နိင်ငံရေး အမြတ်ထုတ်နေတဲ့ စစ်အုပ်စု ( သားဆွေ)

အခုဟာက ရခိုင်တိုင်းရင်းသူ မသီတာထွေး ကို အဓမကျင့်ခံရမှု ကို တရားဥပဒေအရ ထိရောက်စွာ အရေးယူမပေးပဲ ။ လူမျိုးရေးဘာသာရေးအဓိကရုဏ်းဖြစ်အောင်
 စစ်အုပ်စုက ဂွင်ဆင်တာပါ။နိင်ငံရေးအမြတ်ထုတ်ဖို့  ကြိုးပန်းနေတဲ့လုပ်ရပ်ဆိုးဖြစ်ပါတယ်။ 

 အစိုးရ သတင်းဌာနတွေကနေ မှုဒိမ်းမှုကို ဘာသာရေး လူမျိုးရေး ခေါင်းစဉ်တွေတပ်ပြီး သတင်းကြေညာသွားခဲ့တာတွေ၊
 ပြစ်မှုကျူးလွန်သူကို အရေးမယူပဲ ထားခဲ့တာတွေ၊ အရေးယူဖို့ နိုင်ငံရေးနည်းအရ တောင်းဆိုလာတဲ့ ရခိုင်ပြည်သူတွေကို
ရဲက သေနတ်နဲ့ အချက် ၄၀ ပစ်ခတ်ခဲ့တာတွေ၊ အဝေးပြေးကားကိုတားပြီး မူစလင်ကုလားတွေကို သတ်ပစ်ခဲ့တာတွေ၊
ဒီလူသတ်မှုကိုလည်း အရေးမယူပဲ ထားခဲ့တာတွေ။ ကုလားတွေ မကြေမနပ်ဖြစ်ပြီး စုဝေးလာစေခဲ့တာတွေ၊ စုဝေးလာတဲ့အခါမှာ ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့လာတော့ နယ်မြေခံတပ်အင်အားမလုံလောက်လို့ပါ အကျဉ်းစခန်းက ရဲတပ်ဖွဲ့လောက်ပဲ ရှိလို့ပါဆိုတဲ့
အကြောင်းပြချက်တွေ လုပ်တာပါ။ 
 အခြေအနေပိုဆိုးလာအောင်လုပ်ခဲ့တာတွေ၊ အခြေအနေပိုဆိုးလာအောင် သမ္မတရုံး ညွန်မှူး မူးဇော်က ဆွပေးခဲ့တာတွေ(အခုတော့ သူရေးတာတွေ ပြန်ဖြုတ်သွားပါပြီ)၊ အဓိကရုဏ်းကို ထိမ်းသိမ်းဖို့ လူမျိုးရေး ဘာသာရေး ပဋိပက္ခမဖြစ်အောင် ၀င်ရောက်တားဆီးပေးတဲ့ ဒီမိုကရေစီအင်အားစုတွေကို ကုလားဖက်ပါသူတွေလို့စွပ်စွဲပြီး ရခိုင်တွေနဲ့ရန်တိုက်ပေးတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပုတ်ခတ် စွပ်စွဲ စော်ကားလာတာတွေ၊ (တခွန်းတည်းနဲ့ပြောရရင် အတိုက်အခံတွေကို ဒီပွဲမှာ ပြည်သူနဲ့ အပြတ် ရန်တိုက်သွေးခွဲဖို့ကျိုးစားလာတာတွေ)၊ စစ်တပ် နဲ့ စစ်တပ်မကင်းရာမကင်းကြောင်းတွေက နာမည်ကောင်း ယူဖို့ကျိုးစားတာတွေ
ဒါတွေအားလုံးဟာ အကြောင်း အကျိုး ဆက်စပ်မှုတွေပဲလို့ ကျနော် တင်ပြချင်တယ်ဗျာ။

သားဆွေ




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: