၈၈ မျိုးဆက်ကျောင်းသားများ၏ စာအုပ် အမှတ်တရလက်မှတ်ရေး ထိုးရောင်းချမည့်အစီအစဉ်အား အ.ဆ.ည ပိုင်ဆိုင်ခန်းတွင်ခွင့်မပြုနိုင်ကြောင်းခေါ်ယူသတိပေးခံရ။


၈၈ မျိုးဆက်ကျောင်းသားများ၏ စာအုပ် အမှတ်တရလက်မှတ်ရေး ထိုးရောင်းချမည့်အစီအစဉ်အား အ.ဆ.ည ပိုင်ဆိုင်ခန်းတွင်ခွင့်မပြုနိုင်ကြောင်းခေါ်ယူသတိပေးခံရ။
"၈၈ မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲ" စာအုပ်ထွက်ရှိခြင်း
အထိမ်းအမှတ်အဖြစ်အမှတ်တရလက်မှတ်ရေး ထိုးရောင်း ချမည့်အစီအစဉ်
အား၂၈-၂-၂၀၁၂ နေ့လည်(၁)နာရီမှ(၂)နာရီထိ မန္တလေးမြို့ ၊၃၄လမ်း၊ ၈၀-၈၁လမ်းကြားရှိ ရာပြည့်မန္တလေးစာအုပ်ဆိုင် အမှတ်(၂)တွင် ကျင်းပရန်စီစဉ်ထားပါသည်။
သို့သော်ယနေ့ညနေ့(၄)နာရီ အချိန်တွင် အ.ဆ.ည ညွန်မှုး(စီမံ-၂) မှ
ရာပြည့်မန္တလေးစာအုပ်ဆိုင် ပိုင်ရှင် ကိုပုညဆွေအား ၈၈မျိုးဆက်ကျောင်းသား
များ၏ စာအုပ် အမှတ်တရလက်မှတ်ရေး ထိုးရောင်းချမည့်အစီအစဉ်အား အ.ဆ.ည ပိုင်ဆိုင်ခန်းတွင်ခွင့်မပြုနိုင်ကြောင်းခေါ်ယူသတိပေးခြင်းခံရသည်။

No comments: