တဖြုတ်ဖြုတ်နဲ့ ကြွေလွင့်သွားခြင်း ( သတင်းစာဆရာကြီးလူထုစိန်ဝင်း ကွယ်လွန်ခြင်းအမှတ်တရ စာစု )


သြော်....တဖြေးဖြေးနဲ့ မပြန်လမ်းကိုနှင်သွားကြတဲ့ လောကကိုအလှဆင်မယ့် သူတွေ၊ လောကကို အမှန်တကယ်ငြိမ်းချမ်းချင်သူတွေ

လေတိုက်တော့လည်းကြွေ၊ တဖြုတ်ဖြုတ်နဲ့ လေမတိုက်လည်းကြွေနေကြပြန်တော့  ဒါဟာ....သဘာဝလား။ အာဏာရှင်စစ်ဘီလူးတွေ
ဖယ်ရှားဖို့ ဆရာကြီးသည်သူ၏ ရတောင့်ရခဲလူ့ဘဝတွေကိုပေးဆပ်ကာ၊ ငါ၏ပြည်သူလွတ်လပ်ဖို့၊ ငါ၏နိုင်ငံလွတ်မြောက်ဖို့၊ ငါ့လူမျိုး
ဂုဏ်မညိုးနွမ်းစေဖို့အတွက် ဘဝကိုပေးဆပ်၍ အရိုးကြေကြေ အရေခမ်းခမ်း   ကလောင်ကိုင်စွဲပြီး၊ သေဆုံးသွားသည်အထိ
ပြတ်ပြတ်သားသား ပြည်သူ့ဘက်ကနေ ပြောဆိုရေးသားဝေဖန်ရပ်တည်ပေးခဲ့သည့်  အာဂကလောင်ရှင်   သတင်းစာဆရာကြီးလူထု
စိန်ဝင်းသည် စစ်အာဏာရှင်စနစ်ဆိုးကြီးကို  ရဲရဲတောက်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

တရားမျှတမှုနဲ့ လူ့အခွင့်ရေးရရှိရေးအတွက် လွတ်လပ်စွာဝေဖန်ရေးသားခွင့်များကို သက်ဝင်ယုံကြည်သူတစ်ဦးလည်းဖြစ်သည့်အပြင်၊
တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားရှိသည့် ဆရာကြီး၏စိတ်နေသဘောထားများသည် အမှန်တကယ်မွန်မြတ်သည်။ ဆရာကြီး၏ဝေဖန်ရေး
သားမှုသည် ထိရောက်ပြီး ပြင်းထန်တဲ့သဘောကိုဆောင်သည်။ အမုန်းတရားမရှိ ပကတိရိုးသားဖြူစင်သည့်စိတ်နေသဘောထား ဆရာ
ကြီးတွင်ရှိသည်။ ဝေဖန်စရာနဲ့ ရေးသားစရာရှိရင် ဘယ်သူ့မျက်နှာကိုမှမထောက်၊ ပြတ်ပြတ်သားသားဝေဖန်ပြောဆိုရေးသားတတ်သည့်
အတွက် သဘောထားတင်းမာသူလို့ အချို့က ဆရာကြီးကိုသုံးသပ်ကြသည်။ ကျနော်သည် ထိုပဂိုလ်မျိုးကို လေးစားချစ်ခင်သည်။

ဆရာကြီးသည် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး၊ လွတ်လပ်စွာ ထုတ်ဖော်ဝေဖန်ပြောကြားရေးသား
ခွင့်များရရှိရေးတို့အတွက် ရဲရဲတောက်တိုက်ပွဲဝင်ရင်း....မမျှော်လင့်ပဲ ဘဝတပါးသို့ကူးပြောင်းသွားခြင်းအပေါ် လွန်စွာမှယူကြုံးမရဖြစ်
မိပြီး များစွာကြေကွဲဝမ်းနည်းမိပါသည်။ ဆရာကြီးအခုလိုသေဆုံးသွားရသည့်အတွက် နိုင်ငံတော်နှင့် လူမျိုးအတွက်ပါ အဖိုးမဖြတ်နိုင်
သည့် သတင်းစာဆရာကြီး နိုင်ငံရေးသမားကောင်းတစ်ယောက်ဆုံးရှုူံးသွားခြင်းဖြစ်သည်။ သတင်းစာဆရာကြီးလူထုစိန်ဝင်း ဘဝ
တစ်ပါးသို့ ထာဝရနှုတ်ဆက်ကျောခိုင်းသွားသည့်အတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်ရပါသည်။
( ဆရာကြီး ကောင်းရာသုဂတိလားပြီး၊ ကောင်းရာသုဂတိဘုံမှာ ငြိမ်းအေးစွာစံမြန်းနိုင်ပါစေ...။ )

ကိုဗလိုင်

No comments: