ရခိုင်အကြမ်း ဖက်မှု အမြန်ဆုံး ရပ်ဆိုင်းရန် ရခိုင် ၊ ရှမ်း နှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တောင်းဆို

 ယနေ့  ဇွန်လ ၁၁ရက်နေ့  ညနေ ၄နာရီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် မှ ဦးစီးပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည် ။

ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် မှ ဦးအေးသာအောင် ရခိုင်သားကြီးစာပေမှ ဦးလှမြင့် ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့  တက်ရောက်ကြပြီး ရခိုင်ပြည်နယ် အမြန်ဆုံးင်ြမ်းချမ်းရေး ရရှိရန် တောင်းဆို ခဲ့ကြသည် ။
ကျွန်နော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ ရဲ့ အနောက်တံခါးကြီး ကျိုးပျက်ပြိုလဲသွားပါပြီ ဟုရခိုင်သားကြီးစာပေမှ ဦးလှမြင့်က ပြောကြားခဲ့သည် ။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ သဘောထားကြေငြာချက်တရပ်ခဲ့သည် ။
ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည် ၁၆၉၇၄ ဦးရှိပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့သည် ။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: