မိုးထိမိုးမိရွှေလုပ်ကွက် ဇုန်(၁၂) ခုရှိ ရွှေလုပ်သားများ ဆန္ဒပြတောင်းဆိုခဲ့မှုအောင်မြင်စွာပြီးစီးခြင်း

 မိုးထိမိုးမိ
သတင်းထုတ်ပြန်ချက်
၁၃၇၄ ခုနှစ်၊ နယုန်လဆုတ်(၁၀)ရက်
(၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၄) ရက်)

မိုးထိမိုးမိရွှေလုပ်ကွက် ဇုန်(၁၂) ခုရှိ ရွှေလုပ်သားများ ဆန္ဒပြတောင်းဆိုခဲ့မှုအောင်မြင်စွာပြီးစီးခြင်း

လှပသောနေ့ရက်များအတွက် အသက်နှင့်ရင်းနှီးရှာဖွေသူတို့သည် မွန်မြတ်သန့်စင်သော ရွှေမြင်တင်တောင် စေတီတော်မြတ်တွင် စုဝေးရောက်ရှိခဲ့ကြပြီး ရဲရင့်ခြင်းတံခွန်များကို အမြင့်မားဆုံးလွှင့်ထူနိုင်ခဲ့ပါသည်။ တရား မျှတရေးအတွက် ကမ္ဘာမြေကြီးကိုသက်သေပြုပါသည်။
မိုးထိမိုးမိရွှေတောင်တန်းကြီးပေါ်မှာ အသက်ကိုသရဏဂုံတင်ကြပြီး တောင်းဆိုချက်(၆)ချက်ကိုတောင်း ဆိုခဲ့ကြသည်။ 
ကလေးလူကြီးအားလုံးပေါင်း ၂၀၀၀ ကျော်တို့သည် အကောင်းဆုံးကိုမျှော်လင့်ပြီး အနက်ရှိုင်းဆုံး ဒုက္ခများကို ရင်ဆိုင်အံတုခဲ့ကြပါသည်။ နစ်နာချက်များကိုဖော်ထုတ်ရန် နေပြည်တော်သို့အရောက်သွား မည့်ခရီးစဉ်အား ခရီးမိုင် ၂၀ ကျော်ကိုဖြတ်သန်းခဲ့ပြီးနောက် ရွှေမြင်တင်တောင်ပေါ်သပိတ်စခန်းတွင် သပိတ်အရေးတော်ပုံ (၅၄) ရက်မြောက်နေ့၌ ညီညွတ်သော၊ စည်းကမ်းရှိသော၊ ယဉ်ကျေးသော လုပ်သားထုအားလုံး၏ ကြိုးပမ်းမှုများကြောင့် နေ့လည် ၁၂း၃၀ နာရီတွင် ညှိနှိုင်းပြေလည်ခဲ့ပါသည်။ လူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားသော လူသာူးများအချင်းချင်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့ရွှေလုပ်သားများမှ အောင်မြင်မှုအတွက် အားလုံးကိုကျေးဇူးတင်ပါသည်။       
၁၄.၆.၂၀၁၂ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် မိမိတို့အလုပ်သမားများနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီများအုပ်စုတို့ သဘောတူပြေလည်မှုရခဲ့ပါသည်။  မိမိတို့ဘ၀ကိုစာနာနားလည်ပြီး စိတ်ဓါတ်ခွန်အား၊ လူအားတို့ဖြင့်အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ကူညီခဲ့ကြသော ရဟန်းသံဃာအပေါင်းနှင့် မိဘပြည်သူ လူထုကြီးအား ထာဝရကျေးဇူးတင်လျှက်ရှိပါသည်။ မိုးထိမိုးမိရွှေမြေကို ဖိတ်ခေါ်ပါသည်။ နွေးထွေးစွာကြို ဆိုပါမည်။
ကမ္ဘာ့အလုပ်သမားများ သွေးစည်းကြ …
ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ကြ …
တရားမျှတရေးအတွက် ကြိုးပမ်းကြ …
မိုးထိမိုးမိရွှေတွင်းအလုပ်သမားများ
                                                                                                ၁၄.၆.၂၀၁၂ 
မှတ်ချက်။            ။ ရွှေမြင်တင်တောင်သပိတ်စခန်း၌ ထုတ်ပြန်ဖတ်ကြားခဲ့သောကြေညာချက်အား တစ်ဆင့်ပြန် လည်ဖြန့်ဝေခြင်းဖြစ်ပါသည်။

မိုးထိမိုးမိရွှေလုပ်ကွက် ဇုန်(၁၂) ခုရှိ ရွှေလုပ်သားများ ဆန္ဒပြတောင်းဆိုခဲ့မှုအောင်မြင်စွာပြီးစီးခြင်း
မှတ်တမ်းများ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: