ဒီမိုဝေယံ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၂
 မင်းသီလဟာ  မသင်းကြူကြူလှိုင်ကို စားသောက်ဆိုင်အပေါ်ထပ်သို့ ခေါ်ဆောင်ကာ  အရက်သောက်ခဲ့ပြီး စားပွဲထိုးများကို အခန်းအပြင်ဘက် ထွက်ရန် ပြောဆို၊  အခန်းတံခါးကို သော့ပိတ်ကာ မသင်းကြူကြူလှိုင်အား ပါးစပ်ပိတ်၊ လက်ဖြင့်  ချုပ်နှောင်ကာ သားမယား ပြုကျင့်ခဲ့မှုကို ခြိမ်းချောက်ပြီး ကြောက်ရွံ့အောင်   ပြုလုပ်ကြောင်း မပေါ်ပေါက်ခဲ့လို့ ခရိုင်တရားရုံးက သုံးသပ်ခဲ့ကြောင်း၊  ခရိုင်တရားရုံးအနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးကို ထည့်သွင်း  သုံးသပ်မှု မပြုဘဲ ချစ်ကြိုက်သူနှစ်ဦးတို့ ကာမကျူးလွန်ခြင်း ဖြစ်တယ်လို့  သာမာန် ဆုံးဖြတ်ခဲ့ကြောင်း၊ ချစ်ကြိုက်သူနှစ်ဦးလို့ သုံးသပ်ခဲ့သော်လည်း  ချစ်သူဖြစ်ကြောင်း သက်သေခံ တင်ပြနိုင်ခြင်း ရှိ၊ မရှိ၊ လူရှင်းရာ  စားသောက်ဆိုင်အပေါ်ထပ်ကို ခေါ်ဆောင် ပြစ်မှု ကျူးလွန်ခြင်း၊ အရက်သေစာ  သောက်စားပြီးမှ ပြစ်မှုကျူးလွန်ခြင်းတို့ကို ထည့်သွင်း စဉ်းစားခဲ့ခြင်း  မရှိကြောင်း သိရှိရပါတယ်။
No comments:
Post a Comment