ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်



Published On: Sat, Feb 18th, 2012
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ကို မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရှပ်ပြေး
ရေယာဉ်နဲ့ သွားတဲ့ လမ်းတစ်လျှောက်မှာ မြို့ရွာတွေက ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်သွားရာ တွံတေးတူးမြောင်း
ကမ်းနံဘေးမှာ ဝိုင်းဝန်းကြိုဆို နှုတ်ဆက် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျိုက်ထော်  အားကစားကွင်းနဲ့ ဖျာပုံမြို့နယ် သဲကွင်းမှာ လာရောက် ကြိုဆိုကြတဲ့
သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေကို မိန့်ခွန်း ပြောသွား ခဲ့ပါတယ်။ တစ်ဆက်ထဲမှာပဲ သူ့အနေနဲ့ နိုင်ငံရေး ဘာကြောင့် လုပ်ရတယ် ဆိုတာကိုလည်း ပြည်သူတွေကို
ပြောဆို သွားခဲ့ပါတယ်။

No comments: