ဇူလိုင်(၇)အတွက်ဝမ်းနည်းခြင်းသ၀ဏ်လွှာ

စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်  နှင့်                   မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်
                                                  ပူးတွဲကြေညာချက်
ဇူလိုင်(၇)အတွက်ဝမ်းနည်းခြင်းသ၀ဏ်လွှာ
(၁၃၇၃ ၊ နတ်တော်လဆုပ်(၆)ရက်)

(၁၀.၆.၂၀၁၂)

                   စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အုံကြွရင်း ရာပေါင်းများစွာသော သမ္မဂကျောင်းသား/   ကျောင်းသူတို့ရဲ့ အသက်တွေပေးခဲ့ရတဲ့နေ့ဟာ (၇.၇.၂၀၁၂)ရက်နေ့ဆို နှစ်(၅၀)ပြည့်ခဲ့ပြီ။ နီမောင်းသော ခွပ်ဒေါင်းရာကျော်တို့ရဲ့ အသက်တွေပေးခဲ့ရတဲ့ နှစ်(၅၀)ပြည့်တဲ့နေ့ကို ကျွန်ုပ်တို့ ကျောင်းသား/ကျောင်းသူ အပေါင်းက ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် အနက်ရောင် အ၀တ်များဝတ်၍ (၇)ဇူလိုင်ကို အသိအမှတ်ပြု ကြရမယ်။ အသက်ပေးခဲ့ရတဲ့ သမ္မဂကျောင်းသားများကို ဦးညွတ်လျှက် ဇူလိုင်လ(၈)ရက် နေ့ဟာလည်း နီမောင်းသော ခွပ်ဒေါင်းအပေါင်းတို့ရဲ့ အပျိုစင်မိခင် ကျောင်းသားသမ္မဂ အဆောက်အဦးကို ဖြိုခွဲခံရတဲ့ နှစ်(၅၀)ပြည့်နေ့လည်း ဖြစ်တယ်။ ဖြိုခွဲခံခဲ့ရတဲ့ မိခင်သမဂ္ဂ အဆောက်အဦး တရားဝင် ပြန်လည် တည်ဆောက် ပြီးဖွင့်လှစ်ဖို့အလိုရှိတယ်။ သမိုင်းအစဉ်အလာရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် ဖွင့်လှစ်ပေး၍ ကျောင်းများ ပြန်လည် တက်ရောက်စေလိုတယ်။ ကျောင်းသားများအတွက် ပိတ်ထားသော အဆောင်အသီးသီး ကိုလည်းပြန်လည်ဖွင့်ပေးစေလိုတယ်။ မိခင်သမ္မဂ အဆောက်အဦး ပြန်လည်တည်ဆောက် ဖွင့်လှစ်ရေး၊ ရန်ကုန်တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်တက်ရောက်ရေး၊ အဆောင်အသီးသီး ပြန် လည်ဖွင့်ပေးရေးတို့ကို ကျွန်ုပ်တို့အလိုရှိတယ်။ ကျောင်းနံရံမှာ စိုက်ထူခဲ့တဲ့ ဒေါင်းအလံပိုင်ရှင် ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမ္မဂများအဖွဲ့ချုပ် တရားဝင် ပေါ်ပေါက်လာရေးကိုလည်း လိုလားတယ်။  ခွပ်ဒေါင်းနီတို့ သွေးစည်း ညီညွတ်ကြရမယ်။ ဒီမိုကရေစီရေး၊ အမျိုးသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ကျောင်းသားထု အခွင့်အရေး တို့အတွက် ကျောင်းသားများ ညီညွတ်ကြ၊ ကျောင်းသားများ သွေးစည်း ကြ။

စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်နှင့်မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ယက်
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
(၁၀.၆.၂၀၁၂)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: