လွပ်လပ်မှုကိုချစ်မြတ်နိုးသော ဆရာကြီး ဇော်ဂျီ


အိန္ဒိယမှ ကဗျာဆရာကြီး တဂိုး၏ နိုဗယ်ဆုရ ဂီတဉ္စလီ ကဗျာ၏ ပုဒ်ရေ ၃၅ ပုဒ်မြောက်၌ ဤသို့ ဖွဲ့ ဆိုထားချက်ကို ဆရာကြီးဇော်ဂျီ ကယခုလို ဘာသာပြန်ထားပါတယ် ။

Where the mind is without fear and the head held high;
အကြင်အရပ်၌ စိတ်သည် ကြောက်ရွံ့ ခြင်းကင်း၏။ ဦးခေါင်းကိုမော့၍ထားနိုင်၏။
Where knowledge is free;
အကြင်အရပ်၌ အသိပညာကိုရှာရာတွင် အတားအဆီးမရှိ၊ လွပ်လပ်၏။
Where the world has not been broken up into fragments by narrow domestic walls;
အကြင်အရပ်၌ ကိုယ့်အချင်းချင်း အကြင်မနာ ကျဉ်းမြောင်းသော တံတိုင်းအကာအရံတို့ ဖြင့် ကမ္ဘာလောကကြီးကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ခွဲခြားထားခြင်းလည်းမရှိ။
Where words come out from the depth of truth;
အကြင်အရပ်၌ မှန်သောစကားကိုသာဆိုကြ၏။
Where tireless striving stretches its arms to wards perfection;
အကြင်အရပ်၌ မလျှောတက်ကြွ ဇွဲ လုံ့ လသည် အပြီးအမြောက် အကောင်းအမွန် သို့  ရောက်အောင် တက်လှန်း ချီတက်လျှက်ရှိ၏။
Where the clear stream of reason has not lost its way into the dreary desert sand of dead habit;
သတိသမ္မဇဉ် စမ်းရေကြည် ဓလေ့ကောင်းညှိုးမှိန်စွာခြောက်သွေ့ သော သဲကန္တာရ၌ လမ်းစမပြောက်ဘဲ နေသေး၏။ အကြင်အရပ်၌ အမြဲသဖြင့်တွေးခေါ်ကျယ်ပြန့်  မျှတယူဆပြုမှုကြအောင် အဖသခင် ကျေးဇူးရှင်သည် သူခပ်သိမ်းကို ဦးဆောင်လျက်ရှိ၏။
Where the mind is led forward by thee into ever widening though and action into that haven of freedom, my father, let my country awake.’
အဖသခင် ကျေးဇူးရှင် ထိုအရပ်၌ ကျွန်ုပ်၏ နိုင်ငံတော်သည် နိုးထပွင့်လန်းပါစေသတည်း ။  
 တဂိုး၏ မူလလက်ရေးမူ
 
(ဆရာပါရဂူ၏ ဆောင်းပါးမှ ကောက်နှုတ်ယူပါတယ် - ကလျှာ မဂ္ဂဇင်း ၂၀၁၀ ဧပြီလ)

No comments: