| မောင်တောမြို့နယ်တွင် ဖြစ်ပွားနေသောကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ် မိမိတို့ ဒီမိုကရေစီအင်အားစုများမှ တပ်မတော်အင်အားစုနှင့်အတူ အမျိုးသားရေးပြဿနာအဖြစ် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြား | 
| Friday, 08 June 2012 23:26 | 
![]() 
ရခိုင်ပြည်နယ်
 မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ ရခိုင်တိုင်းရင်းသားများ၏ 
နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ ၈၈ 
မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် 
သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။ 
လက်ရှိ
 မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် 
ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် 
ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ 
ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား 
ခေါင်းဆောင်ကိုမြအေးမှ မိမိတို့ လက်ရှိသဘောထာအား ရှင်းလင်းပြောကြားခဲ့သည်။ 
၈၈
 မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း'' 
မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ 
ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ 
အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ 
သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ 
ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ 
ကာလရှည်ကြာစွာ ကျွန်တော်တို့သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ'' ဟု 
ရှင်းလင်းပြောကြားခဲ့ပါသည်။ 
ဆက်လက်၍
 ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ 
ပွင့်ပွင့်လင်းလင်းပြောကြားလိုကြောင်း၊ ရိုဟင်ဂျာများသည် 
တိုင်းရင်းသားမဟုတ်ပါကြောင်း၊ုယခုဖြစ်ပေါ်နေသော မောင်တောကိစ္စသည် နယ်စပ်မှ 
တရားမ၀င်ဖြတ်ကျော်လာသော ရိုဟင်ဂျာများနှင့် 
ပြည်ပသွေးထိုးလှုံဆော်မှုများပါနေသည်ဟု မိမိတို့အနေဖြင့် ထင်မြင်မိပါကြောင်း၊
 နိုင်ငံတကာနိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း 
သားပြဿနာများကို ကောင်းစွာသိရှိ နားမလည်ဘဲပြောဆိုနေကြခြင်းသည် 
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်သည်ဟု 
သတ်မှတ်ပါကြောင်း၊ မျိုးဗီဇဘာသာ စကားဓလေ့ထုံးတမ်းများအရ မိမိတို့ 
နိုင်ငံတွင်းနေထိုင်သော တိုင်းရင်း သားမျိုးနွယ်စုများနှင့် 
လုံးဝပတ်သက်ခြင်းမရှိကြောင်းလည်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ 
မိမိတို့
 နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာများကြောင့် အစိုးရအဆက်ဆက်မှ 
နိုင်ငံတကာများနှင့် မျက်နှာမပျက်အောင် 
လိုက်လျောမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ 
လက်ခံခဲ့ခြင်းမှာလည်း လူသားခြင်း စာနာထောက်ထားမှုအရသာဖြစ်ကြောင်း၊ 
မိမိတို့လူမျိုးများ၏ သဘောကောင်းမှု လိုက်လျောမှုများကို နိုင်ငံကြီးများမှ 
မိမိတို့အားနည်းတဲ့နိုင်ငံက ယခုကဲ့သို့ပြဿနာများကို  လက်ခံရမည့်ဆိုသည့် 
ဖိအားပေးမှုများကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း ဦးကိုကိုကြီးမှ 
ပင်ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ 
''ကျွန်တော်တို့
 အချုပ်အခြာ အာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို 
ကျွန်တော်တို့ လက်ခံရမယ်လို့ဖိအား ပေးလာပြီဆိုရင် တပ်မတော် အင်အားစုနဲ့ အတူ
 ကျွန်တော်တို့ ဒီမိုကရေစီအင်အားစု အားလုံးက ဒါအမျိုးသားရေးပြဿနာအနေနဲ့ 
ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်'' ဟုလည်း ဦကိုကိုကြီးက ၈၈ မျိုး 
ဆက်ကျောင်းသားများအဖွဲ့၏ သဘောထားအား ပြောကြားခဲ့သည်။ 
''ကျွန်တော်တို့မှာ
 နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ 
နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ 
ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။ 
သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် 
ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။ ရိုဟင်ဂျာ ပြဿနာသည် 
မူဆလင်ပြဿနာမဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ 
ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ် ဘာသာဝင်များ ချိတ်ဆက်ပြီး 
လုပ်နေတာကိုက သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ 
ကျွန်တော်ထပ်ပြီးရှင်းရှင်း လင်းလင်းပြောချင်တာက မောင်တောမှာနေတဲ့ 
အစ္စလမ်ဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်တွေက 
ဖျက်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားတွေကို ကျူးလွန်တဲ့ 
ပြစ်မှုအဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ 
ကျွန်တော်တို့ဆီမှာ ရှိပြီးသားနိုင်ငံသားမူဆလင်တွေကို ထိခိုက်ရင်လည်း 
ကျွန်တော်တို့ နိုင်ငံသားကို ထိပါးတယ်လို့သတ်မှတ်မယ်'' ဟု 
မိမိတို့သဘောထားအား ရှင်းလင်းပြောကြာခဲ့ပါသည်။ 
အဆိုပါ
 သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ဦးကိုကိုကြီး၊ 
ကိုမြအေး၊ ကိုစိုးထွန်းတို့မှ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် 
ကျန်အဖွဲ့ဝင်များမှာ ရှမ်းပြည်နယ်သို့ ခရီးသွားရောက်နေကြောင်း သိရှိရသည်။ 
ဝေဇယန္တရာလမ်းရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ 
ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ 
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် 
သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမြအေးမှ မိမိတို့ လက်ရှိသဘောထာအား ရှင်းလင်းပြောကြားခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း'' မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ'' ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောကြားလိုကြောင်း၊ ရိုဟင်ဂျာများသည် တိုင်းရင်းသားမဟုတ်ပါကြောင်း၊ုယခုဖြစ်ပေါ်နေသော မောင်တောကိစ္စသည် နယ်စပ်မှ တရားမ၀င်ဖြတ်ကျော်လာသော ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများပါနေသည်ဟု မိမိတို့အနေဖြင့် ထင်မြင်မိပါကြောင်း၊ နိုင်ငံတကာနိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း သားပြဿနာများကို ကောင်းစွာသိရှိ နားမလည်ဘဲပြောဆိုနေကြခြင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်သည်ဟု သတ်မှတ်ပါကြောင်း၊ မျိုးဗီဇဘာသာ စကားဓလေ့ထုံးတမ်းများအရ မိမိတို့ နိုင်ငံတွင်းနေထိုင်သော တိုင်းရင်း သားမျိုးနွယ်စုများနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်းလည်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာများကြောင့် အစိုးရအဆက်ဆက်မှ နိုင်ငံတကာများနှင့် မျက်နှာမပျက်အောင် လိုက်လျောမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ လက်ခံခဲ့ခြင်းမှာလည်း လူသားခြင်း စာနာထောက်ထားမှုအရသာဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ၏ သဘောကောင်းမှု လိုက်လျောမှုများကို နိုင်ငံကြီးများမှ မိမိတို့အားနည်းတဲ့နိုင်ငံက ယခုကဲ့သို့ပြဿနာများကို လက်ခံရမည့်ဆိုသည့် ဖိအားပေးမှုများကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း ဦးကိုကိုကြီးမှ ပင်ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ''ကျွန်တော်တို့ အချုပ်အခြာ အာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို ကျွန်တော်တို့ လက်ခံရမယ်လို့ဖိအား ပေးလာပြီဆိုရင် တပ်မတော် အင်အားစုနဲ့ အတူ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစု အားလုံးက ဒါအမျိုးသားရေးပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်'' ဟုလည်း ဦကိုကိုကြီးက ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့၏ သဘောထားအား ပြောကြားခဲ့သည်။ ''ကျွန်တော်တို့မှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။ သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။ ရိုဟင်ဂျာ ပြဿနာသည် မူဆလင်ပြဿနာမဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ် ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတာကိုက သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ကျွန်တော်ထပ်ပြီးရှင်းရှင်း လင်းလင်းပြောချင်တာက မောင်တောမှာနေတဲ့ အစ္စလမ်ဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်တွေက ဖျက်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားတွေကို ကျူးလွန်တဲ့ ပြစ်မှုအဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ရှိပြီးသားနိုင်ငံသားမူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားကို ထိပါးတယ်လို့သတ်မှတ်မယ်'' ဟု မိမိတို့သဘောထားအား ရှင်းလင်းပြောကြာခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုစိုးထွန်းတို့မှ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် ကျန်အဖွဲ့ဝင်များမှာ ရှမ်းပြည်နယ်သို့ ခရီးသွားရောက်နေကြောင်း သိရှိရသည်။  | 
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments:
Post a Comment