ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦး အမွေဆိုင်အိမ်ကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်

မြန်မာ့ဗုဓ္ဒဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ မိဘအမွေဆိုတာ ရသင့်ရထိုက်မှသာ ခံစားစံစားရပါသည်။ အခုဖြစ်ပွါးနေတဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့၏ အမွေဆိုင်အိမ်ကိစ္စသည်၊ အောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်
ချုပ်နှင့် ထိမ်းသိမ်းခဲ့စဉ်ကတည်းက ရန်သူ့အလိုအကျ အကွက်ကျကျစီစဉ်ခဲ့ပြီး နိုင်ငံရေးအရထိုးနှက်တိုက်ခဲ့ခြင်းပင်ဖြစ်သည်။
လူသည် စဉ်းစားမျှော်မြင်တွေးခေါ်တတ်ပြီး ဦးနှောက်ရှိသည့်အတွက် ချီးကြွေးလျှင်မည်သူမှ စားမည်မဟုတ်။ ထို့ကြောင့် လုပ်သင့် လုပ်ထိုက်၊မလုပ်သင့်မလုပ်ထိုက်တာကို အောင်ဆန်းဦးမှ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားသုံးသပ် ဆုံးဖြတ်နိုင်ရပေလိမ့်မည်။ ထိုသို့ စဉ်းစားမျှော်တွေးခေါ်ဆုံးဖြတ်တတ်သည့် အသိဥာဏ်ရှိလျှက်နှင့် မလုပ်သင့်မလုပ်ထိုက်၊ မပြုသင့်မပြုထိုက်တာကို သိလျှက်နှင့်
ကျူးလွန်ခြင်းသည်၊ထိုလူသည် လက်ပုခုံးကြားက ခေါင်းပေါက်ခဲ့သည်မှာ တူသော်ငြားလည်း၊ ပိုင်းခြားဝေဖန်ဆုံးဖြတ်နိုင်သည့်
လူ့အသိစိတ်ဓါတ်မရှိ၍ လူ့တရိစ္ဆာန်တို့နှင့် တူသည်ဟုခိုင်းနှိုင်းပြောဆိုရမည်ဖြစ်သည်။
အောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ဟာ တအူတုံဆင်းခဲ့ကြပေမယ့် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အဖြူနဲ့ အမဲလိုကွာခြားနေတာကို
အများကသိရှိပြီးဖြစ်ပါသည်။ အောင်ဆန်းဦးရဲ့စိတ်ဓါတ်က အရမ်းကိုအောက်တမ်းကျသေးတိမ်လွန်းပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့
စိတ်နေသဘောထားကတော့ အရမ်းကိုမြင့်မြတ်လွန်းလှပါပေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိသည့်
စိတ်နေသဘောထားသည် ဖြူစင်ပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်း- ဒေါ်ခင်ကြည်တို့နှင့်ဆင်တူသည်။ အောင်ဆန်းဦး၏ တိုင်းပြည်နဲ့ လူမျိုး
အပေါ်ထားရှိသည့်စိတ်နေသဘောထားသည် လွန်စွာမှအောက်တန်းကျပြီး သုံး၍မရလောက်အောင် သူ၏စိတ်ဓါတ်သည် ချီးပေနေ
သည်။ အမှန်တကယ်ဆိုရလျှင် အောင်ဆန်းဦးသည် ဖခင်- မိခင်နှင့် အမျိုးဂုဏ်မညှိုးနွမ်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်
ငန်းစဉ်များကို အကိုတစ်ယောက်အနေနဲ့ တတ်စွမ်းသည့်ဘက်ကနေ တတ်အားသ၍ပံ့ပိုးကူညီဆောင်ရွက်လုပ်ကိုင်ပေးသွားရပေမည်။ အခုမှာ အဲသလိုမျိုးမဟုတ်ပဲ အမျိုးဂုဏ်ညှိုးနွမ်းသွားစေရန် တမင်ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်သည်။ အခုကိစ္စမှာ မယားကြောက်
အောင်ဆန်းဦး၏ဇနီး ရန်သူနဲ့ပေါင်းပြီး နောက်ကွယ်ကကြိုးဆွဲနေသည်ဟု အများကသုံးသပ်ကြပါသည်။ အမှန်မှာ နောက်ကွယ်ကနေ
ဘယ်သူပဲကြိုးဆွဲဆွဲ အောင်ဆန်းဦးအနေနဲ့ မလုပ်သင့်ပေ။
ယ္ခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်လျှက်ရှိသည့်အမွေခွဲဝေပေးရမည့် ဗိုလ်ချုပ်အောင်ဆန်းမိသားစုနေခဲ့သည့်နေအိမ်ကို မပျက် မဆီး၊ မပျောက်ပျက်သွားအောင်စောင့်ရှောက်ရမည့်တာဝန်သည် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း၏ တာဝန်မဟုတ်ပေ။ ဗိုလ်ချုပ်ကိုလေးစားချစ်ခင်ကြသည့် ကျနော်တို့၏တာဝန်လည်းဖြစ်သည်ဟု ခံယူထားကြရမည်။ ဤအမွေဆိုင်အိမ်ကိစ္စသည် သာမန်
ဖြစ်ရိုးဖြစ်စဉ် အိမ်အမွေခွဲဝေခြင်းကိစ္စမဟုတ်၊ နောက်ကွယ်တွင် သဘောရိုးမဟုတ်သည့် နိုင်ငံရေးအရ ကောက်ကျစ်ယုတ်မာတဲ့
အကြံအစီများရှိမည်။ အခုဆိုရင်တရားရုံးမှဆုံးဖြတ်ခဲ့သည့် တစ်ယောက်တဝက်ခွဲယူရမည်ဆိုသည့် အိမ်အမွေကိစ္စသည် မှားယွင်းပြီး
ဘက်လိုက်မှုရှိနေသည်။ ရွေ့ပြောင်လို့မရတဲ့ အမွေဆိုင်ပစ္စည်းကို ဥပဒေကြောင်းရာအရ နိုင်ငံခြားသားများမှ ပိုင်ဆိုင်ခွင့်မရှိ၊ ထိုသို့
ဥပဒေကြောင်းရာအရ ပိုင်ဆိုင်ခွင့်မရှိသည့်အမှုကို ဘက်လိုက်ပြီးဆုံးဖြတ်ခဲ့သည့် တရားရေးဝန်ထမ်း တရားသူကြီးများကို ပြင်းပြင်း
ထန်ထန် ကျယ်ကျယ်လောင်လောင် မီဒီယာကနေတဆင့် ကျနော်တို့တတွေ ကန့်ကွက်ရှုတ်ချမှုများပြုလုပ်ရမည်။ ဒီလိုမတရား
ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးတွေနဲ့ လူ့ငနွားအောင်ဆန်းဦးတို့ကို ဒီကနေ့ကစပြီး facce book နှင့် အခြားမီဒီယာ ကနေ ကျနော်တို့ တတွေပေါင်းစည်းအားနဲ့ ပြင်းပြင်းထန်ထန် ကျယ်လောင်သောအသံများဖြင့် ကန့်ကွက်ရှုတ်ချပါစို့လို့ ကျနော့်အမြင်အားတင်ပြရေး
သားလိုက်ပါသည်။
အကယ်၍ မဖြစ်မနေအိမ်အမွေအား အောင်ဆန်းဦးအားပေးရလျှင် လိုအပ်သည့်ငွေများကို ဗိုလ်ချုပ်ကိုချစ်ခင်လေးစားကြသည့်
ပြည်သူများနှင့် ကျနော်တို့တတွေ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါစို့လို့ တိုက်တွန်းရင်း.....။
၁- ယိုယွင်းပျက်ဆီးနေတဲ့ တရားရေးမာန်ဏ္ဍိုင်ပြောင်းလဲရေး......ဒို့အရေး.....ဒို့အရေး။
၂- ဘက်လိုက်မှုရှိတဲ့ တရားစီရင်ရေး......အလိုမရှိ......အလိုမရှိ။
၃- အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး......တို့အရေး....တို့အရေး။
၎- အကျင့်ပျက်ဝန်ထမ်းများ.......အလိုမရှိ......အလိုမရှိ။
၅- မြန်မာပြည်......အေးချမ်းပါစေ....ငြိမ်းချမ်းပါစေ။
( မည်သူမဆိုလွတ်လပ်စွာရှဲနိုင်ပါသည် )
( ကိုဗလိုင် )

(မှတ်ချက်- ဆောင်းပါးရှင်၏အာဘော်သာဖြစ်ပါသည်)


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: