မွေးခါစကလေးငယ်၏  လှုပ်ရှားပုံများနှင့် ကွက်တိတူညီသော ကလေးအရွယ် စက်ရုပ်တစ်ရုပ်ကို  ဖန်တီးလိုက်ရာ အဆိုပါစက်ရုပ်၌ စိတ်ဖြင့်ထိန်းချုပ်သိရှိ နိုင်စွမ်းမရှိသော  အာရုံကြောတုံ့ပြန်မှုများပင်ပါဝင်သည်ဟု ဆိုသည်။ ယင်းအတွက် မူလရည်ရွယ်ချက်မှာ  ဗြိတိသျှ ပြဇာတ်တစ်ပုဒ်အတွက်ဖြစ်ပြီး အထူးပြုလုပ်ချက် ပညာရှင် ခရစ်ကလက်က  တီထွင်ပေးခဲ့ခြင်းဖြစ်သည်။ စတီဖင် စပီး ဘတ်၏ ရုပ်ရှင်များ၌  အထူးပြုလုပ်ချက်များကို ဖန်တီး ပေးခဲ့သည့် မစ္စတာကလက်၏ အဆိုပါ စက်ရုပ်သည်  ဟုဆိုသည်။ အဆိုပါ စက်ရုပ်ကို လုံလောက်သော သုတေသနပြုမှုများပြုလုပ်ပြီး  ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာများပါ ထည့် သွင်းနိုင်ရန်  ကြိုးပမ်းမည်ဟုဆိုသည်။ ကလေးငယ်၏ ဦးနှောက်သည် ခန္ဓာကိုယ်အခြား  အစိတ်အပိုင်းများကို ထိန်းချုပ်ထားသည့် အီလက်ထရစ် သတင်းပို့ချက်များကို  တွက်ဆနိုင်ရန် ကြိုးပမ်းဆဲ အနေအထား၌ သာရှိသေးရာ ယင်းအချက်အတိုင်း  စက်ရုပ်ကို ပြုလုပ်ထားကြောင်း မစ္စတာကလက်က ပြောကြားခဲ့သည်။ အဆိုပါ  စက်ရုပ်ကို အရေပြားအတု ဖုံးအုပ်ကာ တကယ့်ကလေး အစစ်နှင့်တူအောင်လည်း  ဖန်တီးနိုင်လိမ့်မည် ဟုဆိုသည်။စွယ်စုံ မှယူပါတယ်
No comments:
Post a Comment