ဒီကမ္ဘာပေါ်မှာ ငါတို့ အမေက ကျက်သရေအရှိဆုံး

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက် ပါလီမာန်ရဲ့ Westminster Hallမှာ မိန့်ခွန်းပြောကြားခွင့်ရခဲ့တဲ့ မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ၊ သတင်း)


 ဂုဏ်ယူကြပါ မြန်မာပြည်သူ အပေါင်းတို့..

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ ဗြိတိသျှ အထက်အောက် ပါလီမာန်ရဲ့ Westminster Hallမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။

၅ဦးမြောက်ကတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ..
...
7 April 1960 Charles de Gaulle President of France 


11 July 1996 Nelson Mandela President of South Africa

17 September 2010 Benedict XVI Pope (state Visit)

25 May 2011 Barack Obama President of the United States

21 June 2012 Dr. Aung San Suu Kyi Union of Myanmar

ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ ဒီလို ဝိုင်းဝိုင်းလည် ဂုဏ်ပြုကြတာပါ..

ဗြိတိသျှ အထက်အောက် လွှတ်တော်ရဲ့ ကြီးကျယ်ခန်းနားလှတဲ့ Westminster Hallမှာ အရှေ့တောင် အာရှတိုင်းပြည် မြန်မာနိုင်ငံမှ မြန်မာပြည်သူများရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာကြတဲ့ နိုင်ငံခေါင်းဆောင်များထဲမှ ၅ဦးမြောက်အဖြစ် ဟောပြောခွင့် ရရှိခြင်းအား ဝမ်းမြောက်ဝမ်းသာ လေးစား ဂုဏ်ပြုအပ်ပါသည်...။

 ဗြိတိန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြားမှ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..

(ဝဲမှညာ) လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဝဲအစွန်)၊ လေဘာပါတီ ခေါင်းဆောင် Ed Miliband (ဒုဝဲ) ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ဇနီး ရှေ့နေ Cherie Blair (အဖြူဝတ် အမျိုးသမီး)၊ ယခင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွင်ဘရောင်း၊ အလယ်ကတော့ မြန်မာပြည်ရဲ့ အနာဂတ်ခေါင်းဆောင် မြန်မာပြည်ရဲ့ မီးရှုးတန်ဆောင် ကျွန်တော်တို့ အားလုံးရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်..။ ပတ္တမြားကို ရွှေကွပ်ထားတဲ့ အလားမြင်တွေ့ရပါတယ်ဗျာ...

Westminster Hall မြင်ကွင်း..
အမှတ်(၁၀) ဒေါင်းနင်းလမ်း မှအပြန်

ခွပ်ဒေါင်းမိခင် နင်းလျှောက်ခဲ့တဲ့ အမှတ်(၁၀)ဒေါင်းနင်းလမ်းမှအပြန်...

မြန်မာပြည်လူထုခေါင်းဆောင် ၂နှစ်သမီးအရွယ် လောက်ကပေါ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဒီဒေါင်းနင်းလမ်း အမှတ် ...၁၀ မှာပဲ အောင်ဆန်း အက်တလီ စာချုပ်ကို ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်။

ထိုမှ နှစ်ပေါင်း (၆၅)နှစ်အကြာမှာတော့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှ နေ့လည်စာနဲ့ တည်ခင်းခဲ့သလို ဗြိတိန်နိုင်ငံရဲ့ အထက်အောက် လွှတ်တော်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံခေါင်းဆောင် အဆင့်တွေသာ ဂုဏ်ပြုတဲ့ အနေနဲ့ ပြောခွင့်ပြုတဲ့ ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ ယခု မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်မှ ၅ဦးမြောက်အနေနဲ့ ဟောပြောခွင့်ရခဲ့ပါတယ်..။ ရွှေမြန်မာတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းတပုဒ်ပါ..။ ကျင်းပတော့မယ့် လန်ဒန်အိုလံပစ်က ရွှေတံဆိပ်ဆုထက် အဆပေါင်းများ စွာသာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေကို ကမ္ဘာ့အလယ်မှာ မော်ကြွားနိုင်အောင် အမေစု ဂုဏ်ဆောင်ပေးခဲ့ပါပြီ။

သမိုင်းလိုအပ်ချက်အတွက် နှစ်ပေါင်းများစွာမှ ပေါ်ပေါက်ပေးရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခွပ်ဒေါင်းမိခင် ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့ ကျေးဇူးတရားများကား အင်မတန်မှပင် ကြီးမားလှပါပေသည်...။

အမေစု ကျန်းကျန်းမာမာ ဘေးဘယာ ကင်းရှင်းစွာဖြင့် အနာဂတ် မြန်မာနိုင်ငံအကျိုးကို ဆက်လက်သယ်ပိုး နိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်..။
ဒီမိုဝေယံ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: