်သူပဲသေပေါ့တဲ့။ ဒါနဲ့ ဆရာတင်မိုးက "သူသေ ကိုယ်ရှင်တိုက်ပွဲဝင်" "သူသေ ကိုယ်ရှင်တိုက်ပွဲဝင်" "သူသေ ကိုယ်ရှင်တိုက်ပွဲဝင်" ဆိုပြီးကြွေးကြော်လိုက်သတဲ့။ "သူသေ ကိုယ်ရှင်တိုက်ပွဲဝင်" ဆိုတဲ့ အိုင်ဒီယာရှင်းရှင်းလေး ကို ဒီ ဒီဗွီဒီယိုကလစ်ကလေးနေ ခံစားမှုအတွေးစကို ကူညီဖော်ဆောင်ပေးလိမ့်မယ်။ ဒီဗွီဒီယိုကလစ်ကလေးကို ဆရာမောင်စိန်ဝင်း ပုတီးကုံး ရဲ့ "ငှက်တို့၏တေး" ကဗျာလေးနဲ့တွဲဖက်ခံစားလိုက်ရင် ဆရာဦးဝင်းတင် နဲ့ ဆရာတင်မိုးပြောကြတဲ့ "သူသေ ကိုယ်ရှင်တိုက်ပွဲဝင်" ဆိုတဲ့ အိုင်ဒီယာရှင်းရှင်းလေးဟာ ပိုပြီးအသက်ပင်လာပါလိမ့်မယ်။ ကဗျာလေးကို ဖတ်ကြည့် ခံစားကြည့်ပါအုန်း။


ငှက်တို့၏တေး...

မလိုက်ရဲရင်လည်း...
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။

တစ်နေ့ နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။ ။

ကဆုန်စိုင်းသလိုပေါ့....
မုန်းတိုင်းက ရှေ့မှာမွှေ...
တောမီးတွေက ရှေ့မှာဝိုင်း..။

ခြင်္သေ့က မြက်မစား.....
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...၊
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။ ။

မောင်စိန်းဝင်း(ပုတီးကုန်း)
မှတ်ချက်။ တိုက်ပွဲဝင်တယ်ဆိုတာ နည်းစုံလမ်းစုံနဲ့ မီးကုန်ယမ်းကုန်ကြိုးစားကြရမယ်ကို ဆိုလိုတာပါ။ အိုင်ဒီယာကို တင်ပြခံစားမျှဝေတာပါ။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: