လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း ဂျင်ကလိဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းခံရ


Photo..အဘ ဥက္ကာကိုကို

လာမဲ့ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါလာသောယာဉ်တန်းအား ၆ရက်နေ့ညက ဂျင်ကလိဖြင့်ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီး လုံခြုံရေးလူငယ်၂ယောက်ဒဏ်ရာရရှိသွားပါတယ်.

ဒေါ်အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေပါတဲ့ယဉ်ဟာ ၆ရက်နေ့ည၇နာရီက ရန်ကုန်မြို့ကနေမြောက်ဖက်ကီလို၁၄၀ဝေးတဲ့ အဝေးပြေးလမ်းမကြီးပေါ်အဖြတ် ပြင်းပြင်းထန်ထန်ဒဏ်ရာရသေစေနိုင်တဲ့ဂျင်ကလိလက်နက်နဲ့ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး လောက်စလုံး(အမာ)ကို ကားမှာတွေ့ရှိတယ် လို့ဂျပန်နိုင်ငံရှိ nhk သတင်းဌာနကကြေငြာသွားပါတယ်..

ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာနေပြည်တော်မဲဆွယ်စည်းရုံးရေးမှ ရန်ကုန်သို့ အပြန်လမ်းခုလတ်မှာ ဒေါ်အောင်ဆန်းစုကြည်စီးတဲ့မော်တော်ကားနောက်၂စီးကျော်က ဂျင်ကလိကြောင့် ကားမှန်ကွဲသွားပြီး လုံခြုံရေးအဖွဲ့ဝင်၂ယောက်ဒဏ်ရာရသွားပါတယ်.

NLD ဟာလာမဲ့လ ၁ရက်နေ့ကျင်းပမဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၄၈နေရာ မှာဝင်ရာက်ယှဉ်ပြိုင်အေ၇ွးခံရေးတဲ့အတွက် စည်းရုံးရေးလုပ်ဆောင်နေတဲ့အချိန်အခါလည်းဖြစ်ပါတယ်..

မဲဆန္ဒနယ်မြေလမ်းတလျှောက်မှသိန်းသောင်းချီတဲ့ ပြည်သူများဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပေမဲ့လည်း NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ရဲ့ ရွေးကောက်ပွဲပိုစတာဆုတ်ဖြဲ ခံရခြင်း၊ မဲဆန္ဒနယ်မြေတချို့တွင် မဲစာရင်းများ မှားယွင်းနေသောပြဿနာကိစ္စများကြောင့်
တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ပါ့မလားဆိုတဲ့ အသံများကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်..

ဘာသာပြန်..ဒေါင်းမာန်ဟုန်
Posted by than htut

No comments: