29 Jun 2012 |By Popular News
အင်းလေးကန် (ဗမာပြည်) |
ဂျပန်နိုင်ငံရှိ ဘီဝါ(BiWa) ရေ ကန်သည် မြန်မာနိုင်ငံရှိ အင်းလေး ကန်နှင့်ပုံသဏ္ဍန်ဆင်တူသည့်အပြင် နှစ်စဉ် ထိုရေကန်သို့ ကမ္ဘာလှည့် ခရီးသည်အများအပြား လာရောက် ကြကြောင်း၊ ထိုရေကန်နှင့် အင်း လေးကန်တို့အား ညီအစ်မ ရေကန် အဖြစ် ထူထောင်လိုက်ပါက ထိုရေ ကန်နှစ်ခု၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဂျပန် နိုင်ငံ၏အကူအညီများစွာ ရရှိလာ မည်ဖြစ်ကြောင်း၊ လတ်တလော အားဖြင့် အင်းလေးကန်နှင့် ဘီဝါရေ ကန်တို့အား ညီအစ်မရေကန်အဖြစ် ထူထောင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ ရှိ ဘီဝါရေကန်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောဝန်ကြီးဌာနသို့ တင်ပြအကြောင်း ကြားသွားမည်ဖြစ် ကြောင်း ၄င်းက ဆိုသည်။
ဘီဝါကန် (ဂျန်ပန်ပြည်) |
လက်ရှိ၌ အင်းလေးကန်ထိန်း သိမ်းရေးအတွက် UNDP မှ ကန် ဒေါ်လာ နှစ်သန်းခြောက်သောင်း သုံးစွဲ၍ ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သစ် တောဝန်ကြီးဌာနမှလည်း ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိသော်လည်း အားရကျေနပ်စရာ အနေအထား မရှိသေးဟု အင်း လေးကန်ထိန်းသိမ်းရေးဆောင်ရွက် နေသည့် ဆည်မြောင်းအရာရှိတစ် ဦးနှင့်FREDA မှဦးအုန်းတို့ထံမှ သိရသည်။
သူရ၊ မိုးငယ်
No comments:
Post a Comment