၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောစကား

ညီလေး... ဆုံးရှုံးတယ်ဆိုတဲ့
ဝေါဟာရကို 
မင်းအဘိဓါန်ထဲက
 ဆုတ်ဖြဲပစ်လိုက်...
 ဆုံးရှုံးတယ်လို့
ထင်နေတာတွေဟာ
 တကယ်တော့
ရင်းနှီးမြုပ်နှံတာ.... 
 ပေးဆပ်နေတာ.... 
ငါတို့ကလေးတွေအတွက်
 ငါတို့သားမြေးတွေအတွက် 
တို့ဘိုးဘွားတွေသာ 
မပေးဆပ်ခဲ့ရင် 
ဒီကနေ့လွတ်လပ်ရေး
 ဘယ်ရလိမ့်မလဲ... 
အဲဒီပေးဆပ်မှုတွေ အတွက် 
မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်း...
မင်းသားမြေးတွေ 
ဂုဏ်ယူတတ်အောင် သင်ပေးစမ်း...
 ဆုံးရှုံးတယ်ဆိုတဲ့
ဝေါဟာရကို 
မင်းခေါင်းထဲက 
ဆွဲထုတ်ပစ်လိုက်...
ငါတို့ပေးဆပ်နေတယ်... 
ရင်းနှီးနေတယ်.. 
လာ ငါတို့ ပေးဆပ်စို့
ရင်းနှီးစို့....
 (၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးပြောစကား) 

No comments: