Wall Photos
တရုတ်ပြည်အနီးက ညတစ်ညမှာ ...
စစ်ဘိနပ်တွေ တရကြမ်း တ၀ုန်းဝုန်း ဒုန်းစိုင်းပေါ်လာ။
တိဗက်လူငယ်လေးတွေ အထူးသဖြင့် မိန်းမပျိုကလေးတွေ
အ၀ိုင်းခံလိုက်ရရှာတယ်။
ကျောလှည့်။
သူတို့ချစ်တဲ့တောင်တန်းတွေဘက် လှည့်နေကြရတယ်။
နောက်ဘက်မှာ သေနတ်ပြောင်းတွေ တန်းစီလို့
ကန်လို့ ကျောက်လို့ အတင်းအကြပ် ဒူးထောက်စေခဲ့။
နောက်ပြီး သိပ်မကြာခင်မှာပဲ
ဒုန်းဒိုင်း သံတွေ ဆူညံသွား။
မြေပြင်မှာ သွေးတွေ ဖွေးကနဲ ဖွေးကနဲ။
နုနယ်အပြစ်ကင်းတဲ့ မျက်နှာပိုင်ရှင်ကလေးတွေ
ခွေကနဲ ခွေကနဲ မြေပေါ်ပစ်လဲကျ။
စစ်ဖိနပ်တွေ နောက်ပြန်ဆုတ်သွားခဲ့။
အဲဒီအရပ်မှာပဲ သူတို့ကို ထားရစ်ခဲ့တယ်။
တိရိစ္ဆာန်တို့ရဲ့ ရုပ်အလောင်းများလို ပိုးစိုးပက်စက်။
ဒါကို ဘယ်သူကမှ တွင်တွင်ကျယ်ကျယ်မပြောကြ
ကမ္ဘာမှာအကြီးဆုံး ဒီမိုကရေစီဆိုတဲ့ နိုင်ငံကြီးက ခေါင်းရှောင်တယ်။
တကယ်ပဲ UNတွေ၊ ဥရောပသမဂ္ဂတွေ၊ အင်္ဂလန်၊ အမေရိကတွေ
ကန်းနေပြီ ဆွံ့အကုန်ပြီ ထင်ပါရဲ့။
လူသန်းပေါင်းများစွာရဲ့ ဘ၀တွေ အခွင့်အရေးတွေထက်
ငွေသန်းပေါင်းများစွာရဲ့ မျက်နှာကို သူတို့ ကြည့်ခဲ့ကြတယ်။
အဲဒီလိုဖြစ်ခဲ့တာ ... တိဗက်မှာ
တရုတ်ပြည်နားမှာ။
'မြောက်ပိုင်းကို သတိထား' လို့ ကျနော်တို့ ရှေးပညာရှိကြီး မသေခင် မှာခဲ့တဲ့
ကျနော်တို့ အိမ်နီးနားချင်းကြီးရဲ့ ...
ပြောင်မြောက်တဲ့ ခြေရာလက်ရာတွေပါ။
No comments:
Post a Comment