ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မောင်တောသို့ ရောက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွါးနေသော အခြေအနေ များ ကို ဖြေရှင်း ပေး ရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက် ခမ်း မောင်တောမြို့ သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက် ရေး ပါတီနှင့် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ တာဝန်ရှိ သူများ က ပြောကြား သည်။
09 Jun 2012  By The Voice Journal
ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဖုန်းဆွေတို့လည်း မောင်တောမြို့သို့ ရောက်ရှိ ကွပ်ကဲ လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: