ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လှည်းကူးမြို့နယ်သို့ သွားရောက်၍ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အား အဆုံးသတ်ကာ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

လှည်းကူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းမကြီး အနီးရှိ ဘောလုံး အားကစားကွင်းအတွင်း ၅ သောင်းခန့်ရှိသော လူထုပရိတ်သတ် အား မိန့်ခွန်ပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးကို အဓိကထား ပြောကြားခဲ့သည်။ ထိုအတူ လှည်းကူးမြို့နယ်၏ NLD ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းကို လည်း လူထုနှင့် မိတ်ဆက်ပေးခဲ့သည်။

အပြန်လမ်းတွင်လည်း လှည်းကူးမြို့ခံများက လမ်းခရီးတလျှောက် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆုတောင်းပေးကြ၍ NLD အမှတ်တံဆိပ်ပါ အလံများ ဝှေ့ယမ်း နှုတ်ဆက်ကြကြောင်း ခရီးစဉ်တွင် လိုက်ပါသွားကြ သည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။

No comments: