ကယ်လီဖောနီးယား တက္ကသိုလ်မှ အသက် ၁၄ နှစ် ဉာဏ်ကြီးရှင် ကျောင်းသား

မောက္ခနိုင်ငံတကာသတင်းPublished on Thursday, 23 February 2012 03:27Written by ၀င့်ထန်း


မိဘတိုင်း ကိုယ့်ကလေးက သူ့များကလေးတွေထက် ပိုထူးခြားတယ်လို့ ယုံကြည်လေ့ရှိပါတယ်။ အဲဒီလိုဆိုရင် အမေရိကန် ကာလီဖိုးနီးယားပြည်နယ်မှ တရုတ် ဆယ်ကျော်သက် လူငယ် Moshe Kai Cavalin ရဲ့ မိဘနှစ်ပါးကလည်း သူတို့သားဟာ သူများတကာတွေထက် ပိုထူးခြားတယ်လို့ ယုံကြည်စရာ အကြောင်းရှိနေပါတယ်။
Moshe ဟာ အသက် ၈ နှစ်မှာ လော့စ်အိန်ဂျယ်လစ် ဒေသကောလိပ်ကို စတက်ခဲ့ပြီး၊ အနုပညာရပ်ဆိုင်ရာ ဘသာရပ်တွေနဲ့ ဘွဲ့ရခဲ့ပါတယ်။ အခု အသက် ၁၄ နှစ်ပြည့်ချိန်မှာ ကယ်လီဖောနီးယား တက္ကသိုလ်မှာ သင်္ချာဘာသာရပ် စကောလားရှစ် အပြည့် ရရှိပြီး လေ့လာနေပါတယ်။
မကြာခင်က We Can Do ဆိုတဲ့ စာအုပ် တစ်အုပ်လည်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပြီး ရောင်းတန်းဝင်ခဲ့ပါတယ်။ အဲဒီစာအုပ်မှာ သူက ပညာရှာရာဖြစ်ဖြစ် အခြားနယ်ပယ်မှာဖြစ်ဖြစ် ထူးချွန်အောင်မြင်ဖို့ဆိုတာ ပါရမီရှိဖို့ထက် အလုပ်ကြိုးစားဖို့သာလိုကြောင်း သူ့အမြင်နဲ့ ကိုယ်တွေ့ ကြိုးစားပုံကို တင်ပြထားပါတယ်။ ဂျက်ကီချန်း ရဲ့ ရုပ်ရှင်တွေကို အထပ်ထပ်ကြည့်တယ်လို့လည်း ပြောပါတယ်။
အယ်လ်ဂျားဇီးရား ရုပ်သံက ထူးချွန်တဲ့ Moshe ကို အသက် ၁၄ နှစ်ပြည့် မွေးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

No comments: