ခင်ဗျားရဲ့ပန်းသီးကိုကျုပ်ကြော်လိုက်ရတော့မလား


Written by ခင်အောင်အေး   
 chaw
ခင်ဗျားရဲ့ပန်းသီးကို ကျုပ်ကြော်လိုက်ရတော့မလား
ကြက်သွန်ဖြူ တစ်မွှာဟာ တဖျတ်ဖျတ်ခုန်နေတယ်
ဆီပူနဲ့ မတည့်တဲ့ နှုတ်ခမ်းနာအတွက် အဖြေကျော်
ဆေးကြီး ဘဲကြီးက မမိုက်ဘူး ပန်းသီးက မိုက်တယ်
လုံချည်မှာ ဆေးလိပ်မီးပေါက်ရာနဲ့လို့ လည်ဆည်
လို့ မရတော့ဘူး သံဃာတော်လဲမနေရ သပိတ်လဲ
မနေရ မင်းတို့ဟာက ဘာလဲ နစ်ရွှဲနေတဲ့ ချွေးသီး
ချွေးပေါက်တွေ မိုးခါးရေတွေလို ခံသောက်ပစ်လိုက်
လ ကို လှမ်းဟောင်တဲ့ ခွေးရူး ခွေးမိုက်တွေရဲ့ခေတ်
ပဲ ရွှေထုပ်လိုလို ပတ္တမြားထုပ်လိုလို သမိုင်းထုပ်တစ်
ထုပ် ပြန်ကောက်ရခဲ့ မှော်ထဲမှာ ညစ်ပေနေတဲ့ နိုင်ငံ
ရေးတွေနဲ့ အညံ့စား စာရိတ္တတွေ လိမ်းကျံလျက်
စိပ်မွှာထားတဲ့ ပန်းသီးထဲ အနှစ်၂၀စာ ၃၀စာ မရှိ
တရှိကို အစာသိပ်ကာ ဟင်းခတ်အမွှေးအကြိုင်များ
ဖြူးသိပ်ကာ တောင်တန်းတွေပေါ် ဗျိုင်းတွေဖြတ်ပျံ
သွား တိုးတိုးကြိတ်ကြိတ် ရေငုပ်ဝတ်စုံနဲ့ ဖြုတ်လို
ဥဏှောက်ပျစ်ပျစ်နဲ့ ကြိုတင်ဗီဇာများ ပျစ်ကနဲ _
တုပ်နှောင်ထားတဲ့ အလိုမကျစိတ်အပေါ် ဆမ်းထား
တဲ့ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက် ဆား
လက်ဖျစ် ၂ တွက်ခန့် ပြီးတော့ တစ်နေ့လုံးမနား
တမ်းတက်နေတဲ့ ကမ္ဘာ့သတင်း ဗမာ့သတင်းပုလင်း
တွေ ခွက်တွေ အိုးတွေ ပန်းကန်တွေ ရှုပ်ရှက်ခတ်
နေကာ ကျပ်ခိုးစင်ပေါ်တင်ထားတဲ့ လူမသိစေချင်
တဲ့ ….. ကလေးနဲ့ အပေါ့စား ရေပေါ်ရှပ်ပြေးယာဉ်
“အမှီအခိုမှန်သမျှသည် ..” ဟု ဆိုလိုက်စဉ်ကျုပ်
ရုတ်ခြည်း ထ,ရပ်လိုက်ကာ အေး.. မင်းရဲ့ ပန်းသီး
ကို ငါကြော်လိုက်ပြီ။    

ခင်အောင်အေး
၂၈၊ ဖေဖော်ဝါရီ၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက်
၂၀း၃၃ နာရီ

ဖဘ မှာ တေးခက်ရဲ့ စတေးတပ်စ် တခု အမှတ်တမဲ့
ပေါ့ပေါ့ဖတ်မိပြီး စိတ်ထဲ ခပ်လေးလေး ချိတ်ခိုလာလို့
သူ့စာသားကို ခေါင်းစဉ်ပြုကာ ကဗျာချရေးမိ၊ ရေးနေ
စဉ် သူငယ်ချင်း ခင်ဆွေဝင်း ကို မွေးနေ့လက်ဆောင်
ပေးဖို့ အကြွေးတင်နေတာ သတိရသွားပြီး ဒါလေးနဲ့
ဘတ်သ်ဒေးကိတ်.. ဖယောင်းတိုင်.. မီးခြစ်များအဖြစ်
တင်ဆက်လိုက်ပါကြောင်း။

သရုပ်ဖေါ် ဓါတ်ပုံ အင်စတော်လေးရှင်း  ချောအိသိမ်း
ကောင်းကင်မှယူပါတယ်

No comments: