မြန်မာပြည်သူလူထုနှင့် ထပ်တူဝမ်းနည်းမိပါကြောင်း

မြန်မာနိုင်ငံ၏ ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းသည် ဇွန်လ ၁၇ ရက် ည၁၁နာရီ၃၀ မီးနစ်တွင် ရန်ကုန် ရွှေဂုန်တိုင်အထူးကုဆေးရုံတွင် အဆုပ်ရောဂါဖြင့်ကွယ်လွန်သွားပါသည်။
ဆရာကြီးသည် ၁၉၄၀ ခုနှစ် အောဂစ်လ ၁၃ ရက်နေ့ တွင်  မန္တလေးမြို့ တွင်မွေးဖွားခဲ့ပါသည် ။ ၁၉၆၄ ခုနှစ်တွင် မန္တလေး လူထုသတင်းစာတိုက်၏ အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် အဆိုးရမှဖမ်းဆီး ထောင်ချပြီး ကိုကိုးကျွန်သို့  အပို့ ခံခဲ့ရပါသည် ။ ၁၉၈၀ ခုနှစ်တွင် လွပ်မြောက်လာသော်လဲ ထောင်ထဲတွင် နှိပ်စက်ခံရသောဒဏ်ကြောင့် လေဖြတ်ပြီး ခန္တာကိုယ် တချမ်းသေသွားခဲ့ပါသည် ။ သို့ သော်လည်း ဘယ်လက်ဖြင့်စာရေးပြီး ဝါသနာပါရာသတင်းအလုပ်ကို စွဲစွဲမြဲမြဲဆက်လုပ်ခဲ့သလို တဖက်တွင်လည်း လူငယ်များအား အင်္ဂံလိပ်စာသင်ကြားပေးခဲ့ပါသည် ။ ဆရာကြီးသည် ကလောင်အမည် ၁၅ မျိုးဖြင့် စာရေးခဲ့ပြီး စာအရေးနိုင်ဆုံးစာရေးဆရာတယောက်ဖြစ်ပါသည် ။ ဆရာကြီးကွယ်လွန်ခြင်းသည် မြန်မာ့ သတင်းလောက၏ဆုံးရှုံးမှုကြီးတခုဖြစ်ပါသည် ။

လူထုစိန်ဝင်း

၁၉၄ဝ-ခုနှစ်၊ သြဂတ်စ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ အဖ-ဦးသာဒင်၊ အမိ-ဒေါ်ကြည်ခင်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးစိန်ဝင်းဖြစ်သည်။ ကလေးဘဝမှ အထက်တန်း အောင်မြင်ပြီးသည်အထိ မန္တလေးမြို့ ဖားသားလဖုန်းကျောင်းတွင် ပညာသင် ကြားခဲ့သည်။

- ၁၉၅၆ - ၅၉ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့။
- ၁၉၆ဝ - ၆၂ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့။ နောက်ပိုင်းတွင် လူထုသတင်းစာ၌ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့။
- ၁၉၆၄ စောမိုခမ်း (ပင်ကိုယ်ရေး အချစ်ဝတ္ထု) ထွက်။ တောင်ဗီယက်နမ်မှ ငရဲခန်းများ (ဘာသာပြန်) ဝင်းဇော် အမည်ဖြင့်ထွက်။
- ၁၉၆၅ အရှေ့တောင်အာရှမှ စစ်မီးလျှံများ (ဘာသာပြန်)ထွက်၊ အလံမလှဲစတမ်း (ဘာသာပြန်)ထွက်၊ (အားလုံး ဝင်းဇော် အမည်ဖြင့်ထွက်ရှိ)။
- ၁၉၆၆ ဝင်းဇော်အမည်ဖြင့်ပင် အဖြူနဲ့အဝါဘာသာပြန်ထွက်။
- ၁၉၆၇ ဇူလိုင် ၇ ရက်၊ လူထုသတင်းစာ ပိတ်သွားချိန်၌ ရန်ကုန်တိုက်ခွဲ တာဝန်ခံအယ်ဒီတာအဖြစ် ထိန်းသိမ်း ခံခဲ့ရသည်။
- ၁၉၇၅ ဝင်းဇော်အမည်ဖြင့် အဖြူနဲ့အမဲ ဘာသာပြန်ထွက်။
- ၁၉၈ဝ ပြည့်နှစ်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တခြမ်း သေသွားရာမှ ဘယ်လက်နှင့် စာရေးကျင့်ပြီး စာပေကို ဆက်လက်ရေးသားခဲ့သည်။ နေအိမ်တွင် အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ပြီး အပတ်စဉ်ထုတ် ဂျာနယ် ၅ စောင်နှင့် လစဉ်ထုတ်မဂ္ဂဇင်း တဒါဇင်လောက်တွင် စာပေများ ဆက်လက်ရေးသား၊ မဂ္ဂဇင်းများတွင် စာပေဆိုင်ရာ၊ လူငယ်နှင့် အမျိုးသမီးရေးရာဆောင်းပါးများ ရေးသားပြီး အပတ်စဉ်ထုတ် ဂျာနယ်များတွင် နိုင်ငံတကာ သတင်းသုံးသပ်ဝေဖန်ချက်များ ရေးသားလျက်ရှိသည်။
- ၁၉၉၈ ရှက်စိတ်(ဆောင်းပါးပေါင်းချုပ်) လူထုစိန်ဝင်း အမည်ဖြင့်ထွက်။
- ၁၉၉၉ နောက်ပိုင်းထွက်ရှိသည့်စာအုပ်များ လူထုစိန်ဝင်း အမည်ဖြင့်ပင် ထွက်ခဲ့သည်။ မော်ဒန် လ္ဘက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ (စာပေရေးရာ)ထွက်။ လူငယ်နဲ့အချစ် (ဆောင်းပါးများ)ထွက်။ အရှက်နဲ့တန်ဖိုး (ဆောင်းပါးများ)ထွက်။ စာနယ်ဇင်းအရေးအသား ပုံစံသစ် စာအုပ်ထွက်။
- ၂ဝဝဝ ဝင်းဇော်အမည်ဖြင့် ဆိုယိုနာရာ (ဘာသာပြန်ဝတ္ထု) ထွက်။ ပထမအမျိုးသမီး လမ်းထွင်သူများ(ဘာသာပြန်) လူထုစိန်ဝင်းအမည်ဖြင့်ထွက်။ စီးပွားရေးလုပ်ငန်းနဲ့ ကြော်ငြာ အတတ်ပညာ(ဆောင်းပါးများ) ထွက်။
- ၂ဝဝ၂ စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနဲ့ အခြားဆောင်းပါးများ စာအုပ်ထွက်။ အတွေးအမြင် ဆောင်းပါးများ၊ မဂ္ဂဇင်းဆောင်းပါးများ အရှေ့ကိုမျှော်၍ အနောက်ကိုကြည့်ခြင်း (ဆောင်းပါးများ) စသော စာအုပ်များထွက်။
- ၂ဝဝ၃ သတင်းစာပညာ သောင်းပြောင်းထွေလာ စာအုပ်ထွက်။ လုပ်ငန်းအောင်မြင်ရေး နေ့စဉ်လက်သုံး ဆောင်ပုဒ်များ (ဘာသာပြန်) ထွက်။
- ၂ဝဝ၄ အလင်းတန်း ဆောင်းပါးများထွက်။
- ၂ဝဝ၅ - ဂျာနယ်များတွင် ရေးသားချက်များကို စုစည်းလျက် စာအုပ်များထွက်ရှိ။
- ၂ဝဝ၆ မသန်ပေမယ့် စွမ်းသူများစာအုပ်ထွက်။
- ၂ဝဝ၇ စကားမာရသွန် (၁)၊ (၂) စသော စာအုပ်များထွက်ပြီး စာအုပ်များဆက်လက်ထွက်ရှိနေသည်။
လူထုစိန်ဝင်းသည် မသန်ပေမယ့်စွမ်းသူများ စာအုပ်ကို ဘာသာပြန်ဆို ရေးသားခဲ့သည်။ သူကိုယ်တိုင်လည်း လေဖြတ်ခံထားရသူမို့ ကိုယ်တခြမ်းမလှုပ်နိုင်။ ညာလက်နဲ့ မရေးနိုင်သည့်အတွက် ဘယ်လက်ဖြင့် အရေးကျင့်ရေးသည်။ လူထုတိုက်ထွက် သတင်းစာဆရာတဦးဖြစ်သည်။ ၂ဝဝဝ-ခု ဝန်းကျင်နောက်ပိုင်း စာအရေးနိုင်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်လည်းဖြစ်သည်။ နာရီဝက်တခါလောက် အောက်ဆီဂျင်ရှု မိတ်ဆွေများလာလျှင် ထိုင်ဧည့်ခံ၊ စာအာရုံမပြတ်ရေးသားဆဲ။ ဆရာသည် ကျန်းမာရေး မကောင်းသည့်ကြားမှ ဆောင်းပါးမျိုးစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် နေ့စဉ် ရေးသားနေဆဲဖြစ်ပါသည်။ ကလောင်အမည်ခွဲမှာ ဝင်းဇော် ဖြစ်သည်။

ထင်ရှားသည့် စာအုပ်အချို့

  1. တောင်ဗီယက်နမ်မှ ငရဲခန်းများ
  2. အလံမလှဲစတမ်း
  3. အဖြူနဲ့အဝါ
  4. အဖြူနဲ့အမည်း
  5. ဆာယိုနာရာ
  6. သတင်းစာပညာ သောင်းပြောင်းထွေလာ
  7. အရှက်နှင့် တန်ဖိုး
  8. လူငယ်နှင့် အချစ်
  9. စာနယ်ဇင်းအရေးအသား ပုံစံသစ်
  10. မော်ဒန်လ္ဘက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်
  11. နန်းစကား၊ မန်းစကား - မြန်မာတို့ရဲ့ မြန်မာစကား
  12. စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာအတတ်ပညာ
  13. လူငယ်များသို့ ကဗျာလက်ဆောင်
  14. ပထမ အမျိုသမီး လမ်းထွင်သူများ
  15. မူပိုင်ခွင့်
  16. မသန်ပေမယ့် စွမ်းသူများ။                             (Myanmar Online Encyclopedia မှ)

No comments: