အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် 
ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ 
အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ 
ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ
 လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင် 
ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ 
လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား 
ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။
Burma VJ
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
 
No comments:
Post a Comment